Unicode~
ကြည့်ရတာ သူမ ခန္ဓာကူးပြောင်းလာခဲ့ပုံပဲ...
တီဗီတွေ ဝတ္ထုတွေထဲက ဖန်တရာတေနေတဲ့ ခန္ဓာဝိဉာဉ်ကူးပြောင်းခြင်းဆိုတဲ့ မယုံနိုင်စရာ ဇာတ်ကွက်တစ်မျိုးပေါ့...
ဒါပေမဲ့ သူမ တည်ငြိမ်နေတယ်...
ဘာလို့များ အဲဒီလောက် တည်ငြိမ်နေရသလဲ?
ဘာဖြစ်လို့လဲဆိုတော့ သူမအတွက်ဆိုးရွားတဲ့အဖြစ်အပျက်က ခန္ဓာကူးပြောင်းလာခြင်းမဟုတ်လေဘူး...
အရင်ဘဝက ကျန်းချူးဝေဆိုတဲ့ သူမဟာ မွေးကတည်းက လှပခဲ့သူတစ်ယောက်ဖြစ်တယ်... မူကြိုကတည်းက သူမ ကောင်လေးဖြစ်ဖို့ ယှဉ်ပြိုင်နေတဲ့ ကောင်ငယ်လေးတွေမှ အများကြီးပဲ... မူလတန်းတက်တဲ့အခါရခဲ့တဲ့ "ကျောင်းရဲ့ပန်းကလေး" ဆိုတဲ့ ဘွဲ့ဟာ တက္ကသိုလ်ပြီးတဲ့အထိ မပြောင်းလဲခဲ့ဘူး... သူမ အရပ်က ၁၆၈စင်တီ (၅ပေခွဲခန့်) ရှိတယ်... သူမရင်ဆိုဒ်က 34E, ခါးက ၂၃လက်မနဲ့ လှပလွန်းတဲ့ သူမရဲ့ တင်သားတွေက ၃၄လက်မရှိတယ်... မျက်နှာက လည်း စွဲမက်စရာကောင်းလှလေတယ်... ဆွဲဆောင်မှုရှိလွန်းတဲ့ အလှပဂေးလို့ သူမကို အမျိုးသားထုကြီးက သတ်မှတ်ကြပြီး အမြဲတမ်း တကောက်ကောက်လိုက်နေကြလေတယ်... သူမရဲ့ ၇လက်မဒေါက်အောက်မှာ ပြားပြားဝပ်နေတဲ့ အမျိုးသားအရေအတွက် ဘယ်လောက်တောင်ရှိလေသလဲဆိုတာကို သူမ မသိဘူး...
ဒါပေမဲ့...
အခုတော့...
ချူးဝေ မှုန်ဝါးဝါးကြေးမုံရှေ့မှာ ရပ်နေမိတယ်... သိပ်ပြီး မကြည်လင်တာတောင်မှ သူမ အခုဘယ်လိုပုံစံလဲဆိုတာကိုတော့ မြင်နိုင်ပါသေးတယ်... သူမက ပိန်တယ်... ပြီးတော့ ပြားကပ်နေလေရဲ့... သူမရဲ့ ခန္ဓာကိုယ်အသစ်ဟာ အသားထက်အရိုးက ပိုများနေတယ်...
ကဲပါလေ... နည်းနည်းလေး မို့နေတာတော့ ရှိပါသေးတယ်... ဒါပေမဲ့ သူမ စိတ်ထဲမှာတော့ ကတ္တရာလမ်းပေါ်က မြောင်းဖုံးမို့နေသလောက်လေးပဲ...
ပြီးတော့ ဒီမျက်နှာ-
ဘုရားရေ!!! ကျန်းချူးဝေ အသည်းကွဲသွားခဲ့ပြီ... ဒါကြီးက မိန်းမတစ်ယောက်ရဲ့ မျက်နှာရော ဟုတ်သေးရဲ့လား?
သူမ မျက်နှာက သေးလွန်းပြီး လက်တွေကအကြီးကြီးပဲ... ဒါတင်ဘယ်ကမလဲ အရမ်းကို ရိုးရှင်းလွန်းနေတယ်... ဒီလိုသာမညောင်ည ရုပ်ရည်ဖြစ်နေတာတင်မကသေးဘူး အသားအရည်ကရော ဘာတွေဖြစ်နေတာလဲ?
