~24~

8.3K 1.2K 41
                                    

အခန်း(၂၄)- သခင်နဲ့အတူ ... ပန်းလှေပွဲတော် ။

Alpha က နန်းတော်ထဲအချိန်ကုန်နေတဲ့သူ့ယုန်အတွက် ပျော်စရာရှာပေးဖို့အစီအစဥ်ဆွဲထားတယ် ။ ပန်းလှေပွဲတော်ရက်ရဲ့အစည်ကားဆုံးအချိန်ဖြစ်တဲ့လမိုက်ညမှာ Sean ကိုခေါ်ပြီးထွက်လာခဲ့တယ် ။ Sean သာ သူတို့နဲ့မတူညီခဲ့ရင် ...Sean ဒီကမ္ဘာရဲ့အငွေ့အသက်တွေကို သံယောစဥ်တွယ်စေချင်တယ် ။ သူဒီလောကရဲ့ဝင်ရိုးစွန်းတွေအထိ Sean ကို သူခေါ်သွားပေး
နိုင်တယ် ။

ပွဲတော်ရဲ့အရသာမပျက်အောင်သူတို့နှစ်ယောက်ကရုပ်ဖျက်လာခဲ့တယ် ။ပွဲစျေးထဲက လူတိုင်းရဲ့မျက်နှာမှာ ပန်းတွေကိုတိပ်နဲ့ကပ်ပြီးအလှဆင်ထားကြတယ် ။ Alpha ကိုယ်တိုင်လည်းကွဲ
မထွက်နေအောင် မိုးပြာရောင်ဒေစီပန်းတစ်ပွင့်ကိုပါးမှာကပ်ထားပြီး သူ့ယုန်ကိုတော့ ပန်းခွေစည်းလေးသာသရဖူသဖွယ်တင်ပေးထားပါတယ် ။

ထုထုအမြီးပေါ်မှာဆာကူရာလေးတွေတင်ချင်တာမို့သခင့်ကိုပူဆာလိုက်တယ် ။ Alpha က
ဆာကူရာပင်ဖျားက ပန်းတွေကိုလက်ပေါ်ကြွေကျစေပြီးလုံးနေတဲ့သူ့ယုန်အမြီးလေးပေါ် အလှဆင်လိုက်တယ် ။

Alpha ရဲ့အိတ်ထဲမှဝတ်စုံတစ်စုံအပိုပါလာပေမဲ့ Sean နဲ့တော်လောက်မဲ့ အဝတ်တွေရောင်းချနေတဲ့ဆိုင်ကိုမြင်တော့ဝင်ကြည့်ဖြစ်တယ် ။ သူ့ယုန်က ဇာဖဲပြားအကြီးကြီးတွေ ၊ အတွန့်အလိပ်တွေပါတာကိုသိပ်သဘောကျတာပဲ ။

သူတို့စျေးထဲပတ်သွားရင်သစ်သီးငှက်သိုက်ဝယ်ဖို့တန်းစီးလိုက်တယ် ။ ထုထုက ငှက်သိုက်မျှင်တွေကိုလက်နဲ့လုပ်နေတာမြင်ပြီးပါးစပ်ကြီးဟသွားတယ် ။

[Aeri's Note - Tang Hu Lu လေးလိုမျိုးပါပဲ ၊ သူကသကြားရည်ကပ်တာမဟုတ်ဘဲသကြားရည်ပူတွေပေါ်သစ်သီးတုတ်ထိုးတင် ၊  လက်နှစ်ဖက်ကြားတုတ်ထိုးချောင်းကိုညှပ်ပြီးတစ်ချက်ပွတ်ဆွဲလိုက်ရင် လှည့်သလိုဖြစ်သွားတာပါ ။ လေထုကြောင့် သကြားရည်တွေကလေသလပ်ပြီးငှက်သိုက်မုန့်လို အမျှင်လေးတွေဖြစ်သွားပါတယ်]

[Aeri's Note - Tang Hu Lu လေးလိုမျိုးပါပဲ ၊ သူကသကြားရည်ကပ်တာမဟုတ်ဘဲသကြားရည်ပူတွေပေါ်သစ်သီးတုတ်ထိုးတင် ၊  လက်နှစ်ဖက်ကြားတုတ်ထိုးချောင်းကိုညှပ်ပြီးတစ်ချက်ပွတ်ဆွဲလိုက်ရင် လှည့်သလိုဖြစ်သွားတာပါ ။ လေထုကြောင့် သကြားရည်တွေကလေသလပ်ပြီးငှက်သိုက်မုန့်လို အမျ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
          

