Chapter-0

73 2 0
                                    

ဝမ်ရိပေါ်! ဝမ်ရိပေါ်! ဝမ်ရိပေါ်!

ရိပေါ်အကကိုအဆုံးသတ်ပြီးကျေးဇူးတင်စကားပြောတော့ အောက်ကfanတွေရဲ့  အော်သံတွေက ကွင်းတစ်ခုလုံးကိုပျံ့နှံ့သွားတယ်။ရိပေါ်စင်ပေါ်ကနေမြန်မြန်ဆင်းလာလိုက်ပြီး သူ့ကျန့်ကောဆီကိုပဲသွားဖို့လောနေမိတယ်။ ဒီနေ့ကသူနဲ့ကျန့်ကောရဲ့ (၂ ) နှစ်ပြည့်။ကျန့်ကောကို surpriseတိုက်ဖို့ ယွီပင်းနဲ့သူ အလုပ်မအားတဲ့ကြားထဲကနေ အကုန်ပြင်ဆင်ပြီးပြီ ။ သူ့ရဲ့ကျန့်ကောကိုသွားခေါ်ဖို့ပဲလိုတော့တယ်။

ရိပေါ်အခုတလောဘာဖြစ်နေမှန်းကိုမသိဘူး။အစကတော့ စင်ပေါ်မှာအမှားလုပ်မိမှာစိုးလို့ထင်မိတာ။ အခုလည်းအကုန်အဆင်ပြေပြေ ပြီးသွားတာတောင် စိတ်ကလေးနေတုန်းပဲ။ အခုတလော သူကျန့်ကောနဲ့ဝေးနေမိလို့ပဲနေမှာပါ။အခုတော့ သူ့ယုန်လေးဆီကိုမြန်မြန်သွားမှပါ။ surpriseတိုက်ခံရပြီးပျော်သွားမဲ့ ကျန့်ကောရဲ့မျက်နှာလေးကို သူမြန်မြန်မြင်ချင်လှပြီ။ ဘာအမှားအယွင်းမှ မရှိပါစေနဲ့။

"ရိပေါ်ရေ အတော်ပဲ ဒီမှာအကိုကမင်းနဲ့ဖုန်းပြောချင်လို့တဲ့"

"ဟမ်...ငါ့ကို၊ဘာလို့လဲ"

"အဲ့တာတော့ငါလည်းမသိဘူးလေ၊ငါမေးနေတုန်းရှိသေးတယ်၊မင်းဆင်းလာတာတွေ့လို့ ဖုန်းလာပေးတာ၊ကျသွားအုံးမယ် မြန်မြန်ကိုင်လိုက်။"

"အေးပါကွာ၊ မင်းကလည်း"
"Hello...ကျိုးချန်ကော"

"ရိပေါ် အခုချက်ချင်း***ဆေးရုံကိုလာခဲ့၊ ဒီမှာရှောင်းကျန့်အရေးပေါ်ခန်းထဲရောက်နေလို့။"

"ဟမ်...ကျန့်ကောကဘာဖြစ်လို့လဲ"

"ငါဒီရောက်ရင် အကုန်ပြောပြမယ်၊အခုတော့မင်းစိတ်ကိုအေးအေးထား၊ ယွီပင်းကိုဖုန်းပေးလိုက်အုံး"

ယွီပင်းအရှေ့ကအသိစိတ်မရှိသလို ဖြစ်နေတဲ့ရိပေါ်ဆီကနေဖုန်းကယူလိုက်ပြီး

"ရိပေါ်..ကြားလား.. ရိပေါ်!"

