ရှစ်ဇွမ်းပိစိလေး (၃၂)__

1.7K 272 27
                                    

# Unicode #

[[ ရှစ်ဇွမ်းပိစိလေး ]] အခန်း (၃၂)
______________________________

" ကိုကို..ဟီး "

စာဖတ်ခန်းထဲ ခေါင်းပြူကြည့်လာတဲ့ ညီမငယ်ကြောင့် လီရန်ကျင်းမျက်နှာက မှောင်မိုက်သွားကာ..

" မအိပ်သေးဘူးလား..? "

"အင်း အသေးလေးနဲ့ စကားပြောပြီး ပြန်လာတာ ဒီအချိန် ကိုကိုမအိပ်သေးဘူးထင်လို့ စာကြည့်ဆောင်ထဲ လာချောင်းတာ ဟိ "

လီဝေရန် ရဲ့ စကားပလ္လင်ခံမှု အဆုံးမှာ လီရန်ကျင်းမျက်နှာက ညှင်းသိုးသိုးဖြစ်လာပြီး..

" ညီတော်က ခုမှ အသက် ၁၀ နှစ်ပဲရှိသေးတာလေ မကောင်းတာတွေ မသင်ပေးဖို့ ကိုကို ပြောထားတယ်မလား!! ငြင်းမယ်မကြံနဲ့ ဟိုတလောက စာကြည့်ချိန်မှာ ညီတော် နန်းတော်အပြင် ခိုးထွက်တယ်တဲ့ အဲ့ဒါ ဘယ်သူ့လက်ချက်လဲပြော.. "

ထိုမိန်းမငယ်လေးက လက်နှစ်ဖက်ကို ခါယမ်းရင်း..

" အိုင်ယား အဲ့ဒါရန်အာနဲ့ မဆိုင်ဘူးလေ ဒီအတိုင်းပဲ စျေးထဲမှာအရမ်းပျော်ဖို့ ေကာင်းတယ်လို့ အသေးလေးကို ပြောပြလိုက်ရုံပါ သူ့ဘာသာခိုးထွက်တာ ရန်အာ့အပြစ်လား..? "

" ထားလိုက်တော့ ဒါနဲ့ ထျန်ခယ့်နဲ့အဆင်ပြေရဲ့လား? "

"အာ..ကိုကိုကလဲ "

လီရန်ကျင်းရဲ့ မျက်ခုံးထူထူတို့ဟာ ထိုရှက်ရိပ်လွှမ်းသော စကားသံကြောင့် အနည်းငယ် ကွေးကောက်သွားခဲ့ပြီး ညီမဖြစ်သူကို အကဲခတ်သလို ကြည့်လိုက်တယ်..။ လက်နှစ်ဖက်ကို ပွတ်​ေနပြီး ပြုံးစိစိနဲ့ ဖြစ်နေသော ထိုမိန်းကလေးရဲ့ မျက်နှာအခြေအနေကို ပုဝါအုပ်ထားရင်တောင် မြင်ရနိုင်သည်လေ..။

" အဲ့ဒါက ဘာဖြစ်တာလဲ..? ကြည့်ရတာ ထျမ်ခယ့်ကို တကယ် ကြိုက်သွားပုံပဲ "

"အင်း ရန်အာလေ အားခယ့်ကို မြင်မြင်ချင်း ချစ်သွားမိတာ ဒါကြောင့် သူတောင်းဆိုတဲ့အတိုင်း လိုက်လျောလိုက်မိတယ်.."

" လရောင်ခြွေ " [[ COMPLETED ]]✔Where stories live. Discover now