Uni. ..
My Love Story (အပိုင်း၂၃)
"ကိုယ်ငယ်ငယ်က အကြောင်းလား..."
"အင်း"
ရှိုင်းထက် ခေတ္တစဥ်းစားပြီးပြန်ဖြေသည်။
"ငယ်ငယ်က ဘာမှအထွေအထူးမရှိပါဘူး ဒီတိုင်းပါဘဲ..."ရှိန်းစက် စိတ်ဆိုးသလိုလုပ်ပြကာ
"မပြောချင်လည်းနေပေါ့""အဲ့လိုမဟုတ်ပါဘူး...ငယ်ငယ်ကအကြောင်းဆိုပြောစရာကအများကြီးပဲလေ ပြောလို့တောင်ကုန်မှာမဟုတ်ဘူး။"
"အဲ့အများကြီးထဲထဲက မှတ်မှတ်ရရ ရှိတာ
လေးတစ်ခုပြောပြ..."
ရှိန်းစက်မရမကပင်မေးသည်။အဲ့တော့မှ ရှိုင်းထက်လည်း တစ်ခုခုကိုစဥ်းစားမိသွားကာ ပြုံးရင်းပြန်ပြောလာသည်။
" တစ်ခုရှိတယ် ကိုယ်ဆယ်တန်းဖြေပြီး အသက်၁၆လောက်တုန်းက....ကစားကွင်းမှာ ကလေးလေးတစ်ယောက်တွေ့တယ်။ အရမ်းချစ်စရာကောင်းတာ။တွေ့တွေ့ချင်းသူက ငိုနေတာနှပ်ချေးတွေလဲထွက်လို့""ဟင် ငိုပြီးနှပ်ချေးတွေလည်းထွက်နေတာဆို ဘယ်လိုချစ်ဖို့ကောင်းမှာလဲ။"
"တကယ်ကွာ သေးသေးလုံးလုံးဖြူဖြူဖွေးဖွေးလေး။ချစ်ဖို့အရမ်းကောင်းတာ...."
"ကျွန်တော့်ထက်လား..."ရှိန်းစက် ကလေးနဲ့အပြိုင်ကိုရစ်လိုက်သည်။
ရှိုင်းထက်ကရယ်ရင်း
"ကိုယ်မှချာတိတ်ရဲ့ကလေးပုံမမြင်ဖူးတာကွာ"" အဲ့ဒါဆို အဲ့ကလေးကပိုချစ်ဖို့ကောင်းတယ်ပေါ့။"ထိုဟာက ရှိန်းစက်ရဲ့ ဗီဇပင် အိမ်မှာလည်း အငယ်ဆုံး အလိုလိုက်ခံအဆိုးလေးဖြစ်ပြီးသူချစ်တဲ့သူက တစ်ခြားသူထက် သူ့ကိုပိုအလေးမပေးရင် သေအောင်ရစ်ပါလိမ့်မည်။
ရှိုင်းထက် ရစ်နေသည့်ပေါက်စလေးအားကြည့်ကာ မရယ်မိအောင်ထိန်းလိုက်ရင်းပြန်ပြောသည်။
"မဟုတ်ပါဘူးဗျာ သေချာပေါက်ကိုယ့် baby လေးကချစ်ဖို့အကောင်းဆုံးပေါ့...""ထားပါတော့ ဆက်ပြောပါအုံး အဲ့ကလေးလေးကဘာဖြစ်လို့လဲ။"
"ကိုယ်လည်း သူကငိုနေတော့ဘာဖြစ်တာလဲဆိုပြီးသွားကြည့်တာပေါ့ ဘေးမှာလည်းသူ့ကိုလူတွေကကွက်ကြည့်ကြည့်နဲ့...။ကြည့်ရတာလူကြီးတွေမပါလာတဲ့ပုံလေ။အဲ့ဒါနဲ့ကိုယ်လည်းသွားမေးတာပေါ့ ကလေးဘာဖြစ်လို့လဲလူကြီးတွေပါမလာဘူးလားလို့။
အဲ့မှာစတာပဲ အဲ့ကလေးကအာဗြဲကြီးနဲ့ကိုယ့်ကိုယ် Daddyဆိုပြီးခေါ်ပါလေရော.."
YOU ARE READING
My Love Story (Completed)
Romance( My First Fiction)💙 ပေါ့ပေါ့ပါးပါး လေးနဲ့ Romance ဆန်ဆန်လေးပဲသွားမှာပါ စိတ်အပန်းဖြေပြီး အကြည်ဓာတ်လေးတွေရချင်ရင် ဖတ်ကြည့်ကြပါနော်❤ Start Date - 22.2.2021 End Date -17.7.2021