3

572 82 11
                                    

𝒁𝒂𝒘𝒈𝒚𝒊!!!!!!




  ပတ်ခ်ချန်းယောလ် တဲ့လား ဆိုးလ် မြို့ရဲ့ ဒိတ်ဒိတ်ကြဲ ကိုမှ  အကိုက ရန်သွားစရလား
အကိုကတော့ တောင်းပန်မှာ မဟုတ်ဘူး .
အကိုရဲ့ ကိုယ်စား ငါတောင်းပန်ရမယ် ဟုတ်တယ် ငါတောင်းပန်ရမယ်

"ဟို.. ပတ်ခ်ချန်းယောလ်ရဲ့ အိမ်လိပ်စာလေး ပေးလို့ရမလားဟင်"

"ရတယ် ခဏစောင့်"

  အူးဝါး! ငါ ပတ်ခ်ချန်းယောလ်နဲ့ မျက်နှာချင်းဆိုင်ရမှာ ကြောက်တယ်လို့ !

ရောက်ပြီ!

တက္ကစီ ပေါ်က ဆင်းဆင်းချင်း  တမေ့တမော ကြည့်မိသည်က အိမ်ကြီးကိုပင်
အကြီးကြီးပဲ ။ ပတ်ခ်ချန်းယောလ်က တော်တော်ချမ်းသာ တာပဲ။
ခြံတခါး ဘေးနားမှာရှိတဲ့ လူခေါ် ဘဲလ် ကို နှပ်မည်အလုပ် ရပ်တန့်သွားသော လက်ချောင်းသွယ်သွယ်လေး။ ငါကြားဖူးတာတော့ ပတ်ခ်ချန်းယောလ်က ဒေါသ သိပ်ကြီးတယ်တဲ့။
သူစိတ်တိုလာရင်လည်း  လက်ပါတတ်တယ်တဲ့။ ငါ့ကိုများ ထိုးလိုက်ရင် ဟု..
စိတ်ထဲကတွေးရင် မိမိ ပါးပြင်လေးကို လက်ဝါးသေးသေး လေးနှင့် အုပ်ကိုင်ထားမိသည်။

သက်ပြင်းအရှည်ကြီးချရင်း
ဖိုက်တင်း ! မင်းလုပ်နိုင်တယ်

တင်းတောင်!

"ဘယ်သူလဲ"

" ပတ်ခ်ချန်းယောလ် နဲ့တွေ့ချင်လို့ပါ
ဗြောင်မင်ဝူးရဲ့ညီ ဗြောင်ဘတ်ခ်ဟျွန်းလို့ပြောပေးပါ"

"ခဏစောင့်"

"ဝင်လာ ထိုင်စောင့်နေ ..သခင်လေးက ဆင်ူလညခဲ့မယ်တဲ့"

ခြံတံခါးလည်းဖွင့်ပေးတော့ အိမ်မကြီးထဲကို ကိယ့်ဘာသာ လမ်းလျှောက်လာခဲ့ရတယ်
တံခါးနဲ့ အိမ်က ကြားထဲမှာ တော်တော်ဝေးတာပဲ ငါ ညောင်းလာပြီ။
အိမ် ကြီးထဲလဲ ရောက်တော့..

ဝါး~ ပတ်ခ်ချန်းယောလ် က ငါထင်ထားတာထက်ကိုပိုပြီးချမ်းသားတာပဲ။
အေးပေါ့.. ဆိုးလ်မြို့မျက်နှာဖုံး ဆိုမှတော့ အဲ့လောက်တော့ရှိမှာပေါ့။
ဝိုး~ ဧည့်ခန်းတစ်ခုထဲတင် ငါတို့အိမ်လောက်ရှိနေပြီ.. ဆိုဖာတွေကလည်း အိစက်နေတာပဲ   အရမ်းမိုက်တယ်
ဧည့်ခန်းတစ်ခုလုံးကို မျက်လုံးအဟောင်းသားဖြင့် လိုက်ကြည့်နေတုန်း သူမသိလိုက်တာ တစ်ခုက  နောက်ကျော ဘက်မှ ပတ်ခ်ချန်းယောလ် မတ်တပ်ရပ် နေတာကိုပင်။

You'll also like

          

" မင်းဘာလာလုပ်တာလဲ"

"အမလေး!"

