Chapter 4

812 35 2
                                    

Unicode

စာမေးပွဲပြီးသွားတော့ ကျမကိုမေးကြသည်။

"ဖြေနိုင်လား ၊ဂုဏ်ထူးဘယ်နှစ်ခုမှန်းထားလဲ၊ အဖေ့ခြေရာကိုနင်းမှာလား "

"ဒီလိုပါပဲ ၊မဆိုးပါဘူး၊ အင်း ၊ဖြေတော့ဖြေလိုက်တာပဲ "မသေချာ တဲ့အဖြေတွေသာ ကျမပေးခဲ့သည်။ တကယ်လည်း ကျမကို ကျမ ၅၀/၅၀သာမှန်းထားသည်။ အမြင့်မှန်းလို့ ပြုတ်ကျရင် ပိုနာတတ်သည်ဆိုတာကိုကျမသိသည်။

အောင်စာရင်းထွက်နဲ့နေ့ ည၁၁နာရီ ....

အမျိုး‌ေတွကလမ်းထိပ်မှာ တရုန်းရုန်းဖြင့် သူတို့အသိတွေကို ဖုန်းဆက်မေးကြည့်ကြသည်။

"မေသံစဉ် ခုံနံပါတ် ** ၊သိပြီးလာအမ"
"မတွေ့သေးဘူးနော် တွေ့ရင်လှမ်းဆက်လိုက်မယ်"

ခနကြာတော့ "အောင်တယ်ဟေ့ အောင်တယ်ဟေ့" အကုန်လုံးပျော်ရွှင်ပြီး ကြာဇံကြော်တွေစားကြသည်။ ကျမကတော့ ထွေထွေထူးထူးမခံစားမိ ၅၀/၅၀တွက်ထားလို့ထင်တယ် ။

မနက်မိုးလင်း အမေကအမျိုးတွေဆီကို အောင်ကြောင်းဖုန်းဆက်လှမ်းပြောတော့
"သေချာလို့လား၊သွားကြည့်ပြီးပြီလား"
"မကြည့်ရသေးဘူး"
"သွားကြည့်လိုက်အုံး " အစကရင်မတုန်တဲ့ ကျမ အခုမှနည်းနည်းပင် တုန်လာသလို။

"မေသံစဉ် တွေ့ပါပြီ"တော်တော်လည်းရှာယူလိုက်ရတယ်။

တကယ်တော့ စိတ်မကောင်းလည်းဖြစ်မိတယ် ကျမအဖေနဲအမက သချာ် ဂုဏ်ထူး ပါခဲ့သည်။ ကျမကို ပြောတဲ့အခါတိုင်း သမီးကလှည့်ကျရင် သုံးလုံး ကြည့်ထားလိုက် ဆိုပြီး အမြဲပြောခဲ့တဲ့ကျမ ။ အခုတော့ ကျမအောင်တယ်ဆိုတာတောင်မယုံကျတော့ပါလား။
အမျိုးများကလည်း ကျမ အောင်မယ် မထင်ခဲ့ဘူးလို့သာ ပြောခဲ့ကြသည်။ အဲ့ဒီ့နှစ် ကျမတို့ကျူရှင်မှာလည်း ကျမအပါအဝင် နှစ်‌ယောက်သာစာမေးပွဲအောင်ခဲ့သည်။ ၉တန်းဖြေပြီးတဲ့နေ့ကိုသာ နောက်ပြန်လှည့်ချင်တော့သည်။တကယ်ဆို၁၀တန်းကျောင်းစတက်ကတည်း ကိုယ့်အသိစိတ်နဲ့ကို အမေ့ကို ဖုန်းသိမ်းခိုင်းထားခဲ့တာ ။

*******

အမှတ်စာရင်းထွက်လာတော့ မြန်မာစာအနည်းဆုံး တကယ်မထင်ထားခဲ့ဘူး chemistryအနည်းဆုံးထင်ထားခဲ့တာ ကျန်တဲ့ဘာသာတွေကတော့ ကျမကြိုးစားသလောက်ရလို့ကျေန ပ်မိပါသည်။

He crushed my soul (Completed)Where stories live. Discover now