Episode 7

531 49 12
                                    

Unicode

အိပ်ရာထက်မှာ အရောင်အသွေး မစုံလင်သေးတဲ့ ကြာပန်းငယ် ပွင့်ပျိူလေး တစ်ယောက်

ကျွီ.....

ထိုကြာပန်းငယ်ရဲ့ အိပ်ရာတည့်တည့်မှ ပြတင်းပေါက်ကို ရိပေါ် ဖွင့်လိုက်သည်။

မျက်နှာတည့်တည့် ဖြာကျလာတဲ့ နေရောင်ကို ကျိုးချန် ကာရင်း

" ရိပေါ် ငါအိပ်ချင်သေးတယ်"

ပျင်းရိလေးကန် စွာ ကုတင်တစ်ဖက်ကို လှိမ့်ရင်း
ပြန်အိပ်ရန် ကြိုးစားသည်။

"ကျိုးချန် ထတော့ မင်း ခယ်အို က ရုတ်တရက် အလုပ်နဲ့ ခရီးသွားပြီ ကလေးနှစ်ယောက်ရယ် မင်း ရယ် ငါရယ်ဘဲ ကျန်ခဲ့တာ "

ခပ်အေးအေး လေပြေအေး အသံနှင့်အတူ
ခုတင်ပေါ် အိခနဲ့နေအောင် ရိပေါ်တစ်ယောက် ပြတင်းပေါက်ကို မျက်နှာမူကာ ထိုင်ချလိုက်သည်။

" အဲ့တော့ ဘာလုပ်ရမှာလဲ မီးဖိုချောင်လား ဝေရာ ဝစ္စလား ရိပေါ် ။ အာ့ဆိုရင်တော့ ရေခဲသေတ္တာထဲမှာ မနေ့က ငါအရန်ဟင်းတွေ ထည့်ထားတယ် အပိုတော့ မချက်နဲ့တော့ နှစ်ရက်စာတော့ရလောက်ဦးမှာ "

မျက်လုံး မဖွင့်ဘဲ အိပ်ချင်မူးတူးနဲ့ စကားပြောနေတဲ့ ညီဖြစ်သူကို ရိပေါ် မျက်စောင်းတစ်ချက်ထိုးပို့လိုက်သည်။

" ငပျင်း ဒီပုံနဲ့ အစားပြည့်ပြည့်ဝဝ စားရဦးမယ် "

တူလေး ရင်း က အခန်းထဲပြေးဝင်လာပြီး
ကျိုးချန် ပေါ်သို့ အတင်းတတ်ဖိကာ

" ဦးဦး မထသေးဘူးလား"

ရင်း က ကျိူးချန်ပေါ်မှာ ဂဏာမငြိမ်ကာ
ကျိူးချန် ဗိုက်ကို နင်းမိသွား၏

" အ့ သေပါပြ‌ီ "

"ဦးဦး ဘာဖြစ်တာယဲ "

ရင်း ခဗျာ လန့်လန့်ကြားကြား ရယ်။

" သားက ဦးဦး ဗိုက်ပေါ် တတ်ခုန်မှတော့ ဦး က ဗိုက်အောင့်ပြီပေါ့ "

ရင်း က မိခင်ဖြစ်သူ ရိပေါ် ရင်ခွင်ထဲသို့ ဝင်ကာ ထပ်ချွဲပြန်ကော။

" ရိပေါ် ငါကြောက်တယ် "

ကွဲအက်အက် စကားတချို့မှာ သိမ်ငယ်စိတ်တွေရောထွေးနေမှန်း ရိပေါ် သိသည်။

You've reached the end of published parts.

⏰ Last updated: Aug 27, 2021 ⏰

Add this story to your Library to get notified about new parts!

Remember that I Love YouWhere stories live. Discover now