ဝမ်းနည်းခြင်းနွေဦး

149 10 0
                                    

😈 နတ်ဆိုးနှင့်တစ်နေ့တာ 😈

Episode 8

"သက်တံ...ဒီနေ့အရမ်းတွေရွှင်မြူးနေပါလား၊ ​ကောင်းတဲ့ကိစ္စများရှိလို့လား''

တစ်တန်းတည်းထိုင်တဲ့နီလာက သက်တံဒီနေ့တမူထူးခြားနေတာကိုသတိထားမိ၏။
ကျောင်းတက်စတည်းက သက်တံဘေးက
နီလာနဲ့သာစကားအနည်းငယ်ပြောဖူးတာ။

"အဲလိုမရှိပါဘူး...အိမ်မက်လှလှလေးမက်လို့ပါ''

"ဟယ်...ဘယ်လိုအိမ်မက်လဲ''

စိတ်ဝင်တစားမေးတော့သက်တံမျက်နှာလေးဝင်းသွားရင်းးး

"ကောင်လေးတစ်ယောက်ကိုမက်တာ...''

"OMG!!! ဘယ်လိုကောင်လေးလဲ၊ ဘယ်လိုမျိုးလေးလဲ''

နီလာကအသည်းတယားယားမေးနေ၏။

"မျက်နှာကိုသေချာမမြင်လိုက်ရပေမဲ့...သူ့ကိုတွေ့လိုက်ရတာအရမ်း...ဘယ်လိုပြောရမလဲ..အရမ်း''

"လုံခြုံနွေးထွေးမှုကိုခံစားရတယ်...မဟုတ်လား''

"အွန်းအွန်း..အဲလိုပဲ''

သက်တံခေါင်းလေးတစ်ညိတ်ညိတ်နဲ့ဖြေတော့ နီလာကစားပွဲခုံကိုတစ်ချက်ထုလိုက်ရင်း...

"သေချာတယ်...အဲဒါအနာဂတ်ရဲ့ဖူးစာရှင်ပဲ''

"ဘာ??ဟုတ်...ဟုတ်လို့လား''

ရင်ထဲမရိုးမရွကြီးဖြစ်လျက် မေးမိသည်။
နီလာကတော့ အသေအချာပင်ဟုတ်နေ၍

"လုံးဝဟုတ်တယ်..ငါအိမ်မက်ကျမ်းတွေဖတ်တာနင်အသိပါ..၊ အဲဒါလုံးဝနင့်ဖူးစာရှင်ပဲ''

မှန်သမှန်၊ ဟုတ်မဟုတ်မသိပေမဲ့ သက်တံကတော့ရင်ခုန်စိတ်လှုပ်ရှားတာအမှန်ပဲ။
အိမ်မက်ထဲက သူ....။
သူငါ့ကို စောင့်နေပါတဲ့။
တချိန်ကျရင် သူရောက်လာမှာလား။

လက်တွေ့ဘဝကြီးက ကြမ်းတမ်းလွန်းပေမဲ့ ပုံပြင်ဆန်ဆန်လေး ကျွန်မအိမ်မက်တွေကလှပလာခဲ့တယ်။
သူရဲကောင်းရဲ့ကယ်တင်ခြင်းကိုစောင့်မျှော်နေတဲ့ မင်းသမီးလေးတစ်ပါးလို့ စိတ်ကူးယဥ်မိတော့တာပဲ။

ဒါပေမဲ့ အဲဒီစိတ်ကူးကအ​ပေါစားစိတ်ကူး
ယဥ်မှုတစ်ခုဆိုတာ...ကျွန်မမသိခဲ့ဘူး...။
ပုံပြင်တွေထဲကသူရဲကောင်းဟာဘယ်တော့မှ
ထွက်ပေါ်လာခြင်းမရှိဘူး။
ကြမ်းတမ်းတဲ့ဘဝလမ်းထဲ ခြေဖဝါးတွေကွဲပြီးသွေးအလျှံလျှံကျနေလည်း ဘယ်သူကမှမကူညီဘူး။

နတ်ဆိုးနှင့်တစ်နေ့တာ Where stories live. Discover now