3

296 46 2
                                    

(Unicode)

Asahi တစ်ယောက်ရေချိုးပြီးကတည်းက သူ့ရဲ့ခလုတ်နှိပ်ph လေးကိုကိုင်ကာ နံပါတ်တစ်ခုအား ဆတ်သင့်လား မဆတ်သင့်လား စဥ်းစားနေတာ နာရီဝတ်ပင်ရှိပြီ။ထပ်ပြီး စဥ်းစားနေရင် နောက်တစ်ရက်ကူးသွားတော့မည်။

ဒါကြောင့်သူထပ်မစဥ်းစားတော့ဘဲ
လက်တွေက နံပါတ်တွေဆီပြေးသွားရင်း အခုဆိုသူph ခေါ်လိုက်ပြီ။

"ဟယ်လို Asahi ပြော"

"အင်း..ငါမေးစရာရှိလို့"

"မေးမေး ဘာမေးမို့လဲ?"

"ဟိုလေ"

"အင်း"

"ဝိတ်ချတဲ့နည်းသိလား?"

"ဟင်.. နင်ဘာလုပ်မို့လဲ?"

"ဝိတ်ချတဲ့နည်းမေးပါတယ်ဆိုမှ ဝိတ်ချမလို့ပေါ့ Hanso ရဲ့"

"အေးလေ ငါလည်းအဲ့တာဘဲပြောတာ ဘယ်သူက ဝိတ်ချမှာလဲ?"

"ငါလေ..ငါချမလို့"

"ဟင်..နင့်ကို ဝနေတယ်လို့ ဘယ်သူပြောလဲ"

"အဟင်း..ဘယ်သူမှမပြောပါဘူး "

"အဲ့လောက်ဆို ငါသဘောပေါက်သွားပြီ
နင့်ရဲ့ Crush ကြီးဘဲမလား?"

"သိရင်လည်း ဘာလို့မေးနေသေးလဲ?"

အမှန်ပင် Asahi မှာ သူငယ်ချင်းမလေး ဒီတစ်ယောက်ဘဲရှိပါတယ်ဆို ထိုသူငယ်ချင်းမလေးကလည်း လေကြောအရမ်းရှည်နေ သေးသည်။

"သေချာလိုက်မှတ်"

"အင်း..ခဏလေး ငါဘောပင် ယူဦးမယ်"

Asahi တစ်ယောက် ဘောပင်ရယ် စာရွက်တစ်ရွက်ရယ်ကို အမြန်ယူကာ ပြာယာခပ်နေသည်။

သူ့သူငယ်ချင်းမလေး​ပြောတဲ့ အရာများကို တစ်ခုချင်းလိုက်မှတ်နေသည်။

ခဏအကြာ သူတို့နှစ်​ယောက်ရဲ့ ph ခေါ်ဆိုမူကြီး ပြီးဆုံးသွားသည်။

Ph ချပြီးတဲ့နောက်မှ Asahi တစ်ယောက်
စာရွက်ထဲတွင်မှတ်ထားသော အရာတစ်ချိူ့ကို ပြန်ကြည့်ရင် ညဘတ် အမေတို့ အိပ်တဲ့ချိန် လုပ်ရမယ်ဆိုပြီး တေးမှတ်ထားသည်။

"ပျားရည် - ၂ ဇွန်း
သံပုရာသီးအသေး - ၁ လုံး
ကြက်သွန်ဖြူ - ၃ မွှာ
ရေနွေးဖြူ - တစ်ခွက်..."

Always Love You {Jaesahi} ( Uni & Zaw)Where stories live. Discover now