UL 14 # My World

1.3K 114 23
                                    

Unicode
+++++++

အခု သူရောက်နေတာက အစိမ်းရောင်မြက်ခင်းပြင်ကြီး မြူတွေကဆိုင်းနေတော့ ဘာမှကိုသေချာမမြင်ရ

အေးစက်တဲ့အထိအတွေ့ကြောင့်ခြေထောက်ကိုငုံ့ကြည့်လိုက်တော့ ခြေဗလာနဲ့ လျှောက်သွားနေခဲ့တာပဲ ဒါဘယ်နေရာလဲ သူမသိဘူး။ ခြေဦးတည့်ရာလျှောက်ပြေးနေရင်း တဖြေးဖြေးနဲ့မြူတွေ ကြည်လာတယ် သူ့ရှေ့က တောင်စွန်းလေးမှာ ကျောခိုင်းထားတဲ့ပုံရိပ်လေးတစ်ခုရပ်နေခဲ့တယ်။ မှတ်မိနေတဲ့ပုံရိပ်လေးဆီ ပြေးသွားပေမယ့် မရောက်နိုင်တဲ့အပြင် ပိုဝေးသွားသလိုတောင် ခံစားနေရတယ်။ သူ့အသံကလဲ လည်ချောင်းထဲမှာတင် ပျောက်ရှသွားတယ်။ ထိုပုံရိပ်လေးက တဖြေးဖြေးသူ့ဘက်လှည့်လာပြီး ပြုံးတယ် ကြည်ကြည်လင်လင်လေးပြုံးပြတယ်။ သူကြည့်နေတုန်းမှာပဲ ပုံရိပ်လေးက နောက်ကချောက်ကမ်းပါးထဲကို လှန်ချသွားတဲ့နောက်.................

"Yoongi!!!!!!!"

"Jimin Jimin နိုးလာပြီလား တစ်ကိုယ်လုံးလဲချွေးတွေနဲ့ အိပ်မက်ဆိုးမက်နေတာလား"

"Tae Tae Yoongi Yoongi လေ#%^&*&^%$"

Jimin ကသူ့ရဲ့ အိပ်မက်ဆိုးကို Tae ကိုပြောပြပြီးနောက်

"မင်းမနေ့က ပင်ပန်းတာရယ် စိတ်စွဲတာရယ်ကြောင့် အိပ်မက်ဆိုးမက်တာပါ အိပ်မက်က အိပ်မက်ပဲ စိတ်ထဲထားမနေနဲ့"

"ငါ့စိတ်ထဲတစ်မျိုးကြီးပဲ Yoongi အဆင်ပြေရဲ့လားမသိဘူး ဟိုမိန်းမတခုခုများလုပ်လိုက်ပြီလား Tae ငါ Yoongi နဲ့ တွေ့ချင်တယ်"

"ခဏပဲစောင့် မင်းတွေ့ချင်တဲ့သူနဲ့ မကြာခင်တွေ့ရတော့မှာ ပြီးတော့ Hyung အဆင်ပြေပါတယ် ဟိုမိန်းမလဲ ဘာမှမလုပ်နိုင်တော့ဘူး ငါပြောတာယုံ ငါမင်းသူငယ်ချင်းပါ"

"ဒါပေမယ့် အိပ်မက်ကြီးက"

"အိပ်မက်က အိပ်မက်သတ်သတ်ပဲလို့ ငါပြောတယ်လေ ငါကတိပေးတယ် Hyung ကို ဘာတစ်ခုမှမထိခိုက်ပဲနဲ့ မင်းနားအရောက်ခေါ်လာပေးမယ် ငါ့ကိုယုံ"

"အေးပါကွာ မင်းကိုလဲယုံတယ် Yoongi ကိုလဲယုံတယ် ငါ့နားကို သူပြန်လာမှာ"

"သေချာတာပေါ့ မင်းမရှိပဲ ငါ့အစ်ကိုတော်ကြီး နေနိုင်မယ်ထင်လို့လား မင်းရင်ခွင်ကလွဲပြီး ဘယ်မှသွားမှာမဟုတ်ဘူး ဟားဟား"

UNBREAKABLE LOVE [Completed]Where stories live. Discover now