သာမာန် ညထက် အခန်းမီးအားက မှိန်ပြီး မှိတ်တုတ် မှိတ်တုတ် ဖြစ်နေသည်။ အိပ်နေကျ မဟုတ်သည့် နေရာတစ်ခုကို ကူးပြောင်းရသည်
မို့ ညအတော်လေး ညဉ့်နက်သွားပြီးမှ အိပ်ပျော်တာတောင် အခုနားထဲသို့ တိုး၀င်လာသော ဆူညံ
သံတွေကြောင့်ပြန်နိူးလာခဲ့သည်။ အိမ်ထောင်ကျပြီးသားမို့ အရင်က သီးသန့်ဆောင်မှာ Chanyeol
နဲ့ နှစ်ယောက်ထဲနေရပေမယ့် အခု အခြေအနေအရ Baekhyun တစ်ယောက်ထဲ ဖြစ်နေသည်မို့
အမျိုးသားသူနာပြူ အဆောင်ကိုလာနေရသည်။နှစ်ပတ်ဟု ပြောသွားသော Chanyeol သည် နှစ်
ပတ်ကျော်သည့် တိုင်ပြန်မလာသေးပေ...ညကလဲ ဖုန်းခေါ်မရလို့ စိတ်ကလဲပူ..လွမ်းကလဲ
လွမ်းနဲ့ငိုရင်းရှိုက်ရင်းမောပန်းပြီး အိပ်ပျော်သွားတာမို့ အခု ညလယ်ခေါင်ကြီး နိူးလာတော့ လူက
ယိုင်နဲ့နဲ့ပင် ဖြစ်နေသေး၏။"ဟင် !"
အခန်းထဲ ဘယ်သူမှလဲ မရှိပါလား? အခြားကုတင် ပေါ်မှာလဲ အဆောင်အတူနေ ၀န်ထမ်းတွေ
တစ်ယောက်ကလေးမှ ရှိမနေဘဲ တစ်ခန်းလုံးမှာ
Baekhyun တစ်ယောက်ထဲ...စောင်ကို ဖယ်ခွာလိုက်ပြီး ကုတင်ပေါ်က ဆင်းတော့ ဆူညံနေသံများက နားထဲ တိုး၀င်လာသည်။
သတင်း...
သတင်း လာနေတာပဲ... Baekhyun ခပ်သွက်သွက်ပြေးဆင်းကာ ဧည့်ခန်းသဖွယ်ထား
ရှိသော အခန်းဆီ ပြေးလာလိုက်သည်။ အရင်က
သတင်းတွေကို ဤမျှလောက် စိတ်၀င်စားခြင်းမရှိပေမယ့် ယခုတော့ စိတ်မ၀င်စား၍ မဖြစ် တော့.... Chanyeol က စစ်ပွဲအတွင်းရောက်နေပြီBaekhyun တို့ ဖုန်းတွေ အားလုံး သတင်းအမှောင်ချခံထားရသည်။ အင်တာနက်တွေ ဖြတ်တောက်ခံထားရပြီး ဖုန်းလိုင်းသာမိတာကြောင့်
တီဗီမှလာသော သတင်းကိုသာ အားကိုးရပေတော့မည်။စားပွဲပေါ်ကဖုန်းကိုသတိတရ အိတ်ကပ်ထဲ ထိုးထည့်သည်။Baekhyun လှေကားပေါ်မှ ကမန်းကတန်းပြေး
ဆင်းလာခဲ့တော့ ရှိသမျှ ၀န်ထမ်းတွေအကုန် တီဗီ
ရှေ့ရောက်နေကြသည်။"ကိုချီ နိူင်ငံရဲ့ ဒုတိယအကြီးဆုံး မြို့မှာ..ISI အဖွဲ့
နဲ့ စစ်တပ်တို့ ထိပ်တိုက်တွေ့ဆုံးနေကြပါတယ်...
ကိုချီစစ်သားတို့ဟာ သူတို့ရဲ့လက်နက်တွေကိုပစ်
ပြီး 'ကာရတို' အရှေ့ပိုင်း ကို ဆုတ်ခွာကုန်ကြပါပြီ...စစ်သားတွေကို အနောက်ပိုင်းတစ်ခြမ်းလုဲးကိုသိမ်းပိုက်ထားလိုက်ပါပြီ..."