Part 17

2.1K 364 10
                                    

Zawgyi....

နောက်နှစ်ရက်နေ့ရင် ရိပေါ် မွေးနေ့ကို ရောက်တော့မယ်။ဒါပေ့မယ့် ရိပေါ်က သူ့မွေးနေ့ဆိုတာကို မ‌ပြောပြဘူး။ရှောင်းကျန့်က ဘယ်လိုသိလည်းဆိုပြန်တော့ ရိပေါ်နဲ့ အိမ်သန့်ရှင်းရေး လုပ်တဲ့နေ့က ထပ်ခိုးပေါ်က ရိပေါ် ပြန်တင်ထားတဲ့ ပုံးထဲက အမဲရောင်စာနဲ့ ရေးထားတဲ့ မညီမညာလက်ရေးထဲက တွေ့တာ ဖြစ်တယ်။သေချာပေါက်ကတော့ အဲ့စာက ရိပေါ် အမေရေးထားခဲ့တာလို့ ရှောင်းကျန့်က တွေးထားတယ်။

မနေ့က မိုးလည်းမရွာ၊ လေလည်းမတိုက်လို့ဆိုပြီး သူတို့နှစ်ယောက် ခေါင်းရင်းကတံခါးလေးကို ဖွင့်ပြီး အိပ်ကြတယ်။မနက်နိုးလာတော့ လေတဝေါဝေါက အခန်းတွင်းထဲဝင်လာပြီး ရှောင်းကျန့်ရဲ့ ပါးတွေနဲ့ လက်တွေကို အေးတဲ့ထိ စိမ့်စိမ့်ဝင်သွားတယ်။ရှောင်းကျန့်က စောင်ကို ဆွဲယူပြီး နားရွက်ထိ ခြုံလိုက်တော့ သူ့ကိုယ်ပေါ်က လက်တွေကလည်း လှုပ်ရမ်းသွားတယ်။

ဒီတစ်ခါမှာလည်း ရှောင်းကျန့်က ရိပေါ်ရင်ဘတ်နဲ့ မျက်နှာချင်းဆိုင် ရိပေါ် ရင်ခွင်ထဲမှာ အိပ်နေပါသည်တဲ့လေ။

...

"အစ်ကို ! ဒီနေ အစ်ကို ရိပေါ် မပါဘူးလား"

ဆံထိုးလေးနှစ်ဖက်နဲ့ ဂါဝန် ပန်းရောင် ဝတ်ထားတဲ့ အရှေ့က‌ကောင်မလေးက ရှောင်းကျန့် မခင်ချင်ဘူးလို့ ‌ပြောခဲ့တဲ့ သူမ တဲ့လေ။နာမည်က လီလီတဲ့ သူမက အပြည့်အစုံတော့မ‌ပြောဘူး၊ လီလီ လို့ပဲ ခေါ်ခိုင်းတယ်။လီလီနဲ့ သူနဲ့ တော်တော်လည်း ပိုရင်းနှီးလာသလို ခံစားရတယ်။ လီလီက သူ လူ‌ကြောက်တက်တာကို သိနေတယ်။ပြီးတော့ ရိပေါ်က သူ့ကို ဖမ်းခေါ်လာတယ် ဆိုတာကိုလည်း သိနေတယ်။

"အင်း ဟုတ်တယ်။ရိပေါ်က အလုပ်သွားတယ်"

ရှောင်းကျန့် အပြုံးလေးနဲ့ ပြန်‌ဖြေပြီး လက်ဖက်‌ခြောက်တွေ ပြန်ခူးနေတော့ လီလီက မျက်နှာချင်းဆိုင်က လက်ဖက်တန်းရှေ့ ရောက်လာပြီး အညိုရောင် အထုပ်လေးပေးတယ်။မျက်လုံး ပြူးလေးနဲ့ ကြည့်တော့

"အစ်ကို မနေ့က ချောကလက် စားချင်တယ်လို့ ‌ပြောတယ်လေ! အဲ့‌ကြောင့် လီလီ ဖေဖေကို သွားဝယ်ခိုင်းထားတာ"

Just to be With you (COMPLETE)Where stories live. Discover now