💜Part (68)💜

Start from the beginning
                                    

"မင်းပြောရမယ်...."

       မေနန်းဟွားအသံ မာထန်လာသည်။ ချီလျန်ဟွလည်း ထိုနှစ်ယောက် အခြေအနေမကောင်းတော့တာကို သိကာ အနောက်နည်းနည်း ဆုတ်သွား၏။

"လဲ့ကျီ.... ချင်းချုံးရဲ့ဓလေ့က တစ်ယောက်တည်းကိုပဲ သေတဲ့အထိ ပေါင်းသင်းသွားရမှာ.... မင်းငါ့ကိုလက်ထပ်ပြီးရင် သူ့ကိုလက်ထပ်ယူလို့ မရဘူး!"

("သူဘယ်လိုလုပ်သိလဲ.... အဲ့ဒီအကြောင်း ငါသူ့ကို သေသေချာချာ မရှင်းပြထားဘူးလေ")

"မင်းပြော.... အခုပြော မင်းသူ့ကိုရွေးမှာလား ငါ့ကိုရွေးမှာလား"

       နီရဲကာ စူးရှလွန်းတဲ့ မျက်ဝန်းများကို လဲ့ကျီတစ်ယောက် အကြာကြီး စိုက်ကြည့်နေသည်။ တစ်ဖက်က မေနန်းဟွားကလည်း ရင်နာနာနဲ့ ကြည့်နေကာ လဲ့ကျီသူ့ကို မလိုချင်တော့မှာ ကြောက်နေမိသည်။

        သူလဲ့ကျီကို အရမ်းချစ်သည်။ လဲ့ကျီကို သူပဲပိုင်ဆိုင်ချင်သည်။ သို့သော် လဲ့ကျီက တခြားတစ်ယောက်ကို ရွေးလိုက်မယ်ဆိုရင်တော့ သူ့ဘက်က တက်နိုင်တာ မရှိလောက်တော့ပေ။ ထိုအချိန် လဲ့ကျီနှုတ်ဟလာသည်။

"တောင်းပန်ပါတယ်..... "

        လဲ့ကျီ လှည့်ထွက်သွားလေပြီ။ ထိုစကားသာပြောပြီး ထွက်သွားလေပြီ။ အဲ့တာက လဲ့ကျီပေးတဲ့ အဖြေလား။ လဲ့ကျီ ချီလျန်ဟွကို ရွေးလိုက်တာလား။ ထိုနေရာတွင် သူတစ်ယောက်တည်းသာ ကျန်ခဲ့သည်။

"တောင်းပန်ပါတယ်တဲ့လား....."

       မေနန်းဟွား သူ့နဖူးပေါ်က အမှတ်အသားကို ပြန်စမ်းကြည့်လိုက်သည်။

"ငါကမေနန်းဟွား မဟုတ်လို့တဲ့လား.... မင်းပဲငါ့ကိုချစ်ခဲ့တာ မဟုတ်ဘူးလား.... အခု အခုမင်းက ပြောင်းလဲသွားပြီ...."

       မေနန်းဟွား ခွေလဲကျသွားသည်။ ပြေးလာထူပေမယ့် သူတော့မရှိဘူးပေါ့။ သူတစ်ယောက်တည်း နာကျင်စွာ ငိုကြွေးနေပေမယ့် မျက်ရည်သုတ်ပေးမယ့် လက်ကလေးကတော့ မရှိပေဘူး။

        နှလုံးသားလေး နာကျင်နေတာကို ကြင်နာသနားပေးမယ့်သူ မရှိဘူး။ အနမ်းတစ်ပွင့်ကို ခပ်ဖွဖွ ပေးပြီး နှစ်သိမ့်ပေးမယ့်သူလည်း မရှိတော့ဘူး။

System created (Completed)Where stories live. Discover now