ကိုယ့် ချစ်ဆုံး ✔၁၈✔

14.9K 694 2
                                    


...ဒုန်း ဒုန်း ဒုန်း...(တံခါးထုသံ)

ဇဝါ​ခေတ် တံခါးကိုလက်သီးဖြင့် 'တဒုန်းဒုန်း' ထု၍ ဝေဟင်မင်းထင်အား ခေါ်နေလေသည်။

" ကျားကျားရေ ခ ခေ​ တံခါးဖွင့်ပါအုန်း "

ဝေဟင် အခန်းထဲဝယ် ထိုင်စောင့်နေသည်။ အချိန်သည်လည်း နောက်ကျနေပြီ။ ကိုကို တိုက်ခန်း၌လာနေသော အချိန်ကစ ဒီနေ့သည် ကိုကိုအပြန်နောက်အကျဆုံးပင်။ ဖုန်းဆက်လည်း မကြာခင်ပြန်လာမယ်တဲ့။ ​

အခုလည်း တံခါးကိုယ်တိုင်ဖွင့်ဝင်မလာဘဲ တံခါးရှေ့၌  မူးရူးစွာဖြင့် အော်ခေါ်နေပြန်၏။ တိုက်ခန်းတံခါးဖွင့်လိုက်သည်နှင့် ​မျက်နှာရှေ့သို့ နှင်းဆီပန်းစည်းကြီးကို အတင်းထိုးပေးလာသည်။

" ခခေရေအတွက် ကြိုက်လား "

" ကြိုက်တယ်၊ ဒါပေမယ့် ကိုကို ကိုပိုကြိုက်တယ် "

" ကိုယ်လည်း ကြိုက်တယ်၊ ဒါပေမယ့် ခခေရေက သက်လုံမကောင်းဘူးနော် "

လက်ညိုးတစ်ထိုးထိုးနှင့်ပြောလာ​သော ကိုကို
ကြောင့် စိတ်နည်းနည်း ခုချင်သွားရ၏။ သက်လုံမကောင်းဘူးတဲ့ ဟုတ်လား။ ထိုစကားသည် ​ဝေဟင်၏ယောကျ်ားမာနကို ထိခိုက်စေသည်။

" ကိုကိုက ဘယ်လို့ကြိုက်လဲ၊ ကျွန်တော်ဘက်က အစွမ်းကုန်ကြိုးစားပေးမှာပါ "

​ဝေဟင် ကိုကိုနားရွက်ဘေးသို့ နှုတ်ခမ်းကပ်ပြီး စကားဆိုလိုက်လျှင် ကိုကိုသည်လည်း အားကျမခံ ဝေဟင်နားရွက်ဘေး နှုတ်ခမ်းပြန်အပ်လာလျက်

" ကြမ်းကြမ်းလေး "

ဝေဟင် ကြက်သီးများပင် ထသွား၏။ ကိုကိုအား
သတိထားကိုင်တွယ်မှပင်။ မဟုတ်လျှင် ပြန်အစားခံရနိုင်သည်။

" ခခေရေရော ကြမ်းကြမ်းလေး ကြိုက်လား "

ကိုကိုအပြောနှင့်တင် ဝေဟင်၏မြွေသည် ပါးပျဥ် ထောင်လာ၏။ ပါးချင်းအပ်ထားသည် အခြေနေမှ ကိုကိုပါးလေးကို နှုတ်ခမ်းနှင့်ပွတ်ဆွဲပြီး ထိုမှ နှုတ်ခမ်းလေးဆီသို့ ဦးတည်လိုက်သည်။ ထပ်တူကျသွားသော နှုတ်ခမ်းနှစ်လွှာသည် အချင်းချင်း မိတ်ဆက်​ဖြစ်ကြပေသည်။ ကိုကို၏အောက်နှုတ်ခမ်းလေးသည် ဝေဟင်နှုတ်ခမ်းနှစ်လွှာကြား၌တည်ရှိနေ၍ ဝေဟင်နှုတ်ခမ်းသည်လည်း ကိုကိုနှုတ်ခမ်းသားများကြား အံဝင်ခွင်ကျနေရာယူနေသည်။ အပြန်အလှန် စုပ်ယူနမ်းရှိုက်မှုတို့ကြောင့် အခန်းအတွင်း၌ နမ်းရှိုက်သံတို့သည် ပဲ့တင်ထပ်နေ​ပေ၏။

ကိုယ့် ချစ်ဆုံး Where stories live. Discover now