အခန်း ( ၂၉)

1.6K 118 72
                                    

[ Unicode ]

'' မေမေ နေ့လည်စာ စားလို့ရပြီနော်၊ ရွှေဇင် လာတော့ ''

မီးဖိုချောင်ကျဥ်းကျဥ်းလေးထဲမှ ထမင်းစားပွဲပေါ်တွင် ထမင်းစားရန်အရံသင့် ပြင်ဆင်ထားပြီးနောက် အိမ်သားများအား အခေါ်ပြုလိုက်၏။

လွန်ခဲ့တဲ့ ရက်တွေအတွင်း ထမင်းဝိုင်းမှာ လူ၄ယောက်စာပြင်ဆင်နေရပေမယ့် ရုတ်တရက် ရက်ပိုင်းအတွင်းမှာ နဂိုမူလအတိုင်း ၃ယောက်စာသာပြင်ရတော့သည်။

ထမင်းပန်းကန်ရောလူပါ လစ်လပ်နေသည့် စားပွဲရဲ့ နေရာတစ်နေရာကို ဆွေး​မြေ့စွာ ကြည့်နေမိသည်။

ဒီတစ်နေရာထဲလားဆိုတော့ မဟုတ်ပါ။

သူနဲ့အတူ အိပ်ခဲ့ကြသည့် နွေးထွေးမှုအပြည့်နဲ့ အခန်းလေးထဲရောက်တိုင်း အားငယ်မိပါ၏၊ အထီးကျန် လွမ်းဆွတ်မိပါ၏။

အရင်ကတော့ ကိုယ့်ဟာနဲ့ကိုယ်နေသားကျနေပြီး သူရောက်လာတော့ စိတ်ရှုပ်ရပြန်သည်။

အခု သူထွက်သွားချိန်မှာတော့ သူ့ရဲ့အသုံးအဆောင်၊အဝတ်အစား၊သူအိပ်ရာနေရာ....နေရာတိုင်းမှ သူ့ရဲ့ ကိုယ်ငွေ့၊ကိုယ်သင်းရနံ့လေးတွေကို ရနေမိ၏။

သူပြန်သွားကတည်းက အိပ်မရသော စိတ်များကိုချိုးနှိမ်လိုက်ပြီး မရှိမဲ့ရှိမဲ့ သူ့ရဲ့ကိုယ်သင့်နံ့လေးများကို အဖော်ပြုကာ အိပ်စက်ရန်ကြိုးစားခဲ့ရသည်မှာ အကြိမ်ကြိမ်။

အမေ့ကို စိတ်ဆိုးလားဆိုတော့လည်း မဆိုးနိုင်ပါ၊ မဆိုးရက်ပါ။

မိဘပဲလေ၊ မိဘကဘာလုပ်လုပ် သားသမီးကောင်းစားဖို့အတွက်ပဲ ဟူသည့်အယူအဆကလည်း မေ့ပစ်လို့မရ။

မေမေ ညာခဲ့ပါသည်။ မိမိလူမှန်းသိတတ်စကတည်းက အခုအချိန်ထိ တစ်ခါမှ မညာခဲ့ဖူးသော မေမေသည် မိမိကို ပထမဆုံးညာခဲ့သည့်အတွက် နေ့သစ်၏စိတ်ထဲတွင်တော့......။

မင်းသန့်ကိုကို တို့ကိုတော့ သားလေးရဲ့သဘော၊ဆန္ဒကို မေးမြန်းပါဦးမည်ဟု ပြောခဲ့သော်လည်း အဲ့အချိန်ကစပြီး ထိုကိစ္စအတွက် လုံးဝစကားမပြောဖြစ်ကြ။

ကုန်ကုန်ပြောရရင် မင်းသန့်ကိုကို၏နာမည်ကိုပင် ထုတ်ဖော်မပြောကြတော့။

ချစ်သူ့ရင်ခွင်ထက်ဝယ် (မောင့်ချစ်သူ) [ Complete ] Where stories live. Discover now