လူတွေက အသားဖြူရင် ရုပ်ဆိုးတာတောင် ဖုံးထားနိုင်တယ်လို့ပြောကြတယ်... ဒါပေမယ့် ဒီနဂိုမျက်နှာက မီးသွေးလိုမျိုး ဒီလိုမဟူရာအသားအရည်ကိုထပ်ပေါင်းထည့်လိုက်တော့ ဘယ်လိုများ ငါလေး အသက်ရှင်နေထိုင်ရပါတော့မလဲ?
ခန္ဓာကူးပြောင်းလာခြင်းက အခက်ခဲအကြမ်းတမ်းဆုံးမဟုတ်လေဘူး... ခမ်းနားကြီးကျယ်တဲ့ လူတစ်ယောက်ဆီက အချစ်ကိုရရင် ကြုံတွေ့ရမယ့်ဒုက္ခတွေက ပမွှားလောက်ပဲ... ဒါပေမယ့် သူမပိုင်ဆိုင်ထားတဲ့
ဒီမဟူရာအသားရောင်နဲ့က ဘယ်လိုမျိုးများ ရနိုင်ပါ့မလဲ? ယောကျာ်းတွေအများကြီးအစား သူမကို ကံကြမ္မာက ဒဏ်ခတ်လိုက်လေသလား?
အလှပဂေး ကျန်းမမလေးဟာ သူမဘဝမှာ ယောကျာ်းတစ်ယောက်ကို ဘယ်တုန်းကမှ မရှုံးနိမ့်ခဲ့ဖူးဘူး... အသက် ၂၈အရွယ်မှာတော့ ပထမဆုံးအကြိမ်အဖြစ်နဲ့ သူမ ငိုကြွေးမိသွားလေပါတော့တယ်...
________________________
Zawgyi~
ၾကည့္ရတာ သူမ ခႏၶာကူးေျပာင္းလာခဲ့ပံုပဲ...
တီဗီေတြ ဝတၳဳေတြထဲက ဖန္တရာေတေနတဲ့ ခႏၶာဝိဥာဥ္ကူးေျပာင္းျခင္းဆုိတဲ့ မယံုႏိုင္စရာ ဇာတ္ကြက္တစ္မ်ိဳးေပါ့...
ဒါေပမဲ့ သူမ တည္ၿငိမ္ေနတယ္...
ဘာလို႔မ်ား အဲဒီေလာက္ တည္ၿငိမ္ေနရသလဲ?
ဘာျဖစ္လို႔လဲဆိုေတာ့ သူမအတြက္ဆိုး႐ြားတဲ့အျဖစ္အပ်က္က ခႏၶာကူးေျပာင္းလာျခင္းမဟုတ္ေလဘူး... အရင္ဘဝက က်န္းခ်ဴးေဝဆုိတဲ့ သူမဟာ ေမြးကတည္းက လွပခဲ့သူတစ္ေယာက္ျဖစ္တယ္... မူႀကိဳကတည္းက သူမ ေကာင္ေလးျဖစ္ဖို႔ ယွဥ္ၿပိဳင္ေနတဲ့ ေကာင္ငယ္ေလးေတြမွ အမ်ားႀကီးပဲ... မူလတန္းတက္တဲ့အခါရခဲ့တဲ့ "ေက်ာင္းရဲ႕ပန္းကေလး" ဆိုတဲ့ ဘြဲ႕ဟာ တကၠသိုလ္ၿပီးတဲ့အထိ မေျပာင္းလဲခဲ့ဘူး... သူမ အရပ္က ၁၆၈စင္တီ (၅ေပခြဲခန္႔) ႐ွိတယ္... သူမရင္ဆိုဒ္က 34E, ခါးက ၂၃လက္မနဲ႔ လွပလြန္းတဲ့ သူမရဲ႕ တင္သားေတြက ၃၄လက္မ႐ွိတယ္... မ်က္ႏွာက လည္း စြဲမက္စရာေကာင္းလွေလတယ္... ဆြဲေဆာင္မႈ႐ွိလြန္းတဲ့ အလွပေဂးလို႔ သူမကို အမ်ိဳးသားထုႀကီးက သတ္မွတ္ၾကၿပီး အၿမဲတမ္း တေကာက္ေကာက္လိုက္ေနၾကေလတယ္... သူမရဲ႕ ၇လက္မေဒါက္ေအာက္မွာ ျပားျပားဝပ္ေနတဲ့ အမ်ိဳးသားအေရအတြက္ ဘယ္ေလာက္ေတာင္႐ွိေလသလဲဆုိတာကို သူမ မသိဘူး...
