အခန်း (၁၂၂)

611 74 4
                                    

(မင်းသားလေး အခုတလော ပို၍ပိန်သွားသည်။ အိမ်ရှေ့စံ နန်းမတက်ခင်ကတည်းက အလုပ်ရှုပ်လိုက်သည်မှာ အခုနန်းတက်ပြီးသည့်တိုင်အောင် မင်းသားလေး မနားရသေးချေ။ ခမည်းတော်ရှိစဉ်က အသံသိပ်မထွက် ရဲသော မင်းသားအချို့သည်လည်း အခု မင်းသားလေး အိမ်ရှေ့စံရာထူး ခေတ္တယူထားရသည်ကို တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး အသံပေါင်းစုံထွက်နေကြသည်။ ထိုသူတို့ ပြောလျှင်လည်း ပြောချင်စရာပေ။ မင်းသားလေးကား ခေတ္တအိမ်ရှေ့စံ၊ မဟာသေနာပတိ ဖြစ်သည်သာမက သူ့ယောက္ခမက အမတ်ချုပ်ကြီးနှင့် လွင်ပြင်ဒေသက ခဲ့က်ဟန် ဖြစ်နေသည်လေ။ ခမည်းတော် ရှိစဉ်ကတော့ ထိုအချက်တွေက နောင်တော်အိမ်ရှေ့စံအတွက် အားတစ်ခုဖြစ်ခဲ့ပြီး အခုနောင်တော် ဘုရင်ဖြစ်လာချိန်တွင်တော့ ဒီအချက်တွေကို အကြောင်းပြပြီး နောင်တော့်ကို သူ့အပေါ် အရမ်းကြီး မယုံစားဖို့ ပြောနေကြသူများ ရှိသည်ကို လည်း သူသိပါသည်။ သို့သော်လည်း နောင်တော်သူ့အပေါ်ယုံ ကြည်မည်ဟုလည်း သူယုံကြည်လေသည်။ ထို့ကြောင့်ပင် လုပ်စရာရှိသည်များကို စိတ်ရှင်းရှင်းနှင့် လုပ်နိုင်ခြင်း ဖြစ်လေသည်။ မင်းသားလေး တစ်ယောက်တည်း ထိုသို့အတွေးများနေချိန်မှာပင် မယ်တော်ကြီးအခေါ်လွှတ်သည် ဆိုသဖြင့် မယ်တော်စံရာ သို့ ထွက်ခဲ့လိုက်တော့သည်။ နန်းဆောင်ရောက်သော်............)

သားတော် မယ်တော်ကို ဂါရဝပြုပါတယ်။

ရှင်းအော်...အလုပ်တွေ အရမ်းလုပ်နေပြန်ပြီလား။ ပိန်သွားလိုက်တာ။ နားပါဦးကွယ်။

သားတော် နားပါတယ် မယ်တော်။

မယ်မယ် သတင်းတွေကြားပါတယ် ရှင်းအော်ရယ်။ စိတ်ချမ်းသာရအောင် လျှောက်မနေစမ်းနဲ့။ သား နောင်တော် နန်းမတက်ရခင်ကတည်းက အလုပ်ရှုပ်နေရတာ အခုအချိန်ထိပဲ မဟုတ်လား။ နန်းတော်မှာလည်း တည်ငြိမ်သင့်သလောက် တည်ငြိမ်နေပါပြီ။

ဟုတ်တော့ဟုတ်ပေမယ့်...........

ရှင်းအော် စိတ်ပူစရာရှိနေတာလား။

ဒါက.....

ရှင်းအော်...ဘာကိစ္စလဲ...မဟုတ်မှ ချူရန်ဖေး (ချင်နိုင်ငံ၏ မင်းသမီး) ကိုများ...

The Legend of Xing WanWhere stories live. Discover now