Part 1

189K 5.5K 629
                                    

"ကျွန်တော် ခင်ဗျားကိုချစ်တယ်"

ဟန်လင်းသန့် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဦးခန့်မင်းကိုကိုအား စိုက်ကြည့်ကာ ပြောလိုက်သည်။စတွေ့သည့်အချိန်မှစ ခြောက်လလုံးလုံး ကိုယ့်စိတ်ကိုမသေချာ၍ သေချာအောင် စောင့်ကြည့်ပြီးပြီ။သေချာပါသည်။

သူ ဦးခန့်ကိုချစ်သည်။

"ဟက် ကိုယ့်ကိုချစ်တယ်ပေါ့"

စူးရှသောမျက်ဝန်းထက်က ရွှေရောင်မျက်မှန်လေးကို လက်ညှိုးလေးနှင့်ပင့်ကာ ပြုံး၍ပြောလာသည်။မျက်ဝန်းများကတော့ ပြုံးမနေခဲ့။ဒါပေမယ့် ဦးခန့်အပြုံးက မက်မောဖွယ်ကောင်းသလိုမြတ်နိုးတန်ဖိုးထားစရာလည်း ကောင်းသည်။

"ကိုယ့်အကြောင်းရော သေချာသိပြီးပြီလား"

"ကျွန်တော် ခင်ဗျားအကြောင်းသေချာမသိပါဘူး ဒါပေမယ့် နောက်သိလာအောင်ကြိုးစားမှာပါ"

"အဟား ဟုတ်ပါပြီ ကိုယ့်ကို တစ်သက်လုံးချစ်နိုင်မယ်ဆိုတာ သေချာလား"

ဦးခန့်က စူးရဲစွာကြည့်လိုက်တော့ ကျွန်တော့်ရင်မှာမငြိမ်မသက်။

"ကျွန်တော် သေချာပါတယ်"

ကျွန်တော် ချစ်တာနှင့်ပတ်သက်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်။

"ကောင်းပြီလေ မင်း ph noပေး ကိုယ် messageပို့လိုက်မယ် ည၇နာရီကျ အဲ့လိပ်စာကိုလာခဲ့  ကိုယ်စောင့်နေမယ်"

"ဟုတ်ကဲ့09........"

ဦးခန့် ph noမှတ်ပြီးကားပေါ်တက်ကာ ကား packingမှမောင်းထွက်သွားသည်။pH noယူသွားသော်လည်း ကျွန်တော့်နာမည်လေးပင် မေးမသွား။တစ်ချက်ပင် စောင်းမကြည့်သွား။ဦးခန့်က သိပ်ကိုအေးစက်လွန်းသည်။

"ဘာမှမဖြစ်ပါဘူး တစ်လှမ်းပြီးတစ်လှမ်း ခင်ဗျားနှလုံးသားကိုရောက်အောင်လှမ်းမှာ စိတ်ချ"

_______

ည6နာရီထဲက ဦးခန့်ပို့ထားသောလိပ်စာအတိုင်း ဟန်လင်းသန့် Taxiငှားကာ ထွက်လာသည်။
Hotel X ,room 650  ဟန်လင်းသန့် အခန်းတံခါးရှေ့ အချိန်အတော်ကြာရပ်နေသည်။

နှလုံးသားတို့ကလည်း လှုပ်လှုပ်ရှားရှား။လက်မှနာရီကိုလည်း တကြည့်ကြည့်။၇နာရီအတိထိုးမှ တံခါးခေါက်လိုက်သည်။တစ်စက္ကန့်လေးပင်  အတိမ်းအစောင်းမခံနိုင်ပါ။

ကျွန်တော့်ရဲ့မိုးသားတိမ်(Completed)Where stories live. Discover now