✨ချစ်ရသည်က…အသက်ထက်ဆုံး✨
ထယ်ဦးလေယာဉ်ပေါ်တက်ခါနီးတွင်
သမီးကိုတရွှတ်ရွှတ်နမ်းမိသည်။တခါမှမခွဲဘူးတော့ သမီးကိုထားခဲ့ရမှာ စိတ်ထဲမကောင်း။
သမီးကတော့ ကလေးပေမဲ့ ရင့်ကျတ်သည်။
မျက်နှာတစ်ချက်မပျက်ဘဲ ထယ်ဦးကို ချစ်စရာကောင်းစွာကြည့်သည်။"သမီး ကောင်းကောင်းနေခဲ့နော်
ဖေဖေ ဟိုမှာ အလုပ်အားတာနဲ့ သမီးစီဖုန်းဆက်မယ်
လိုချင်တာရှိရင် အိမ်ကအန်တီကိုရော ဒီအန်တီလေးကိုရော ပြောပြ ဟုတ်ပြီလား""ဟုတ် ဖေ…သမီးကိုစိတ်ချနော်"
"ကျောင်းမှာအဆင်မပြေရင်လဲ
အန်တီလေးကိုသေချာပြောပြနော်""ဟုတ်ကဲ့ ဖေ"
"ကေသရီ ကိုယ်စိတ်ချမယ်နော် သမီးကို"
ကေသရီ့ကိုလဲ အကူအညီတောင်းရသေးသည်။
ရေမြေခြားမှာ သမီးကတစ်ယောက်ထဲကျန်ခဲ့မှာမို့လား။"စိတ်ချပါကိုဦးရဲ့
ကိုဦးသမီးကို ကေသရီသေချာဂရုစိုက်ပေးမယ်
ကိုဦးသွားတော့လေ""အင်း သမီး ဖေဖေသွားပြီနော်"
"ဟုတ်"
သမီးနှဖူးကိုထပ်ကာနမ်းပြီး luggaeဆွဲကာ
လေယာဉ်စီလာခဲ့သည်။
ထယ်ဦးနှလုံးသားက အသားမကျစွာ တဒိတ်ဒိတ်အခုန်မြန်လို့။တိမ်စိုင်တို့ကြား တငြိမ့်ငြိမ့်ပျံသန်းသည့်
လေယာဉ်ကြောင့်လားမပြောတက်။
ထယ်ဦးရင်ထဲ၌ ခံစားချက်က ခေါင်းစဉ်တပ်လို့မရအောင်ဖြစ်နေခဲ့သည်။အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်မည်ဖြစ်ကြောင်း ကြေညာသည် လေယာဉ်မယ်၏အသံကြောင့်
ထယ်ဦးရင်ထဲ မြင်းရိုင်းတစ်ကောင်ဖြတ်ပြေးသလို ဖြစ်သွားရပြန်သည်။ပေါ့ပေါ့ပါးပါးဝတ်လာသည့် ဂျင်န်းဘောင်းဘီနှင့်
တီရှပ်အနက်ရောင်လက်ရှည်ကပင် ထယ်ဦးရဲ့နဂိုရုပ်ရည်ကို
ပို၍ပေါ်လွင်စေသလားမပြောတက်။
6ပေပြည့်လုလုအရပ်ကလဲ ရှည်သည်မခေါ်သာပေမဲ့
ပုံမှန်ထက်တော့ မြင့်သည်။
လေဆိပ်တွင် မိန်းကလေးငယ်တို့၏အကြည့်ကာ
ထယ်ဦးစီစုပြုံရောက်နေသည်။
အနေခက်သလိုပင်ရှိတာမို့ ခပ်သွက်သွက်လျှောက်နေမိသည်။
လာကြိုသည့်လူတွေကြား ထယ်ဦးနာမည်ကိုရှာမိတော့
မတွေ့။ဘာလဲ…လာကြိုမဲ့သူမရောက်သေးတာလား။
"ဟန်ထယ်ဦး"
ဟိုရှာဒီရှာလုပ်နေတုန်း ပေါ်လာသည့်အသံကြောင့် မျက်လုံးကစားမိတော့ လက်ပြနေသည့်လူတစ်ဦး။
ထိုသူက ထယ်ဦးရဲ့သူဋ္ဌေး ဦးခန့်ညားနိုင်။ဦးတပ်ခေါ်သည်မှာလေးစားသမှုကြောင့်သာဖြစ်သည်။
အမှန်တော့ ထယ်ဦးထက် 3နှစ်လောက်သာကြီးသူဖြစ်သည်။"သူဋ္ဌေး ဘယ်လိုလုပ်……ကျနော့်ကိုလာကြိုတာလား"
"အင်း ပြည်တော်ပြန်ဆရာကြီးကို
ငါကိုယ်တိုင်လာကြိုတာလေ""အာ…သူဋ္ဌေးကလဲဗျာ
ဘာပြည်တော်ပြန်လဲ အားနာစရာတွေဖြစ်ကုန်ပြီ
ဒါနဲ့H.H.O ကုမ္မဏီကလာကြိုမှာဆို""သူတို့ဘက်က အကုန်စီစဉ်ထားတယ်
မင်းကိုကြိုဖို့ရော…အခုက ငါသူတို့ကို မကြိုခိုင်းဘဲ
လာလိုက်တာ မင်းအိမ်ကိုအရင်သွားရမယ်ထင်လို့လေ""အော်…ကျနော်အိမ်ကိုသွားချင်ပါတယ်
မတိုင်ပင်ဘဲ ဆုံးဖြတ်မိလို့ မေမေတို့စိတ်ဆိုးနေကြမှာ""မင်းမိဘတွေ ငါ့ကိုခဏတိုင်းမေးတယ်
မင်းကိုပြန်ခေါ်ပေးလို့မရဘူးလားတဲ့
လူကြီးတွေဆိုတော့ မင်းကိုအနားရှိစေချင်မှာ""ကျနော်လဲသိပါတယ်
မဖြစ်မနေမို့ ကျနော့်မိဘတွေကို အဆက်သွယ်ဖြတ်ထားမိတာပါ""စိတ်မကောင်းစရာတွေမပြောနဲ့တော့
အခုမင်းအိမ်အရင်သွားရအောင်
ပြီးမှ H.H.Oကိုလိုက်ပို့မယ်""ဟုတ် သူဋ္ဌေး"
သုံးနှစ်ဆိုတဲ့အချိန်က ပြောင်းလဲသင့်သလောက်
ပြောင်းလဲသွားသည်။
မပြောင်းလဲသည့် အရာတွေမြင်တိုင်း
တက္ကသိုလ်ကျောင်းသားဘဝက ပျော်ရွှင်ခဲ့သည့် အတိတ်တို့က တရိပ်ရိပ်ပေါ်လာတက်သေးသည်။မြို့အနှံ့နီးပါး သူရဇ္ဇနှင့်သွားခဲ့ဖူးသည်သာ။
မရောက်ဖြစ်သည့် နေရာဟူ၍မရှိလောက်အောင်ပင်။
ထယ်ဦးသွားချင်သည့် နေရာသာဆို ဘယ်လောက်ပဲဝေးဝေး ဘယ်အချိန်ဖြစ်စေ လိုက်ပို့ပေးခဲ့သူဖြစ်သည်။