ကိုယ့်ဘက်က အရင် စနမ်းလိုက်မိတာဆိုပေမဲ့
သိပ်ပြီး မရဲတဲ့ နှုတ်ခမ်းတွေက
ရှေ့ဆက်ဖို့ကိုလည်း တွန့်ဆုတ်လို့နေလေသည် ။ ရင်ခွင်ထဲဆွဲသွင်းရင်း အနမ်းခံလိုက်ရတဲ့ NaYeonမှာတော့ မျက်တောင်တစ်ခက်ခက်ဖြင့် ။
ဘာဆက်လုပ်ရမှန်း မသိနဲ့ အာခေါင်တွေခြောက်ချင်လာလို့ တံတွေးကိုသာ JeongYeonမှာ
အတင်းမျိုချရေတာ့သည် ။" ဟို ~~ ?? တောင်းပန်_ "
စကားတွေ မဆုံးလိုက်ဘူး ။ ပါးနှစ်ဖက်ကို
အသေချာကိုင်ပြီး ပြန်နမ်းလာတဲ့
NaYeonက သူမ အနမ်းတွေကို ဘယ်လို
ရှေ့ဆက်ရမလည်းဆိုတာ အသိပေးလို့လာသည် ။
တစ်ဖြည်းဖြည်း အိမ်အပြင်ရောက်ရမဲ့ ခြေလှမ်းတွေက ဧည့်ခန်းထဲကိုသာ ရောက်လို့လာခဲ့ရင်း
ဆိုဖာပေါ်ကိုသာ JeongYeonမှာ ထိုင်ချမိလိုက်တော့သည် ။ ပေါင်ပေါ်က ခပ်သေးသေး
အမျိုးသမီးလေးကတော့ သူမရဲ့ကျောတွေကို ဆိုဖာမှာ မှီစေလိုက်မိတဲ့တိုင်အောင် သူမရဲ့ စိတ်ဝိညာဉ်တစ်ခုလုံးကို စိုးမိုးလို့နေလေသည် ။ရှုပ်တည်းထားသမျှတွေ လွှတ်ချလိုက်တော့မှ
ပွင့်အံလာတဲ့ အချစ်စိတ်တွေက
JeongYeonရဲ့ နှုတ်ခမ်းတွေပေါ် စုဝေးရာအဖြစ်
သို့ရောက်ရှိလာေလသည် ။ ရင်တွေကလည်း
တခုန်ခုန်မို့ မောလာတဲ့စိတ်ကြောင့်
နမ်းနေတာကို ခဏရပ်လိုက်ပြီး JeongYeonကို
ကြည့်တော့ သူမကို မော်ကြည့်နေတဲ့
JeongYeonရဲ့ မျက်ဝန်းတွေမှာ
Mrs.Yooကြောင့်နဲ့ တင်းခံထားသမျှ သူမစိတ်တွေ
အကုန် ပျော်ကြကုန်သည် ။
JeongYeonမျက်ဝန်းတွေထဲ ငေးနေတဲ့
NaYeonဟာ သူမလက်တွေကို JeongYeonရဲ့
ဂုတ်ပိုးတွေပေါ်တင်လိုက်ပြီး သူမမျက်လုံးတွေကို JeongYeonရဲ့ မျက်ဝန်းလှလှတွေထဲမှာ
အချိန်အတော်ကြား ထည့်သိမ်းထားေနမိသည် ။
ဒီလိုနဲ့ဘဲ တဖြည်းဖြည်းပြန်တည်ငြိမ်လာတဲ့
စိတ်မှာ လွတ်သွားတဲ့စိတ်တွေအကုန်
ပြန်စုစည်းမိလိုက်တော့ သူမရင်ဘက်ထဲက တဒုန်းဒုန်းခုန်နေတဲ့အသံတွေကအစ ပြန်ကြားလို့လာသည် ။ စိတ်တွေအကုန် ကိုယ်မှာပြန်ကပ်ကုန်တော့ နောက်တစ်ကြိမ် ထပ်ပြီး JeongYeonကို
နမ်းဖို့ဆိုတာလည်းNaYeonမှာ အတော်လေးကို ရှက်လာတာကြောင့် JeongYeonပေါင်ပေါ်ကနေ
အမြန်ဆင်းလိုက်မိသည် ။
သူမကိုကြည့်နေရင်းက ကိုယ်ပေါ်က ထပြေးတဲ့
NaYeonကြောင့် JeongYeonမှာတော့ ကြောင်တောင်တောင်လေးဖြင့်သာ ဆိုဖာပေါ်
ကျန်ရစ်ခဲ့ရသည် ။
YOU ARE READING
A Yeon