ep 11

7.8K 793 72
                                    

#Unicode

ပိတ်ရက်မှာအိပ်ယာနောက်ကြမှထပြီး အောက်ထပ်ဆင်းလာခဲ့လိုက်သည်။
ထမင်းစားခန်းထဲဝင် ရေခဲသေတ္တာထဲကရေဘူးယူပြီး တစ်ဝက်လောက်မော့သောက်လိုက်ရင်းနဲ့  ထမင်းစား စားပွဲပေါ်ကိုကြည့်မိသည်။
စားပွဲပေါ်မှာတော့ နေ့လည်စာပြင်ထားတာကိုတွေ့ရသည်။
မနက်စာကတော့အိပ်ယာထနောက်ကြလို့ သူမစားဖြစ်တော့ဘူးဆိုပြီးမပြင်ထားဘူးထင်တယ်။
အိမ်ထဲမှာလည်းTaehyungကိုမတွေ့ရ။
ဧည့်ခန်းကလိုက်ကာကိုဆွဲပြီး အိမ်အပြင်ကိုကြည့်လိုက်တော့မှ ခြံထဲကပန်းခင်းနားမှာတွေ့လိုက်ရသည်။

"ဘာတွေလုပ်နေတာလဲ"

"ဘာရယ်မဟုတ်ဘူး ပန်းတွေပွင့်နေတာလှလို့ သူတို့အနံ့ကအိမ်တံခါးပေါက်အထိမွှေးနေလို့ အဲ့ဒါနဲ့ ဓာတ်ပုံလာရိုက်နေတာ"

ဒီပန်းခင်းလေးကို ထားဖြစ်တာက
အဘိုးရဲ့စိတ်ကူးသပ်သပ်သာ။
သူငယ်ငယ်လေးထဲက အဘွားဆုံးသွားတော့ အဘိုးကပန်းပင်လေးတွေစိုက်ပျိုးခဲ့တယ်။သူ့ကိုပါအတူစိုက်ပျိုးဖို့သင်ပေးပြီး အဘွားကြိုက်တဲ့ပန်းပင်လေးတွေကို အခုသူ့အိမ်မှာပါထားဖြစ်နေသည်။

"ကိုကိုကောင်းကောင်းအိပ်ပျော်ရဲ့လား"

"အင်း...အိပ်ဆေးမသုံးဘဲအိပ်လို့ရနေပြီ"

Jungkookအရင်လိုမဟုတ်တော့။စကားတွေများများပြောတက်နေခဲ့ပြီ။
အရင်လိုဆိုရင်တော့သူခေါင်းတစ်ချက်သာငြိမ့်ပြပါလိမ့်မည်။ညဘက်အိပ်မရတာတွေ အတွေးလွန်နေတာတွေလည်း
မဖြစ်တော့။

တကယ်တော့တစ်ခါတစ်လေကြသူ
ကိုကို့ကိုဘာပြောရမှန်းမသိတော့ဘူး။
မပြောဘဲနေရင်လည်းကိုကိုနဲ့ကဒီထက်အေးစက်ဖို့ဘဲရှိနေတော့မှာ။ဒါ့ကြောင့်
ကိုကိုကသူ့အနားရောက်လာရင် Taehyungက စကားမရှိစကားရှာပြီး
ပြောရသည်။
တစ်ခါတစ်လေကြတော့လည်းသူတစ်ယောက်တည်းအေးအေးလေးတိတ်တဆိတ်နေချင်မိသည်။
သူ့ဘဝအကြောင်းသူတွေးလိုက်ရင်အမြဲတမ်းရင်မောနေရပါသည်။

"ညနေကြရင်အပြင်သွားစရာရှိတယ်
Minnaမွေးနေ့ဆိုတော့ ညကြငါအိမ်ပြန်လာချင်မှပြန်လာမယ်"

You'll also like

          

