(29)မောင်ငါ့ကို ကယ်ပါ / ေမာင္ငါ့ကို ကယ္ပါ

2.7K 205 20
                                    


Unicode

အချစ်ဆိုသောအရာ၌ ထုတ်ဖော်ပြောခါမှ နားလည်၍ရသော အရာမျိုးမဟုတ်သည်ကြောင့် အမုန်းတွေကို ဘေးချပြီး ။ ဒီတစ်ခါ မောင့်ကို မြင်အောင်ကြည့်ရအောင်....

ခေါင်းစဥ်မဲ့နေသော ဒါမှမဟုတ်
သူကိုယ်တိုင် ခေါင်းစဥ်မတပ်ထားသော
ခံစားချက်လေးတွေကို တွေ့ရလိမ့်မယ်။

.............ရင်မှာပျိုးတဲ့ဆူး.............

" ဒုန်း....."

တံခါးတွန်းဖွင့်သံကြောင့်ခူးဆွတ်မောင်နှင့် ရဲမင်းစက်တို့၏ အကြည့်တို့က ထိုလူဆီသို့....

" မောင်......" တဲ့....

မာန်မင်းမောင်တစ်ယောက် bar မှအပြန် ကလေးငယ်၏ တိုက်ခန်းထဲသို့ဝင်ကာ အမူးဇာတ်ခင်း၍ အိမ်ပြန်ခေါ်ဖို့
ရောက်လာခဲ့ခြင်းဖြစ်၏ ။ အိမ်တံခါးကို ခေါက်သော်လည်း အတော်နှင့်ထူးမလား။တံခါးနားသို့ လာသည့် ခြေလှမ်းသံကိုကြားလိုက်ရသည် ။ သို့ပေ ဖွင့်ပေးမလိုနှင့် ဂျက်ကိုမသိမသာ ချလိုက်သည့်အခါမင်းမောင် သံသရဝင်သွားမိသည်။

ဘာလဲမင်းက ငါမသိအောင်ဘာမြန်းလုပ်နေလို့။ မောင်က မင်းကို လွှတ်ပေးမှာမဟုတ်လို့ဒီတိုက်ခန်းဟောင်းလေးကိုတောင်စျေးနှစ်ဆ ပေးဝယ်ထားတာ။

ဤတံခါးသော့ကိုအသစ်လုပ်ကာကလေးငယ်မသိအောင် သူ့သော့အဟောင်းလေးနဲ့ လဲပေးထားခဲ့ပြီး အပိုသော့တစ်ချောင်းလည်း မောင်ထံတွင်ရှိနေ၏ ။ မောင်ဟာ တံခါးကို ချက်ချင်းဖွင့်လိုက်တဲ့အခါအထဲဝယ် လူနှစ်ယောက်ကိုတွေ့ရ၏။တစ်ယောက်က ရဲမင်းစက် ။ တစ်ယောက်က သူ့ကလေးငယ် နှင့်အတူ အနီးအနားတဝှိက်တွင် သွေးများပေကြမ်းလျှက် ။ ဤသည်မှာ ပေါင်၌ ဓားဖြင့်ထိုးစိုက်ထားရသည့် ဒဏ်ရာမှသွေးများလွန်ကဲစွာထွက်လေသည်....။

စိုးရိမ်မူနှင့်အတူ ဒေါသများက မူးယစ်မူကို လွမ်းမိုးကာဦးနှောက်အသိစိတ်က ပြန်လှည့်လာသည်....။

" ခွေးမသား...."

မောင်ဟာ ချက်ချင်း ရဲမင်းစက် ဆီသို့ပြေးလာသည့်အခါရဲမင်းစက် ဟာလည်း သူကိုင်သည့် တုတ်ဖြင့် ရိုက်ဖို့ရွယ်လိုက်သော်လည်းလက်ကောက်
ဝတ်လိမ်ချိုးခြင်း ခံရတာမို့....
ဒုတ်ဟာ ပြုတ်ကျလေသည်....။

ရင်မှာ ပျိုးတဲ့ဆူး / ရင္မွာ ပ်ိဳးတဲ့ဆူးWhere stories live. Discover now