125

550 63 0
                                    

Uni
=====
အပိုင်း (၁၂၅)  မင်းတို့တွေလည်းရှပင်ကို ရှာနေကြတာလား

     ဒီကျောင်းသားအုပ်ကြီးကစျေးဝယ်ကုန်တိုက် ကနေထွက်ပြီး ခမ်းနားထည်ဝါစွာနဲ့ရှပင်နေတဲ့စံအိမ်စီ ချီတက်သွားတာနဲ့ လမ်းမှာသူတို့နဲ့ဦးတည်ချက်တူတူသွားနေတဲ့ နောက်ထပ်လူအုပ်ကြီးနဲ့ ထပ်တိုးပါတယ်
  
    အဲ့တာနဲ့အရပ်မြင့်မြင့်နဲ့ကျောင်းသားက အဲ့ဒီ့လူအုပ်ကြီးကို သဘောထားကြီးကြီးနဲ့သတိပေးလိုက်တယ်"သူငယ်ချင်းတို့ ဆက်မသွားကြနဲ့တော့ အဲ့ဒီ့စျေးဝယ်ကုန်တိုက်မှာရှိတဲ့ အစားအသောက်တွေအကုန်လုံးကို သူခိုလေးရှပင်သယ်သွားလိုက်ပြီ မင်းတို့သွားရင်တောင် အမွှေးတစ်မျှင်ရှာတွေ့မှာမဟုတ်ဘူး"
 
    "ဘာ"
    အဲ့လိုကြားလိုက်တာနဲ့ တစ်ဖက်ကကျောင်းသားတွေက အရမ်းလန့်သွားပြီး "မဖြစ်နိုင်ဘူး မင်းတို့နယ်မြေရှစ်ရဲ့ စျေးဝယ်ကုန်တိုက်ကအစားအသောက်တွေလည်း တစ်ခုမကျန်အဲ့ဒီကောင်ရှပင်ရဲ့ သယ်သွားတာခံလိုက်ရတာလား"

    ချက်ချင်း နယ်မြေရှစ်ကပြိုင်ပွဲဝင်တွေလည်း စိတ်ဓာတ်ကျပြီး တဖက်ကျောင်းသားအဖွဲ့ကို မေးလိုက်တယ်"မင်းတို့အမူအရာတွေကို ကြည့်ရတာ နယ်မြေရှစ်ကပြိုင်ပွဲဝင်တွေနဲ့မတူပါဘူး မင်းတို့တွေလည်းရှပင်ရဲ့ ယုတ်မာရက်စက်မှုကိုခံလိုက်ရတာလား"

    "မဟုတ်ဘူးလေ ငါတို့ကနယ်မြေရှစ်ကပြိုင်ပွဲဝင်တွေမဟုတ်ဘူး"  တဖက်အဖွဲ့ကကျောင်းသားကပြောလိုက်တယ် "ငါတို့နယ်မြေတစ်ခုလုံးကအစားအသောက်တွေလည်း သူခိုးလေးသယ်သွားတာခံလိုက်ရတာကြောင့် ငါတို့အားလုံးတစ်ယောက်ချင်းဆီ ဗိုက်ဟောင်းလောင်းနဲ့ မလွှဲရှောင်သာဘဲ နယ်မြေရှစ်ကိုလာပြီး ဒီမျိုးမစစ်ရှပင်ကို ပြသနာရှာဖို့လာတာဘဲ"

    "ငါတို့တွေရှည်လျားပျင်းရိဖွယ်ကောင်းတဲ့ ခရီးရှည်ကြီးကိုဖြတ်ပြီး သားရဲတွေကိုဂရုတစိုက်ရှောင်ရှားပြီးလာခဲ့ရတာ ဒါတောင်ငါတို့ထဲကအချို့က ဒဏ်ရာအပြင်းထန်ရပြီး ပြိုင်ပွဲကထွက်လိုက်ရသေးတယ်"

     ဒီလူတွေရဲ့မျက်နှာတွေက ဝမ်းနည်းတဲ့ပုံပေါက်နေကြပါတယ် သူတို့တွေဗိုက်ဟောင်းလောင်းနဲ့ တိုက်ခိုက်စွမ်းရည်မလျော့သွားဘူးဆိုရင် အခုလိုမျိုးသားရဲတွေရဲ့ အနိုင်ကျင့်တာကို လွယ်လွယ်နဲ့ခံရမှာမဟုတ်ပါဘူး

God Level Demon(1-200)Where stories live. Discover now