55

2.8K 438 151
                                    

ခြေဖဝါးတစ်ဖက်ထောက်၍ နောက်ခြေတစ်ချောင်းနောက်ပြန်မြှောက် ကွေးထားတာ အချိန်အတော်ကြာခဲ့ပြီ။ တစ်လကျော်ကြာ နဖူးကချွေး ခြေမကျအောင် လေ့ကျင့်ခဲ့ရမှုသည် ယခုည၌ အစိန်ကြီး ဖျော်ဖြေအသုံးတော်ခံရတော့မည်။ ဒီပွဲကြီး အဆင်ပြေပြေပြီးလျှင် တိမ်တမံသည် နိုင်ငံသမိုင်း၌ ကဗျည်းထိုးနိုင်မည့် အနုပညာရှင်တစ်ယောက် ဖြစ်တော့မည်။

ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကာ အကြောဖြေလျှော့ပြီး တဆင့်ချင်းပြန်ဖြုတ်သည်။ တဘတ်ယူပြီး ချွေးသုတ်လိုက်ရင်း နားကြပ်ကိုတပ်လိုက်၏။

"ရဲရဲ ဘယ်တော့လာမှာလဲ"

"ဟယ် မံရယ် အစောကြီးပဲ ရှိသေးတယ်"

တစ်ဖက်က ရဲရဲသည် ဘာတွေ စားနေလဲမသိ။ ပလုတ်ပလောင်းသံကြီးနှင့် ပြောလာ၏။ နာရီတစ်ချက်ကြည့်လိုက်သည်။ ရဲရဲပြောသလို စောလွန်းနေသော်ငြား မတတ်နိုင်။ တိမ်တမံက တစ်ခုခုဆို စိတ်လှုပ်ရှားတတ်လွန်း၍ ယခုလိုပွဲမျိုး၌ စောစောရောက်နှင့်နေပြီး ကြိုတင်ပြင်ဆင်ထားတာပဲကောင်းမည်။

"အစောရောက်နှင့်နေတာက အချိန်ကိုက်ရောက်တာနဲ့ နောက်ကျမှရောက်တာထက် ပိုမကောင်းဘူးလား၊ နာရီဝက်အတွင်းထွက်ခဲ့"

ပြောပြီး တမံဖုန်းချလိုက်သည်။

ဘာမှမဖြစ်ဘူး တိမ်တမံ ... မင်းလုပ်နိုင်တယ် လုပ်ရမယ် လုပ်ပြမှဖြစ်မယ်။ Zylenအရှိန်အဝါနဲ့တက်လာတယ်လို့ ပြောနေတဲ့ပါးစပ်ပေါက်တွေအကုန် ပိတ်သွားစေရမယ်။ တိမ်တမံမှာ ပင်ကိုယ်အရည်အချင်း ဘယ်လောက်ရှိလဲ ပြသနိုင်ရမယ်။

မည်မျှပင် ဟန်ဆယ်ထားပါစေ တဒိတ်ဒိတ်ခုန်နေသော နှလုံးခုန်သံကို ကိုယ့်ဘာသာပြန်ကြားနေရ၏။ ပွဲကြီးအတွက် တိမ်တမံအရမ်းစိတ်လှုပ်ရှားနေသည်။ အမှားလုပ်မိမှာ သိပ်စိုးပါ၏။ အမှားရှိလာမှာလည်း ကြောက်မိသည်။ ထိုစိုးရိမ်စိတ်တွေက အလုပ်လုပ်သောအခါ အန္တရာယ်ဖြစ်လာနိုင်မှာ သိလျက် တိမ်တမံ ကိုယ့်စိတ်ကို ကိုယ် မထိန်းချုပ်နိုင်။

ဖုန်းသံထပ်မြည်လာ၍ ရဲရဲအထွန့်တက်ဦးမည်ထင်ကာ

"ဘာထပ်ပြောဖို့ကျန်နေသေးလို့လဲ၊ နာရီဝက်ဆို နာရီဝက်ပဲ ဘာမှဈေးမဆစ်နဲ့"

ChillWhere stories live. Discover now