ကျွန်
...6....
သူမရဲ့စကားကြောင့် မျက်လုံးပြူးသွားရသူက ရောင်ခြည်
အလျင်စလိုပဲ ညီမလေးကို ကျောနောက်သို့ပို့လိုက်ကာ...
လက်နှစ်ဖက်ကို ဆန့်တန်းလို့ ကာကွယ်ပေးရန် အသင့်အနေအထားဖြင့်...
"ရှေ့ကဖယ်စမ်း...ဒီကောင်မကို အပိုးကျိုးအောင် သင်ပေးရမယ်"
နွားနို့တွေနဲ့ပေပွနေတဲ့ သူမ ဟာ ဒေါသတကြီး ဤသို့ဆိုလာခဲ့တယ်။
"သူက ကလေးပဲရှိသေးတာ..အကောင်းအဆိုးမခွဲခြားတတ်သေးပါဘူး..ကျွန်တော် တောင်းပန်ပါတယ်"
"ဟုတ်ပါတယ် မမနွရေယ်....ကလေးမလေးက အလွန်ဆုံးရှိမှ ငါးနှစ် ခြောက်နှစ် ဝန်းကျင်လောက်ပါပဲ
သူ မသိလို့ ဒီလိုလုပ်မိတာပါ..ခွင့်လွတ်ပေးလိုက်ပါနော်..."ကိုဖိုးချမ်းရဲ့ ထစ်ထစ်ငေါ့ငေါ့ထွက်လာတဲ့ ထိုစကားကို ကြားအပြီးမှာတော့
ဒေါ်နွရေိပ်လွှာတစ်ယောက် ဟက်ကနဲ ခနဲ့ရယ် ရယ်လိုက်ကာ...
ယုဟူဆီမှ တစ်ရှူးတောင်းလိုက်ပြီး နွားနို့တွေကို ဖွဖွ ဖယ်သုတ်လျက်..
တိုးတိုး တိုးတိုးနဲ့ တစ်စုံတစ်ခု စေခိုင်းလိုက်သည်ထင်...
ယုဟူတစ်ယောက် အခန်းထဲမှ သော့သော့လေးပြေးထွက်သွားလေရဲ့....
"ဟုတ်တာပေါ့....ဒီအရွယ်လေးက လုပ်သင့်တဲ့ကိစ္စ မလုပ်သင့်တဲ့ကိစ္စလို့ ဘယ်ခွဲခြားတတ်မှာလဲ"
ပြောပြီး ရောင်ခြည်တို့မောင်နှမ ရှေ့ရှိ လင်ဗန်းထဲမှ ကျန်ရှိနေသေးသော ပလာတာအနည်းငယ်ကို
လက်ဖျားလက်နားနဲ့ ကောက်ကိုင်ကာ အနီးရှိ အမှိုက်ပုံးထဲသို့ ပက်ကနဲ လွင့်ပစ်လိုက်သည့် သူမ....
"အဟင်း..တောင်းလဲတောင်းပန်ပြီးပြီဆိုတော့ ကျေအေးပေးလိုက်သင့်တယ်လို့ ထင်တယ်ပေါ့ ဟုတ်လား ဖိုးချမ်း"
ပြုံးရောင်သမ်းကာ ပြောနေတဲ့ ဒေါ်နွရေိပ်လွှာပုံစံဟာ အပေါ်ယံကြည့်ရင်တော့ သဘောကောင်းတဲ့အမျိုးသမီးတစ်ယောက်ပေါ့...