Unicode
🖤You & Me❤️
အခန်း ၁၂
စက်ဘီးကမြည်တဲ့ အသံ တကျွီကျွီရယ် ဖြတ်ကြိတ်မိတဲ့ သစ်ရွက်ခြောက်တို့ရဲ့ အော်မြည်သံရယ်က ကျွန်တော့်နှလုံးခုန်သံလောက် မကျယ်နိုင်။
ကျောင်းထဲ စက်ဘီးနင်းပြီးဝင်လာရင်း ရင်တွေခုန်နေတာက ထိန်းမနိုင်သိမ်းမရ။ ဒီနေ့ ကျွန်တော့်ရဲ့ဖြစ်တည်မှုကို တစ်ဦးတည်းသော သူငယ်ချင်းဖြစ်တဲ့ အမောင် Beeကို ဖွင့်ဟရမယ်လေ။
မိဘဆွေမျိုးအသိုင်းအဝိုင်းဆိုတာထက် ကျွန်တော်နဲ့ အနီးကပ်ဆုံး သူငယ်ချင်းရဲ့သဘောထားကို ခုချိန်မှာပိုသိချင်တာပါ။ ယောကျာ်းလေးတစ်ယောက်က မျိုးတူလူသားကို ချစ်မိတဲ့အခါ ဒါဟာ လက်ခံနိုင်တဲ့ကိစ္စလား ဆိုတာထက် ငါ့သူငယ်ချင်းက ဒါပါဆိုတာကို လက်ခံပေးနိုင်မလားဆိုတာကို ပိုသိချင်တာပါ။
လူထဲကလူလို့ပဲ ခံယူပေးမဲ့ လက်ခံပေးမဲ့ သူငယ်ချင်းရှိရင် ကျန်တဲ့ မိဘအသိုင်းအဝိုင်းဆိုတာကို ကျွန်တော်ဆက်ရင်ဆိုင်ဖို့ ခွန်အားတွေရှိလာမှာပါ။ ခင်တွယ်စရာအများကြီး မရှိတဲ့ဘဝမှာ မိဘရင်ငွေ့နဲ့ဝေးနေတဲ့အချိန်မှာ အနီးကပ်ရှိနေပေးခဲ့တာက လေးလေးနဲ့ ဒီကောင်ပဲရှိတာလေ။ အခုတော့ ကျွန်တော့်နှလုံးသားထဲနေရာယူလာတဲ့ ကောင်လေးအတွက် လေးလေးနဲ့ စစ်မခင်းခင် ဒီသူငယ်ချင်းကိုတော့ ကိုယ့်နားရှိစေချင်တာပါ။
စက်ဘီးရပ်ရမဲ့နေရာမှာ စက်ဘီးထားသော့ခတ်ပြီး အဆောင်ထဲဝင်တာနဲ့ လိုက်ရှာတော့ လူရှင်းနေတဲ့အတန်းထောင့်မှာ ဖုန်းထဲခေါင်းဝင်မတတ်ဖြစ်နေတဲ့ကောင်ကိုတွေ့ရသည်။
🖤ဟေ့ကောင် Bee
🐝 ဟေ ဘာလဲ
🖤မင်း ဘာစားပြီးပြီလဲ ငါမုန့်လိုက်ကျွေးမယ်လေ
🐝မှန်းစမ်း နေမှကောင်းရဲ့လား
နဖူးလာစမ်းတော့ ဒင်းလက်ကို ပုတ်ထုတ်ပစ်ရသေး။ ကျွေးရမွေးရမှာတောင် မသထာအောင်လုပ်တဲ့ကောင်။
🖤မုန့်ကျွေးတာကိုပဲ မယုံသလိုဘာလိုနဲ့ မစားနဲ့ဟေ့ကောင် ငါ့ဟာငါသွားစားမယ်