ကျင့်ဖုန်း ဘာကြောင့်သူ့နောက်ကို လိုက်လာနေသလဲ ဆိုတာကို မေးကြည့်ဖို့ စိတ်ကူးလည်းမရှိ။ သူသည် အစကတည်းက စကားများများ ပြောတတ်တဲ့သူ မဟုတ်တာကြောင့် ကျင့်ဖုန်းကို လှည့်မကြည့်ဘဲ ရေခဲစောင်တွေကြားက လမ်းအတိုင်း ဝင်လာခဲ့သည်။
"စုန်သခင်လေး.... တစ်ယောက်ယောက်ကို ရှာနေတာလား"
"အင်း""ဘယ်သူလဲ... ကျွန်တော့်ကို ပြောပြလေ ကျွန်တော်ကူရှာပေးမယ်"
"ကျင့်သခင်လေးကို ကျေးဇူးတင်ပါတယ်... ကျွန်တော်တို့ ရေခဲတောင်ထဲကို အတူပြုတ်ကျလာခဲ့တာ ကျွန်တော်နိုးတော့ သူ့ကိုမတွေ့ရတော့ဘူး""အော်.... စုန်သခင်လေး စိတ်မပူပါနဲ့... အစွမ်းအစရှိတဲ့သူဆို ဒီရေခဲတောင်ထဲက ထွက်နိုင်မှာပါ"
စုန်ဟုန်းဟိုင် လမ်းကိုဖြည်းဖြည်းချင်းသာ လျှောက်နေသည်။ အတွေးက မိမိကိုယ်ကို ပြန်မေးကြည့်၏။
("အစွမ်းအစရှိတဲ့သူ.... နေအုံး သူဘာလို့ ဒီစကားကို ပြောရတာလဲ အစွမ်းအစရှိတဲ့သူဆို ဒီရေခဲတောင်ထဲက ထွက်နိုင်မယ်ဆိုတော့ ငါဘယ်သူ့ကို ရှာနေလဲ သူသိနေတာလား... ဒါမှမဟုတ် ")
စုန်ဟုန်းဟိုင် သူလျှောက်တွေးနေတာကို အမြန်ပဲ ခေါင်းခါရမ်း၍ ရှင်းထုတ်ပစ်ချင်ပေမယ့် မရချေ။
("system... ငါအိပ်ပျော်သွားတာ ဘယ်လောက်ကြာလဲ")
["တစ်ပတ်ပါ"]("ဘာကြီး!!!.... တစ်ပတ်ကြီးတောင်လား လဲ့ကျီတော့ ငါ့ကိုစိတ်ပူနေတော့မယ် သူဘယ်လိုနေလဲ အန္တရာယ်ကင်းရဲ့လား")
["ဇာတ်လိုက်က မသေနိုင်တဲ့ အသက်ရှိတာမလို့ လူကြီးမင်း စိတ်အေးအေးထားပါ"]("ဟုတ်သားပဲ")
တစ်ပတ်။ တစ်ပတ်ဆိုသော ကြာချိန်က ခဏလေးပါပဲ။ သို့သော် ကြာတယ်လို့လည်း ဆိုနိုင်ပြန်သည်။ သူတစ်ပတ်တောင် အိပ်ပျော်နေခဲ့တာကို ကျင့်ဖုန်းက သူ့ကိုဒီအတိုင်း စောင့်ကြည့်နေခဲ့တာလား။
သို့မဟုတ် တိုက်တိုက်ဆိုင်ဆိုင် သူနိုးမှ ကျင့်ဖုန်း ရောက်လာခဲ့တာလား။ မည်သို့ပင်ဆိုစေ ကျင့်ဖုန်းက သံသယဝင်စရာ ကောင်းတဲ့ လူတစ်ယောက်ဖြစ်သည်။ သူ့အနေနဲ့ သတိထားရလိမ့်မည်။
YOU ARE READING
System created (Completed)
💜Part (101)💜
Start from the beginning