ဒါေပမဲ့...
အခုေတာ့...
ခ်ဴးေဝ မႈန္ဝါးဝါးေၾကးမံုေ႐ွ႕မွာ ရပ္ေနမိတယ္... သိပ္ၿပီး မၾကည္လင္တာေတာင္မွ သူမ အခုဘယ္လိုပံုစံလဲဆုိတာကိုေတာ့ ျမင္ႏုိင္ပါေသးတယ္... သူမက ပိန္တယ္... ၿပီးေတာ့ ျပားကပ္ေနေလရဲ႕... သူမရဲ႕ ခႏၶာကုိယ္အသစ္ဟာ အသားထက္အ႐ုိးက ပုိမ်ားေနတယ္... ကဲပါေလ... နည္းနည္းေလး မို႔ေနတာေတာ့ ႐ွိပါေသးတယ္... ဒါေပမဲ့ သူမ စိတ္ထဲမွာေတာ့ ကတၱရာလမ္းေပၚက ေျမာင္းဖံုးမို႔ေနသေလာက္ေလးပဲ...
ၿပီးေတာ့ ဒီမ်က္ႏွာ- ဘုရားေရ!!! က်န္းခ်ဴးေဝ အသည္းကြဲသြားခဲ့ၿပီ... ဒါႀကီးက မိန္းမတစ္ေယာက္ရဲ႕ မ်က္ႏွာေရာ ဟုတ္ေသးရဲ႕လား?
သူမ မ်က္ႏွာက ေသးလြန္းၿပီး လက္ေတြကအႀကီးႀကီးပဲ... ဒါတင္ဘယ္ကမလဲ အရမ္းကို ႐ုိး႐ွင္းလြန္းေနတယ္... ဒီလိုသာမေညာင္ည ႐ုပ္ရည္ျဖစ္ေနတာတင္မကေသးဘူး အသားအရည္ကေရာ ဘာေတြျဖစ္ေနတာလဲ?
လူေတြက အသားျဖဴရင္ ႐ုပ္ဆုိးတာေတာင္ ဖံုးထားႏုိင္တယ္လို႔ေျပာၾကတယ္... ဒါေပမယ့္ ဒီနဂိုမ်က္ႏွာက မီးေသြးလိုမ်ိဳး ဒီလိုမဟူရာအသားအရည္ကိုထပ္ေပါင္းထည့္လိုက္ေတာ့ ဘယ္လိုမ်ား ငါေလး အသက္႐ွင္ေနထိုင္ရပါေတာ့မလဲ?
ခႏၶာကူးေျပာင္းလာျခင္းက အခက္ခဲအၾကမ္းတမ္းဆံုးမဟုတ္ေလဘူး... ခမ္းနားႀကီးက်ယ္တဲ့ လူတစ္ေယာက္ဆီက အခ်စ္ကိုရရင္ ႀကံဳေတြ႕ရမယ့္ဒုကၡေတြက ပမႊားေလာက္ပဲ... ဒါေပမယ့္ သူမပိုင္ဆုိင္ထားတဲ့ ဒီမဟူရာအသားေရာင္နဲ႔က ဘယ္လိုမ်ိဳးမ်ား ရႏုိင္ပါ့မလဲ? ေယာက်ာ္းေတြအမ်ားႀကီးအစား သူမကို ကံၾကမၼာက ဒဏ္ခတ္လိုက္ေလသလား?
အလွပေဂး က်န္းမမေလးဟာ သူမဘဝမွာ ေယာက်ာ္းတစ္ေယာက္ကို ဘယ္တုန္းကမွ မ႐ႈံးနိမ့္ခဲ့ဖူးဘူး... အသက္ ၂၈အ႐ြယ္မွာေတာ့ ပထမဆံုးအႀကိမ္အျဖစ္နဲ႔ သူမ ငိုေႂကြးမိသြားေလပါေတာ့တယ္...
___________________