နောက်ကျော ဘက်ဆီ လှည့်ကြည့်လိုက်တော့မှ   ကိုယ့်ကို အေးတိအေးစက် ပုံစံနဲ့ ရပ်ကကည့်နေတဲ့ ပတ်ခ်ချန်းယောလ်

" ဟို.. .. လာတောင်းပန်တာပါ "

" လာတောင်းပနိတယ် ဘယ်သူ့အစား လာတောင်းပန်ပါတာလဲ
ငါနဲ့ရန်ဖြစ်တဲ့သူတွေ အများကြီးပဲ ဆိုတော့
မသိလို့"

ချန်းယောလ် စကားပြောရင်း ရှေ့ ခြေတစ်လှမ်းတိုးလာတိုင်း ဘတ်ခ်ဟျွန်းက နောက်ခြေတစ်လှမ်း ဆုတ် သွားသည်။

ပတ်ခ်ချန်းယောလ်က ဘာလို့ ရှေ့ကို တိုးတိုးလာတာလဲ ။  အီး.. ငါကြောက်ပါတယ်ဆို!

ဘတ်ခ်ဟျွန်း နောက်သို့ ဆုတ်စရာ နေရာ မရှိတော့ပေ။ နံရံ နဲ့ ကျောပြင်မှာ ထိနေပြီဖြစ်သည်။
ရှေ့၌ လည်း  ပတ်ခ်ချန်းယောလ် က တည့်တည့် မတ်တပ်ရပ်လျက်ပင်။
မျက်နှာကို မော့မကြည့်ရဲ့သဖြင့် ခေါင်းကို အောက်သို့သာ ငုံ့ထားတော့သည်။

"အော်..ဖြေလေ
ဘယ်သူလဲလို့"

"ဟို..ဗြောင်မင်ဝူးပါ"

"  ငါ့ကို ကိုယ်ထိ လက်ရောက် ကျူးလွန်တာ‌က မင်ဝူးလေ
မင်းမှမဟုတ်တာ"

"အကို..အကို့အစားလာတောင်းပန်တာပါ"

ဘတ်ခ်ဟျွန်းရှေ့ မတ်တပ်ရပ်နေရာမှ   ဘေးနားက ဆိုဖာ ပေါ် ခြေချိတ် လက်ပိုက်၍ ထိုင်လိုက်သည်။

ဘတ်ခ်ဟျွန်းအား ထိုင်ဆိုသည့်ပုံစံဖြင့် သူ့ရှေ့တည့်တည့်က ခုံ ကို လက်ညိုး ထိုးပြလိုက်သည်။

" ငါခိုင်းတာ မင်းလုပ်ပေးမလား
အဲ့ဒါဆို ငါ မင်းအကို ကို ပြန်လွှတ်ပေးမယ်"

" ဗျာ!"

"စိတ်မပူပါနဲ့ ငါ မဟုတ်တာ မခိုင်းပါဘူး"

"လုပ်..လုပ်ပေးပါ့မယ်"

"ခဏစောင့်"

ဟူး~~
အခုမှ အသက်ရှူ ချောင်တော့တယ်။
ပတ်ခ်ချန်းယောလ် ကြီးက သသများတွေပြောသလို တကယ်ကြည့်ကောင်းတာပဲ။
အရမ်းမိုက်တယ် ဒါ့ကြောင့် မိန်းကလတွေအသဲစွဲ ဖြစ်နေတာ နေမှာ။

Unequal  LoveWhere stories live. Discover now