" Honey ...  စားဦးမလား "

စုံတွဲတစ်တွဲက ဆိုင်နားမှာရပ်ရင်း သစ်သီးတုတ်ထိုးအကြောင်းဆွေးနွေးနေတယ် ။ သူ့ယုန်က သူ့ပခုံးကိုကျော်ပြီး သူများအတွဲကိုစပ်စုနေတာမို့ ပြန်ဆွဲချရပါသေးတယ် ။ သူ့ယုန်က မေးကို
တဆတ်ဆတ်ခါမော့ပြရင်းဘာမေးချင်နေမှန်းမသိ ။

Alpha ကပခုံးတွန့်ပြပြီးခေါင်းခါလိုက်တယ် ။ သူတို့အလှည့်ရောက်ခါနီးတော့ ထုထုကိုအနွေးထည်ထဲထည့်ထားပြီးခေါင်းသာဖော်ခိုင်းထားတယ် ။ ပန်းသရဖူလေးကလည်းနားရွက်ကိုဖုံးထားတာမို့ ရုတ်တရတ်ယုန်အမျိုးအစားကိုလူတွေခွဲနိုင်မှာမဟုတ် ။

ရှေ့တစ်ယောက်ထွက်သွားတော့သူရှေ့တိုးပြီး မှာယူဖို့အသင့်ပြင်လိုက်တယ် ။ အဓိက စားမဲ့
လောဘအိုးထုထုက အကြီးဆုံးအသီးဖြစ်တဲ့ပန်းသီးကိုရွေးတယ် ။

"ဟေး... ကြီးတိုင်းမကောင်းဘူး ၊ အဲ့ပန်းသီးတွေက ပွတယ် ၊ အရမ်းမချိုဘူး "

ထုထုက ပန်းသီးတုတ်ထိုးကိုအကုန်ယူဖို့ချောင်းနေပြီးမှ ပြန်ချလိုက်တယ် ။ သခင်ကတော့အကြီးကြီးပေမဲ့ ရမ်းကောင်းတယ် ။ ထုထုကလည်းကြီးလေကြိုက်လေ သခင်ရဲ့ ။ သူကတစ်ဆိုင်လုံးမှာရှိတဲ့ အမျိုးအစားအစုံလိုချင်နေတာ ။ Alpha က အလိုလိုက်ပြီးဝယ်ပေးလိုက်တယ် ။ သူတစ်ကိုက်စီပဲကျွေးမှာပါ ။

သူတို့သစ်သီးတုတ်ထိုးတွေရလာတော့ စျေးတန်းဆုံးတဲ့ထိလှည့်ကြည့်လိုက်တယ် ။ အလည်အပတ်ပြီးတဲ့အခါ ပန်းလှေမျှောမဲ့မြစ်ကမ်းဘေးမှာနေရာရှာပြီး သစ်သီးတုတ်ထိုးကိုစားကြတယ် ။

Alpha က အချိုမကြိုက်ပေမဲ့သူ့ယုန်ကိုလည်းအများကြီးကျွေးဖို့မဖြစ်နိုင်တာမို့ တစ်ချောင်းကိုတစ်ကိုက်စီသာကိုက်ခိုင်းတယ်။ ယုန်လည်က တစ်ကိုက်ကိုက်ဖို့ပါးစပ်အကျယ်ကြီးပွင့်အောင်လက်တွေနဲ့ပါဖြဲထားပြီး တစ်လုပ်ကိုသစ်သီးနှစ်လုံးစီ ရအောင်ကိုက်ပါတယ် ။

" Sean ကိုယ့်ကိုညစ်တာပဲ ၊ ဒါကအရမ်းများတယ် "

ယုန်ကခါးထောက်ဗိုက်ကော့ထားရင်းသူ့ကိုမှေးတေးတေးနဲ့ပြုံးပြနေခဲ့ပါတယ် ။ မက်မန်းသီးလေးလုံးငုံထားတဲ့ပါးစုံ ဖောင်းဖောင်းကြီးတွေ
ပျောက်နေတဲ့လကိုထည့်ထားသလားပင်ထင်မှတ်ရတယ် ။ Alpha က ယုန်ကိုက်ထားတဲ့ သစ်သီးတုတ်ထိုးအကျန်တွေကိုစားလိုက်တယ် ။ ဝပြီထင်ခဲ့တဲ့သူ့ယုန်က သူ့ပါးစပ်ထဲရောက်နေတဲ့မက်မွန်သီးကိုလိုက်လုတယ် ။

Xiao Tu Tu and Leo Where stories live. Discover now