💜Chapter 11💜Zawgyi/Unicode

576 36 3
                                    

Zawgyi

ဘာလဲ အခု ဒီနှုတ်ခမ်းဖူးဖူးရဲရဲလေးတွေရှေ့ကိုထော်ထွက်လာတာက?

"ကိုကိုလို့"

"ဟင်"

အမလေးကွာ လန့်သွားတာပဲ ကိုကိုခေါ်တာကိုတောင်မကြားပဲမျက်စိထဲ ဘာတွေမြင်နေပါလိမ့်?
ကျတော်လည်းဟန်မပျက်အောင်နားကြပ်အမြန်ဖြုတ်ပြီး ပြန်ဖြေလိုက်ရတယ်။

"အင်း ပြော"

"ဟိုဟာလေ ကျတော်ကကိုကို့ပရိတ်သတ်ပါ"

"ဟင် ငါ့ပရိတ်သတ်?"

ငါကအခုမှ Training ပဲရှိသေးတာလေ ဘာပွဲမှကိုမထွက်ရသေးဘူး ဒီကလေးလာနောက်နေတာလား?

"ဟုတ်ပါတယ် ကျတော်ကိုကိုကတာလည်းမြင်ဖူးတယ် သီချင်းဆိုတာလည်းနားထောင်ဖူးတယ် အရမ်းမိုက်တာပဲ ကျတော်ကိုကို့ကို တကယ်ကြိုတ်တာပါ ထာဝရ ဘုဏ်းဧကရာဇ်ဖန်ပါ"

"ဟမ်? မင်းကငါ့နာမည်ပါသိနေတယ်"

"ဟီး ဟီး ဟုတ် ကိုကိုကြိုးစားနော် ကိုကိုကတစ်ချိန်ကျရင်အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ကိုဖြစ်မှာ အမြဲတမ်းလည်းကျတော်က ကိုကို့ကိုအားပေးနေမှာ

ဟာ ကိုကို ကျတော်စီးရမယ့်ကားလာနေပြီ သွားတော့မယ်နော် ဖိုက်တင်း"

ပြောချင်တာတွေပြောပြီး လွယ်အိတ်ကလေးကမန်းကတန်းလွယ်ပြီး သံယောဇဉ် မပြတ်တမ်းမှာပြီးကားပေါ်ပြေးတက်သွားတဲ့ကောင်လေး.....

ထိုကောင်လေးကိုကျတော်ကြောင်အ ပြီးသာကြည့်နေနိုင်တော့သည်။ ထိုနေ့ကထိုကောင်လေးရဲ့စကားတွေဟာကျတော့်အတွက် ခွန်အားလေးတွေအဖြစ် ရင်တွင်းတစ်နေရာမှာနေရာယူဖြစ်တည်လေသည်။
တစ်နေ့တာရဲ့ပင်ပန်းနွယ်နယ်မှုတွေကိုပပျောက်စေသည်။Dance training ကြောင့် သုံးနာရီသာအိပ်ရသေးသောခန္ဓာကိုယ်အတွင်းအားဆေးများစီးဝင်သွားသလိုပင်။
လူတွေပြည့်ကြပ်နေတဲ့ busကားတိုးစီးနေရတာတောင် လူကပျော်ရွှင်နေသေးတယ်။

ဟုတ်ပါတယ် ထိုနေ့၊ထိုနေရာနဲ့ ထိုကောင်လေးကတော့ ကျတော့်အတွက်အဖိုးမဖြတ်နိုင်တဲ့ အခိုက်အတန့်လေးကိုဖြစ်တည်စေခဲ့ပါသည်။

You've reached the end of published parts.

⏰ Last updated: Aug 09, 2021 ⏰

Add this story to your Library to get notified about new parts!

💜My Idol💜(Uni/Zawgyi)Where stories live. Discover now