"Hello အကို၊ကျွန်တော်ယွီပင်းပါ။"

"ယွီပင်း မင်းအခုချက်ခြင်း***ဆေးရုံကိုလာခဲ့၊ငါဒီရောက်မှအကုန်ပြောပြမယ်၊မင်းပဲကားမောင်းလာခဲ့တော့နော်။"

"ဟုတ် ဟုတ်ကဲ့အကို"

ယွီပင်း ဘာတွေဖြစ်နေမှန်းမသိပေမဲ့ အရှေ့ကရိပေါ်တုန်လှုပ်နေတာကိုကြည့်ခြင်းအားဖြင့်
ကျန့်ကောတစ်ခုခုဖြစ်နေတာပဲနေမှာ။ရိပေါ်ရဲ့အခုလိုပုံစံမျိုးက ကျန့်ကောနဲ့ပက်သက်မှဖြစ်ပေါ်လာတဲ့ ပုံစံမျိုး။အခုတော့ တုန်လှုပ်နေသေးတဲ့ရိပေါ်ရဲ့ လက်ကိုဆွဲပြီးကားဆီကိုသာခေါ်လာလိုက်တယ်။

ရိပေါ်ကားဆီဘယ်လိုရောက်လာမှန်းမသိပေမဲ့ သူ့စိတ်တွေအရမ်းခြောက်ခြားနေမိတယ်။
ဒီနေ့မနက်တင် သူ့ကိုပြုံးပြပြီး အနမ်းတွေပေးခဲ့တဲ့သူရဲ့ကျန့်ကောက အခုတော့အရေးပေါ်ခန်းထဲမှာတဲ့။ဘာတွေဖြစ်ကုန်တာလဲ။

"ယွီပင်း ငါ့ ငါ့စိတ်တွေလေ အရမ်းလေးနေတာသိလား၊ တစ်ခုခုဖြစ်တော့မလားပဲ။ငါ့ရင်ဘတ်တွေလည်း အရမ်းအောင့်နေတယ်။"

"ဝမ်ရိပေါ် ! မင်းဘာတွေလျှောက်ပြောနေတာလဲ၊ ဘယ်သူမှဘားမှမဖြစ်ဘူး၊ မင်းကတော့ ဒီလိုဖြစ်နေလို့မရဘူးလေ၊ အရင်ဆုံးစိတ်ငြိမ်ငြိမ်ထား ဟုတ်ပြီလား"

ယွီပင်းကားမောင်းနေရင်း နောက်ခန်းကရိပေါ်ကိုအော်ပြောမိတယ်။သူကအကြောင်းအရင်းသေချာမသိတော့ ဘယ်လိုနှစ်သိမ့်ပေးရမလဲမသိဘူး။

*ဟုတ်တယ် ရိပေါ်၊ကျန့်ကောကဘားမှဖြစ်မှာမဟုတ်ဘူး။မင်းအတွေးလွန်မနေနဲ့*

ဒါပေမဲ့ဘာပဲပြောပြော သူခံစားနေရတာသူပဲသိတယ်။တဆစ်ဆစ်နာနေတဲ့ ရင်ဘတ်ကိုလျစ်လျူရှူပြီးစိတ်ငြိမ်သွားအောင်
သူနဲ့ကျန့်ကောရဲ့ ပထမဆုံးတွေ့ဆုံမှုလေးကိုပဲ ပြန်စဉ်းစားနေလိုက်တယ်။အဲ့တုန်းက သူတော်တော်လေး အူကြောင်ကြောင်နိုင်ခဲ့တာပဲ။စိတ်ပူနေရင်းကြားထဲမှ သူပြုံးမိတယ်။ယွီပင်းကတော့ သူ့ကိုရူးနေတယ်လို့ပဲထင်နေမှာ။


#To be continued.
#Htet.
#5.8.2021.

ပထမဆုံးအရေးအသားလေးပါ။သူတို့နှစ်ယောက်ကိုချစ်လွန်းလို့သာ ရေးကြည့်ချင်မိတာ။ဖတ်ပြီးရင်လည်း ဝေဖန်အကြံပေးကြပါအုံး။ အမှတ်တရလေးဖြစ်အောင်လို့ ရိပေါ်လေးရဲ့မွေးနေ့မှာရေးတင်လိုက်တာ။
Happy birthdayပါ ဝမ်အစိမ်းလုံးလေးရေ။
ကျန့်ကောနဲ့ သက်ဆုံးတိုင်အတူတူရှိနေပါစေလို့ဆုတောင်းပေးပါတယ်။

FateWhere stories live. Discover now