Part-2

247 62 25
                                    

Uni

ဆော့ဂျင် အသက်ကို ခပ်ပြင်းပြင်းရှူထုတ်မိသည်။ ဒါရိုက်တာရှေ့မှာ ရိုင်းသလို ဖြစ်သွားလားလည်း မပြောတတ်တော့ပေ။ ဒါပေမဲ့ သေချာတာတစ်ခုက သူ့ရင်ဘတ်ထဲမှာ အရမ်းကို တင်းကြပ်ပြီး နာနေတာပင်။ အမြဲတမ်းရွှင်ပျနေတတ်ပြီး တော်ရုံပင်ပန်းတာလောက်ကို ထုတ်မပြတတ်တာကြောင့် မျက်နှာက အီလည်လည်ဖြစ်နေရုံမှတပါး ငိုချင်သည့်အမူအရာတောင် မလုပ်တတ်တော့။ တကယ်တော့ သူ အရမ်းပင်ပန်းနေခဲ့တာ...။

“ဆော့ဂျင် ငါနားလည်ပါတယ်။ ဒါက ရက်စက်ရာကျပေမဲ့လည်း ငါမတတ်နိုင်တော့ဘူး။ မင်းသိတဲ့အတိုင်း ကုမ္ပဏီက မင်းအပေါ်ကောင်းပေးခဲ့တာပဲလေ။ မင်း စထွက်လာကတည်းက အခုအချိန်အထိ ငါတို့မင်းကို ပစ်ထားတာ ရှိခဲ့ဖူးလို့လား။ ငါက ကျေးဇူးတွေနဲ့ တုပ်နှောင်ချင်တာတော့မဟုတ်ဘူး”

ဒါရိုက်တာကြီးရဲ့ စကားသံက နားထဲကို ပြတ်တောင်းပြတ်တောင်းဝင်ရောက်၏။

“တောင်းပန်ပါတယ် ဆော့ဂျင်။ သူ့အထောက်အပံ့ကိုမှ မရရင် ကုမ္ပဏီက ပြိုလဲတော့မဲ့ အနေအထားမှာရှိနေတာ။ မင်း... မင်းကတော့ လွတ်ရာရုန်းလို့ရပေမဲ့ ကုမ္ပဏီက...”

“ကျွန်တော်က... သရုပ်ဆောင်တစ်ယောက် မဟုတ်ဘူးလား။ ဘာဖြစ်လို့ ဒီလိုလုပ်ခံရတာလဲ။ ဘာလို့ ကျွန်တော်လဲ”

မနေနိုင်လွန်း၍ စကားဖြတ်မိတော့ ဒါရိုက်တာကြီးက ပျာပျာသလဲ လက်ကာပြသည်။

“မဟုတ်ပါဘူး ဆော့ဂျင်ရာ ဒီလိုကြီး မပြောလိုက်ပါနဲ့။ တစ်ပတ်... တစ်ပတ်ပါပဲ။ နောက်ပြီး လိင်ပိုင်းဆိုင်ရာတွေ ဘာတွေ ဘာမှထိတွေ့မှုရှိစရာမလိုဘူး။ ဒီအတိုင်း... ဒီအတိုင်း ကင်မရာရှေ့မှာ သရုပ်ဆောင်နေသလိုပဲလေ ဆော့ဂျင်။ ဟင်? ကျေးဇူးပြုပြီး လက်ခံပေးလို့မရဘူးလား။ သတင်းလည်း မထွက်စေရဘူး။ ငါတို့အကုန်တာဝန်ယူပေးမယ်။ မင်း ဘာမှမဖြစ်စေရပါဘူးကွာ နော်... ဆော့ဂျင် ကူညီပါကွာ”

ငိုတော့မလိုမျက်နှာထားနဲ့ ဒါရိုက်တာကြီးကိုလည်း အားနာမိသည်။ သို့သော် နည်းနည်းတော့ရင်နာသည်။ ကုမ္ပဏီက ဘယ်အချိန်ကတည်းက ဒီလောက်အားနည်းသွားတယ်ဆိုတာ သူလည်း မသိခဲ့။ သရုပ်ဆောင်အသစ်လေးမို့ နာမည်ရဖို့အတွက် ဟိုဟိုဒီဒီပြေးလွှားနေရင်း တောက်လျှောက်ပင်ပန်းနေခဲ့တာ။ ဒီအိပ်မက်ကို သူ မရရအောင်လျှောက်ခဲ့ရင်း ရှိသမျှအချိန်အကုန် ပေးဆပ်ထားခဲ့တာ။ သူ့ရည်မှန်းချက်အတွက် သပ်သပ်ချည်းတော့ ဘယ်ဟုတ်ပါ့မလဲ။ အကယ်၍သာ သူက... စင်ပေါ်ကို တက်ပြီးမတ်တပ်ရပ်ခဲ့ရင် နမ်ဂျွန်းဆိုတဲ့ အိမ်ပြေးလေး သူ့ဆီများ ရောက်လာလေမလားလို့။ ရှာရခက်နေတဲ့လူကို စင်ပေါ်ကဖြစ်ဖြစ် အော်ခေါ်ချင်လွန်းလို့။

Let's Bike With Me (Eden Contest)Where stories live. Discover now