Chapter 4

534 11 0
                                    

[Unicode]

"ကေ ကြိုက်ရဲ့လား"

"ဘာလို့ ဖိနပ်ပေးတာလဲ ကိုကို ဖိနပ်ပေးရင် အဝေးကြီးကို ဝေးရတတ်တယ်တဲ့"

"ကေကလဲ မဟုတ်တာတွေ မတွေးပါနဲ့။ ကိုကိုဖိနပ်ပေးတာက ကေ့ရဲ့ခြေလှမ်းတိုင်းမှာကိုကိုနှလုံးသားလေး ခစားနေပါတယ်ဆိုပြီးပေးတာ"

"အမယ် ကိုကိုက ကဗျာတွေဆန်လို့ပါလားဘယ်သူသင်ပေးလိုက်တာလဲ"

"ရင်ထဲက လာတဲ့ ကဗျာပါကွာ"

"အာ မေးဖို့ မေ့နေတာ။ ဟိုနေ့က ကိုကို့ကို ကေ့သူငယ်ချင်းတွေက shopping centre မှာတွေ့လိုက်တယ်တဲ့ ဘေးမှာ ဟို အစ်မနဲ့တဲ့"

"ဪ အဲဒါက နွေနဲ့လေ ကေ့ အတွက် လက်ဆောင်လိုက်ဝယ်ပေးတာ"

"ဟင် အဲဒါဆို ဒီလက်ဆောင်က အဲအစ်မ ရွေးပေးထားတာပေါ့။ သူက ကိုကိုနဲ့ ကေ့ကို ဝေးစေချင်လို့ ဖိနပ်ရွေးပေးတာ သိလား"

"ဟာ ကေ သူများကိုအဲလိုမစွပ်စွဲနဲ့နော်ကိုကိုမကြိုက်ဘူး"

"ကိုကိုက အဲအစ်မကို ထိရင် မခံနိုင်တာမဟုတ်လား။ အဲအစ်မကိုထိလို့ မကြိုက်တာမဟုတ်လား"

"မဟုတ်ပါဘူး ကေရယ်။ နွေက ကိုကို့သူငယ်ချင်းပါ။ ကိုကိုက ကေ့အတွက်ပြောတာပါ"

"ဒီမှာ ကိုမင်းရတုနိုင် အဲမိန်းမနဲ့ပတ်သက်ရင် ဘာပြောပြော ရှင်မခံနိုင်တာ ကိုယ့်ကိုကိုယ် သတိထားမိလား"

"ဟုတ်တယ်ကွာ ဘာဖြစ်လဲ။ မင်းက တော်တော်ပြောရခက်တာပဲ ကေ။ နွေက ငါ့သူငယ်ချင်းပဲ ငါ့အပေါ်အကောင်းဆုံးသူငယ်ချင်း ငါ့အတွက် နွေ့လိုသူငယ်ချင်းမျိုးက နောက်တစ်ယောက်မရှိဘူးကွ နားလည်လား"

"ဪ စကားထဲက ဇာတိပြတာပဲ ဘာသူငယ်ချင်းလဲ ဘဂ်လားသူငယ်ချင်းလား "
ရတု စိတ်မထိန်းနိုင်ဘဲ ကေ့ကို ရိုက်ရန်ရွယ်လိုက်သည်။

"ဘာလဲ ရိုက်မှာလား ရိုက်စမ်းပါ။ ရှင့်သူငယ်ချင်းကို ပြောလို့ ကျွန်မကို ရိုက်မယ်ပေါ့။ အခုက စပြီး ရှင့်ရဲ့ ၂ယောက်မရှိတဲ့ သူငယ်ချင်းနဲ့ပဲ နေလိုက်တော့ ကျွန်မနေရာမှာတော့ အစားထိုးဖို့ လူရှာလိုက်တော့ "

ဆူးမလိုသော ပန်းများအကြောင်း/ ဆူးမလိုသော ပန်းများအြေ💮💮💮(The Story Of Goddess )Where stories live. Discover now