°8°

15.2K 2K 259
                                    

ပြန်စာမလာတဲ့ မက်ဆေ့ချ်ကို ကြည့်ပြီး ခွဲစိတ်ခန်းထဲက အဖေ့နီးပါး Taehyung ကို သူ စိတ်ပူသွားမိသည်။

မငိုအောင် အံကြိတ်တင်းထားတဲ့
မေ့မေ့ရဲ့ လက်သွယ်သွယ်လေးကို Jungkook အသာလေး ဆုပ်ကိုင်လိုက်သည်။

''ဖေဖေ အဆင်ပြေသွားမှာပါ''

''အင်း သူနိုးလာရင် မေ့မေ့ စွတ်ပြုတ်ကို သောက်ရဦးမယ်မှတ်လား ။ မေမေသိတယ် ။ သူအဆင်ပြေသွားမှာပါ ''

အိမ်က ဒရိုင်ဘာနောက်ကို သူဌေးသမီးဆိုတဲ့ ဂုဏ်ကိုစွန့်ပစ်ပြီး ဘဝတစ်ခုလုံး ပုံအောပစ်ခဲ့သည့် မေမေ။

တစ်မျိုးလုံးက ဖယ်ကြဥ်ထားပေးမဲ့ မေမေကတော့ ခပ်ပြုံးပြုံးလေးပဲ။

ဘာလို့ဆို သူမ
သိပ်ပျော်နေတာမို့လို့တဲ့လေ။

အခုလည်း ထုတ်သာမပြောတာ
မေ့မေ့ရင်ထဲ ဘယ်လောက်တောင်
ဗလောင်ဆူနေသည်မသိ။

''ခွဲစိတ်တာအောင်မြင်ပါတယ် ။
ခဏနေရင် လူနာကို သီးသန့်အခန်းကို ရွေ့ပါမယ်ရှင်''

ဆရာဝန်၏ စကားသံက သူတို့သားမိနှစ်ယောက်အတွက်တော့ အဖိုးမဖြတ်နိုင်သည့် ကောင်းချီးတစ်ခု။

တစ်ဖက်မှ ပြန်စာမရှိသည့် မက်ဆေ့ချ်box ကို လျစ်လျူရှုပြီး Taehyung ၏ ဖုန်းနံပါတ်ကို ခေါ်လိုက်မိသည်။

အခုအချိန်မှာ သူ တစ်ယောက်ယောက်ကို ဖေဖေသက်သာလာပြီဆိုတဲ့ အကြောင်းကို ပျော်လွန်းလို့ ရင်ဖွင့်ချင်နေပြီလေ။

သုံးခါမြောက်ခေါ်မှ ကိုင်သည့်ဖုန်း။

''Taehyung ဖေဖေ သက်သာသွားပြီကွ။ ငါဒီနေ့ ကျောင်းမလာဘူးနော်။ မင်းကို မက်ဆေ့ချ်ပို့ပြီး ပြောထားတယ် တွေ့တယ်မှတ်လား ''

''ဦးလေး သက်သာသွားပြီဆိုတော့ ငါလည်း စိတ်အေးသွားပြီ ။ တကယ်တော့ ငါ ဆေးရုံဆီလာမလို့ပဲ ကိစ္စလေးနည်းနည်းရှိနေ-''

''လူနာ Kim Taehyung ဆေးထပ်စစ်ဖို့ အချိန်ရောက်လာပါပြီ ''

တစ်ဖက်က Taehyung ရဲ့ စကားမဆုံးခင် ဖြတ်ဝင်လာတဲ့ အသံက တကယ့်ကို ပီပီသသ။

''Jungkook အဲ့.. အဲ့ဒါဆို ဒါပဲနော် ။
ဦးလေးကို ဂရုစိုက်လိုက်ဦး''

Friend Zone ( Completed )Where stories live. Discover now