(Unicode)
"ဟေး..ငါတို ့ဝူးလေး!!"
ခြေလှမ်းကိုခပ်သွက်သွက်လျှောက်နေရာမှချွဲပြစ်ပြစ်နှင့်ရွံ ့စရာအသံကြောင့်နောက်လှည့်ကြည့်မိသည်
ထပ်ပြီးတော့ဒီဟာမတွေပဲလား.."ငါတို ့ဝူးလေးကဘယ်သွားမလို ့လဲ..ဒီကအစ်မကလိုက်ပို ့ရမလား"
ကိုယ့်အနားကိုရောက်လာပြီးဆံပင်ကခပ်ကြမ်းကြမ်းလာဆွဲတယ်
အနိုင်ကျင့်နေကျဟာမတွေဆိုပေမယ့်ကိုယ်ဒီလောက်ကတော့ခံနိုင်သေးတယ်"အဖေမရှိတဲ့ငါတို ့ဝူးလေးကတော့သနားစရာပဲနော်
ဘယ်လိုလုပ်လဲ..ဝူးလေးငယ်ငယ်တည်းကအဖေရဲ့စွန့်ပစ်ခြင်းကိုခံရတာကို"စကားပြောရင်းပါးကိုပါလက်ဖဝါးနဲ့ခပ်စပ်စပ်လာရိုက်သည်မို ့ထိန်းချုပ်ထားတဲ့ဒေါသတွေစုပြုံထွက်လာသည်
"နင့်လမ်းနင်သွားဟေးမီ..ငါ့မိသားစုကိစ္စကိုနင်ဝင်ပါစရာမလိုဘူး"
"အေးပေါ့လေနင့်အဖေဖောက်ပြန်ပြီးနင့်အမေကိုထားသွားတာကပြောလို ့မှဘယ်မကောင်းလဲနော်"
ဒီတစ်ခါတွေနင်လွန်သွားပြီ
ပါးကိုလာရိုက်နေသည့်လက်ကိုလှမ်းဆွဲပြီးလိမ်ချိုးလိုက်တော့ထိုဟာမဆီကအော်သံထွက်လာသည်
အော်သံထွက်လာတော့အနောက်ကဟာမ လေးယောက်ကအုံအုံကြွကြွဖြစ်လာသည်"ဟဲ့..ဖယ်စမ်း..ငါနာတယ်ငါ့ကိုလွှတ်"
အဟက်..ဒီလောက်လေးမှမခံနိုင်ပဲငါ့ကိုအနိုင်ကျင့်ချင်သေးတယ်ပေါ့
ကိုယ် ဟေးမီရဲ့လက်ကိုခပ်ကြမ်းကြမ်းဆောင့်လွှတ်လိုက်သည်"ဒီလောက်လေးတောင်မသောက်သုံးမကျနေရင်ငါ့ကိုလာအနိုင်ကျင့်ဖို ့မတန်ဘူးထင်တယ်!!"
ကိုယ်ခပ်အေးအေးပင်ပြန်ပြောလိုက်တော့ထိုဟာမတွေအရှိုက်ထိသွားပုံရသည်
သောက်ချိုးမပြေတဲ့မျက်နှာရှစ်ခေါက်ချိုးတွေကိုထားပစ်ခဲ့ပြီကိုယ်ခပ်မြန်မြန်ပင်အိမ်ကိုပြန်လာခဲ့တော့တယ်"Mom... ပြန်ရောက်ပါပြီ"
ဧည့်ခန်းထဲမှာထိုင်နေတဲ့မေမေဟာဧည့်သည်တွေနဲ့စကားပြောနေပုံရသည်
YOU ARE READING
REASON(✔)
Fanfictionကျေးဇူးပြုပြီးကျွန်တော်ဆွဲထားမယ့်လက်ကိုတော့မလွှတ်လိုက်ပါနဲ ့ Noona🌼💛 ကျေးဇူးပြုပြီးကျွန်တော်ဆွဲထားမယ့်လက်ကိုတော့မလွှတ်လိုက်ပါနဲ့  Noona🌼💛