Those Jealousies

939 110 18
                                    


ရုံးခန်းထဲက ထိုင်ခုံမှာ လှုပ်ရွလှုပ်ရွနဲ့
ထိုင်လိုက်ထလိုက်လုပ်နေပြီး ကိုယ့်ကို
တစ်ချက်တစ်ချက် လှမ်းအကဲခတ်နေတဲ့ အတွင်းရေးမှူး ကို Jisoo လက်ပိုက်ပြီး
စိုက်ကြည့်ပေးလိုက်သည် ။ အဲ့အခါကျမှ ပြုံးစိစိမျက်နှာပေးနဲ့ အနားရောက်လာကာ Jisoo မျက်နှာကို တည့်တည့်ကြည့်ပြီး စကားစလာသည် ။

" hee... ဒီနေ့ LOVE Fashion က Lisa တို့ကို ရိုက်ကူးရေးလုပ်ကြမှာလေ... အဲ့... အဲ့ဒါ jiji သွားမကြည့်ဘူးလားဟင် "

" မကြည့်ပါဘူး.... ဘာလို့လဲ... "

" ဟို... ဟိုလေ... ကြည့်သင့်တယ်ထင်တယ်နော် jiji ။ မင်းသမီး Yoona နဲ့ဆိုတော့လေ "

" သူနဲ့မို့ကို သွားမကြည့်ချင်တာ... Unnie လည်း သိရဲ့သားနဲ့... jiji ကိုတွေ့ရင် သူက လာရစ်နေအုန်းမှာကို "

" အဲ့.. အဲ့ဒါတော့ အဲ့ဒါပေါ့ jiji ရဲ့ ။ ဒါပေမယ့် သူက အစကတည်းက မိန်းကလေးချင်း စိတ်ဝင်စားတဲ့သူနော်... ပြီးတော့ အခုရိုက်မှာက Couple Goal ...HeeHee Lisa ကလည်း ဖွင့်ဟထားတဲ့လူဆိုတော့ "

တမင်မေ့ထားပြီး မသိချင်ယောင်ဆောင်ထားတဲ့ စိုးရိမ်မှုကြီးကို Irene Unnie က လာဆွတော့ Jisoo တောင့်ခနဲဖြစ်သွားသည် ။ ဒါပေမယ့်လည်း LiLi က ကိုယ့်မျက်နှာကို မြင်လိုက်ရရင် စိတ်အနှောင့်အယှက်ဖြစ်သွားမှာစိုးတာကြောင့် စိတ်ကိုပြန်လျှော့လိုက်ရပြန်သည် ။

" မသွားတော့ပါဘူး... Unnie ရာ... သူတို့အလုပ် အနှောင့်အယှက် ဖြစ်နေပါ့မယ် "

" ဟင်းးးးး ခါတိုင်းလည်း သွားကြည့်နေကျပဲကို... jiji Lisa နဲ့ တစ်ခုခုတော့ ဖြစ်ထားကြတယ်မလား... Unnie သိနေတယ် "

" ဘာ.. ဘာမှမဖြစ်ပါဘူး... ဒီတိုင်း.. ဒီတိုင်းပဲ... ကဲ... ကိုယ့်အလုပ်ကိုယ် လုပ်ပါ
Bae Irene ရယ်.. Unnie သွားကြည့်ချင်ရင် တစ်ယောက်တည်းသွားကြည့် သွား...
ပြီးတော့ Yoona ကို သေချာစောင့်ကြည့်ထား LiLi အနားကို သိပ်မကပ်စေနဲ့...
ပြီးတော့ jiji ကိုမေးရင် အလုပ်ရှုပ်နေတယ်လို့ ပြောနော် "

" ဟင်းးး သွားမကြည့်ချင်လို့ပဲ... မှာလိုက်တာလည်း စုံလို့... Couple Goal ရိုက်ပါတယ်ဆိုမှ အနားမကပ်ခိုင်းရင် ငါ့ကို Director က ရိုက်လွှတ်မှာပေါ့...
ဘယ်နှယ့်.. . ပြီးရော အဲ့ဒါဆို နေခဲ့... Unnie သွားကြည့်လိုက်မယ်... ပြီးတော့ သူတို့နှစ်ယောက်ပုံလေးရိုက်ယူပြီး Liyoon ဆိုပြီး  Ship တဲ့ Post ကို Agency ရဲ့ Page မှာ တစ်ခါတည်း တင်လိုက်မယ်... heehee "

YOU , THE ONLY ONE - IWhere stories live. Discover now