EP - 61 : ​ဟိုးရှေးရှေးတုန်းက ..「ဟိုးရှေးရှေးတုန်းက ..」

2.1K 90 45
                                    

Zawgyi

ဖေဖော်ဝါရီလ ၁၄ ရက် ၊
၂၀၂၁ ခုနှစ် ။

ဂျနီဗာမြို့တော် ၊ ဆွစ်ဇာလန်နိုင်ငံ ။


“ happy valentine's day ..”

“ အလကားသက်သက် မမရဲ့ပန်းတွေ မဖြုန်းနဲ့လေဗျာ .. ”


အရာရာတိုင်းထက် သာလွန်တဲ့ချစ်ခြင်းတရားကို ညွှန်းဆိုနိုင်ဖို့ဆိုရင် .. နှင်းဆီပန်းနီနီ တစ်ထောင့်တစ်ပွင့်က အကောင်းဆုံးသင်္ကေတပဲတဲ့ .. ။

မမရိယန်ကိုယ်တိုင် သူ့ကို ဒီလိုပြောလိုက်တာပါဗျာ .. ။ ဒါကြောင့်လဲ သူက မနေ့ကတစ်နေကုန်လုံး နှင်းဆီခြံထဲ ကိုယ်တိုင်ဆင်း အလှဆုံးဆိုတဲ့ နှင်းဆီပန်းတွေ ‌ကိုယ်တိုင်ကိုယ်ကျ ရွေးခူးပြီး .. ဒီနေ့မှာ တစ်ထောင့်နဲ့တစ်ပွင့်တိတိပါတဲ့ နှင်းဆီပန်းစည်းကြီး ပြင်ဆင်လာခဲ့တာ .. ။

ဆိုပေမယ့်လဲ .. ရိပေါ်လေးကတော့ ပါးပါးမျှတောင် ပြုံးတော်မမူဘဲ မျက်မှောင်ကြီးကြုတ်ပြီး ဟန့်ထုတ်လေရဲ့ .. ။ အချစ်သင်္ကေတထက်ပဲ .. သူ့မမ ပန်းဆိုင်ကပန်းတွေ အလဟဿဖြစ်သွားမှာ စိုးရိမ်နေသလိုမျိုးလေ .. ။

ကဲ .. သူ့အပေါ်  လွန်လွန်းတယ်မဟုတ်ဘူးလား ပြော .. ။


“ ရိပေါ်လေး .. ဘာတွေ အလိုမကျနေတာ .. ”

“ ဘာကိုလဲ .. ဘာကို အလိုမကျရမှာလဲ .. အကုန်လုံးကို အလိုကျတယ် .. ”

“ ဒါဆို အကုန်လုံးကို အလိုကျနေတဲ့သူက အခုလို ဆူပုပ်ကုတ်ချိုးနေတဲ့ မျက်နှာပေးနဲ့ပေါ့ .. ”

“ အာဗျာ .. ဒီမှာ ဒီဇိုင်းအသစ်ထွက်နေတာ မြင်ရဲ့သားကို .. အာရုံများအောင် မလုပ်စမ်းနဲ့ .. သွား .. ဟိုဘက်မှာ မမကိုကူပြီး ဧည့်သည်သွားကြိုပေးနေလိုက် .. ”

“ နှင်ထုတ်တယ်ပေါ့ .. ”

“ ရှောင်းကျန့်ကော .. ”

“ ဟုတ်ပြီဟုတ်ပြီ ..
ကောက မနှောက်ယှက်တော့ဘူး .. ငြိမ်ငြိမ်လေးပဲ ထိုင်နေမယ် .. ငြိမ်ငြိမ်လေးပဲထိုင်ပြီး ကောကလေးလေးကို ငေးကြည့်နေတော့မယ် .. ”

ʟᴏɴɢ ᴛɪᴍᴇ ᴀɢᴏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Where stories live. Discover now