ရှေ့ကပန်းခင်းကိုကြည့်ပြီးငေးနေသောကောင်လေးကသူ့စကားကြောင့်လှည့်ကြည့်လာသည်။
သူတို့နှစ်ယောက်ရပ်နေတုန်းမှာဘဲ
မိုးစက်လေးတွေကျလာတော့
အိမ်ထဲပြန်ဝင်ခဲ့ကြရသည်။
နေ့လည်စာစားပြီးJungkookလည်းအခန်းထဲဝင်လာခဲ့ပြီး Laptopသုံးနေလိုက်သည်။
တံခါးခေါက်သံကြားတော့ဝင်ခဲ့လို့အသံပြုမှဝင်လာသည်။

"မိုးတွေကရွာနေလိုက်တာ"

အလုပ်စားပွဲနားကလိုက်ကာကိုဘေးဆွဲထားတာဖြစ်လို့အပြင်ကိုJungkookလှမ်းကြည့်လိုက်သည်။
မိုးကတဖွဲဖွဲလေးနဲ့ရွာကောင်းနေတုန်း။
အခန်းထဲဝင်လာပြီးမိုးရွာတာလာပြောတာလားဒီကောင်လေးက။
သူပြန်လှည့်ကြည့်လိုက်တော့ စကားစပြောလာခဲ့သည်။

"ဟို....ကိုကို့စာအုပ်စင်ကစာအုပ်တွေခဏငှားပါလား ကျွန်တော်ဖတ်ချင်လို့"

"ယူလေ အဲ့နားမှာထိုင်ဖတ်လည်းရတယ်"

"ဟုတ်..."

ကိုကို့ထံကခွင့်ပြုချက်ရတာနဲ့သူကြိုက်တဲ့စာအုပ်လေးတွေယူပြီး ပြတင်းပေါက်နားကစာဖတ်ဖို့လုပ်ထားတဲ့နေရာလေးမှာထိုင်ဖတ်နေလိုက်သည်။
ကိုကိုကတော့Laptopတစ်လုံးနဲ့အလုပ်ရှုပ်နေတာဖြစ်လို့သူတိတ်တိတ်လေးနေလိုက်ရင်း စာအုပ်ထိုင်ဖတ်နေလိုက်သည်။

Jungkookအလုပ်ကိစ္စတွေပြီးလို့လှည့်ကြည့်လိုက်တော့စာအုပ်လေးရင်ဘက်ပေါ်တင်ပြီးအိပ်ပျော်နေသော
ကောင်လေး။
အနားသွားပြီး ထိုင်ကြည့်နေလိုက်မိသည်။
မျက်တောင်မွှေးရှည်ရှည်လေးတွေကလှပစွာငြိမ်သက်နေတာ။
ပါးပေါ်ကမှဲ့လေးကိုသူသတိထားပြီးကြည့်နေမိရင်း ပြုံးနေမိသည်။
မိုးအေးနေတာကြောင့် စောင်ပါးလေးတစ်ထည်ယူပြီးခြုံပေးလိုက်တော့တစ်ဖက်လှည့်ပြီးအိပ်လိုက်သေးတာ။
ကြည့်နေရင်းနဲ့  အသည်းယားလာတဲ့အခါ ဆံပင်လေးတွေကြားလက်ထည့်ပြီးထိုးဖွလိုက်သည်။
သူတစ်ခြားသူရဲ့ခေါင်းကိုကိုင်ပြီးဆံပင်တွေကြား စိတ်လိုလက်ရ
လက်ထည့်ပြီးဖွနေမိတာ ဒီကောင်လေးကပထမဆုံးပါလား။
ခေါင်းခါပြီးတော့သူ့ရဲ့မဟုတ်တဲ့အတွေးတွေကို အဝေးသို့တွန်းထုတ်လိုက်ရတယ်။ဆက်တွေးဖို့တောင်မဖြစ်သင့်ပါဘူး။Taehyungအနားကနေ ထလာပြီး Minnaမွေးနေ့သွားဖို့ပြင်ရတော့သည်။
Jungkookသွားမယ့်အချိန်ထိTaehyungကမနိုးသေး။
သူသွားမယ်ဆိုတာပြောထားလို့
မနှိုးတော့ဘဲထွက်လာခဲ့လိုက်တော့သည်။

Candle....√Completed√ Where stories live. Discover now