သူ လက်ထပ်ခဲ့တယ်..သူ့ထက်ငယ်တဲ့ ယောကျာ်းတစ်ယောက်ကို ကတိတစ်ခု အကြောင်းပြုပြီး သူလက်ထပ်ခဲ့တယ်...ပြီးတော့ သူ့ကိုယ်သူတောင်သတိမထားမိပါပဲနဲ့ အဲ့ဒီယောကျာ်းအပေါ် သံယောဇဉ် တွယ်ခဲ့တယ်...ကံကြမ္မာ မလွှဲရှောင်သာလို့ အဲ့ဒီယောကျာ်းနဲ့ရခဲ့တဲ့ ကိုယ်ဝန်ကိုလည်း သူသိပ်ခင်တွယ်ခဲ့တယ်....ဒါပေမယ့် သူ့ခေါင်းထဲအဆက်မပြတ်သတိပေးနေတဲ့ ကိစ္စတစ်ခုရှိတယ်..သူ သံယောဇဉ် တွယ်မိတဲ့ယောကျာ်းမှာ ချစ်ရတဲ့သူရှိတယ်....ဇာတ်သိမ်းမှာ သူဟာ တစ်ယောက်ထဲထွက်သွားရမယ့် သူဆိုတာလည်း သိတယ်....နောက်ဆုံး သူ ချစ်ရတဲ့ယောကျာ်းက သူချစ်တဲ့သူကို ရွေးချယ်သွားတဲ့အချိန်မှာ သူ့အတွက်ဖြေသိမ့်စရာဆိုလို့ ကလေး လေး တစ်ယောက်သာရှိခဲ့တယ်....ဒါပေမယ့်...ဒါပေမယ့်...ကံကြမ္မာက သူ့ကို မျက်နှာသာ မပေးခဲ့ဘူးပဲ..."..ကလေးလေး...ပြန်လာခဲ့လေ...ပြန်လာခဲ့ပါ...ပါး..ပါး..ရှိတယ်လေ..."
တစ်ခုသော အလင်းစက်လေးနောက် ရှောင်းကျန့်ပြေးလိုက်ခဲ့ရတာ ခြေကုန်လက်ပမ်း ကျချင်နေပြီ....ဒါပေမယ့်..သူတက်နိုင်သလောက်လိုက်အုံးမှာပဲ..ဒီအလင်းစက်လေးတစ်ခုသာ သူ့မှာ ကျန်တော့တာမို့...
"...ပန်း...သီး..လေး..."
ချွေးစေး တွေပျံပြီးထိန့်လန့်တကြားအော်ဟစ်နေတဲ့ ရှောင်းကျန့်ကို ရိပေါ် ထွေးဖက်ထားလိုက်သည်.....ပူကျစ်နေတဲ့ ခန္ဓာကိုယ်က အဖျားမကျနိုင်သေးဘူးဆိုတာ ပြနေ၏....
" ပန်းသီးလေးလည်း ရှိတယ် ကျန့်ကော..ဘာမှ မပူနဲ့နော်..."
ရုန်းကန်နေသော ရှောင်းကျန့် လက်တို့ငြိမ်ကျသွားသည်....ချွေးစေးများနှင့်နီရဲနေသော မျက်နှာလေးက မဲ့တဲ့တဲ့...
"ဘယ်လိုလဲ...အခြေအနေ..."
" ဆေးတိုက်ထားပေမယ့် အဖျားကျမလာသေးဘူး..ကယောင်ကတန်းတွေ အော်နေတယ်.."
အခန်းဝက လှမ်းမေးသော ကျစ်မော့အမေးကို ရိပေါ် ရှောင်းကျန့်နဖူးမှာသီးနေသောချွေးတို့ကိုသုတ်ရင်း ဖြေလိုက်သည်...
"...သက်သာ သွားမှာပါ.....ငါပေးထားတဲ့ဆေးသာ ဝင်အောင်တိုက်ပေး....ကဲ..ငါပြန်တော့မယ်...အရေးအကြောင်းဆို ဖုန်းဆက်လိုက်....အန်တီရှောင်းစိတ်မပူအောင် ငါပြောထားမှာမို့ မင်းစိတ်မပူပါနဲ့..."
YOU ARE READING
Backwards ( complete )
Fanfictionငါတို့ဘယ်လောက်ပဲကျောခိုင်းသွားသွား နောက်ဆုံးတစ်နေ့နေ့ ငါတို့ ပြန်တွေ့ကြမှာပဲလေ...