Unicode
ပန်းချီအခန်း ထဲတွင် အမျိုးစုံသော စုတ်တံတို ့နှင့် ပြန့်ကျဲနေ၏။ လက်ဖြူဖြူသွယ်သွယ်လေး တွင်လည်း အနီ အဝါ ဆေးရောင်စုံ တို ့က စွန်းထင်းနေသည်။ ကင်းဘတ် စပေါ်တွင်တော့ အပြီးသတ် ခါနီး ရုပ်ပန်းချီ ကားတစ်ချပ်ရှိနေသည်။ ယွန်းဂီသည် ထိုပန်းချီကား အား အာရုံစူးစိုက်စွာ ဆေးချယ်နေရင်း လှစ်ခနဲ ပြူံးလိုက်သည်။ ပြုံးခဲရယ်ခဲသော မျက်နှာချောချောလေးသည် အလွန် တောက်ပ လင်းလတ် လို ့နေသည်။
"". .လူဆိုးကောင် မင်းတော်တော် နေ နိုင်တာဘဲ... '''
အပြီးသတ်ခါနီး ဆေးမခြောက်သေးသည့် ပန်းချီ ကားချပ်လေး အား ကြည့်ကာ မကျေမနပ်ရေ ရွတ်လိုက်ခြင်းပင်။
"". .ကျစ်....မင်း အဲ့လို ငါ့ကို မုန်းတယ် လို ့တော့ မပြောသင့်ဘူးကွာ..'''
ယွန်းဂီ ၏မျက်နှာလေးသည် ပြုံးနေသော်လည်း မျက်ဝန်းများက မှိန်ဖျော့သွား၏။ အတိတ်နေ့ရက်များကို တစိမ့်စိမ့်တွေး ရင်း ရှင်သန် လာသူတစ်ယောက် အတွက် ထိုနေ့က ဟိုဆော့၏ သူစိမ်းဆန်မှုက အနည်းငယ်တော့ ရက်စက်ရာ ကျသည်ဟု ထင်မိသည်။ ဟိုဆော့ သူ့အား ခွင့်မလွတ်နိုင် ဖြစ်လိမ့်မည်ဟု ကြိုတင်မျှော်မှန်းထားပြီးသော်လည်း လက်တွေ ့ကြုံရသည့် အခါတွင်တော့ ရင်ဘတ်ထဲတွင် အနည်းငယ်နာလေသည်။
ယွန်းဂီ ပန်းချီ အခန်းထဲတွင် ထိုင်နေတုန်း အခန်းအပြင်မှ တံခါး ခေါက်သံ ကြားလိုက်ရသည်။တိတ်တဆိတ် နေတတ်သည့် ယွန်းဂီ အတွက် အိမ်မှ အလုပ်သမား များက အလိုက်တသိ မနှောက်ယှက်တတ်ပေ။ ဤပန်းချီ အခန်းထဲတွင် ရှိနေချိန် ဆိုလျင် တစ်အိမ်လူံးမှ လူများက သူ့အား မရှိနေသည့် လူလို သဘောထားပေးတတ်သည်။ ယခုလို တံခါးခေါက်ပုံ အရ သူ၏ ဖခင် ဖြစ်သူ ပြန်လာသည်မှ လွဲ၍ အခြားမဖြစ်နိုင်ပေ။
အခန်းအပြင်သို ့ထွက်လိုက်သည့် အခါ အိမ်အကူ အဒေါ် တစ်ယောက် က မျက်နှာမသာမယာ ဖြင့် ရပ်နေသည်ကို တွေ ့ရသည်။"". .အဒေါ် ဘာဖြစ်လို ့လဲ..'''
အိမ်အကူ အဒေါ်က သက်ပျင်းရှည်ကြီး တစ်ချက် ချလိုက်သည်။
"". .. သားအဖေ က သူ့အခန်းလာတွေ ့ပါတဲ့...'''
"". .အော်...ဟုတ်ကဲ့... '''
ယွန်းဂီက အေးဆေးစွာပင် အိမ်အောက်ထပ်မှ အဖေ ဖြစ်သူ အခန်းအား သွားရန်ပြင်လိုက်သည်။ ထိုအခါ အိမ်အကူ အဒေါ်က လေသံတိုးတိုးလေးဖြင့် ယွန်းဂီအား သတိပေးလာသည်။
"". .သားအဖေ မျက်နှာမကောင်းဘူး သူဒေါသထွက်အောင် မလုပ်နဲ့နော်သားလေး..'''
"". ..ဟုတ်...ကြည့်ရတာ အဒေါ် တော့ ကျွန်တော့်ကို စွပ်ပြုတ် ပြုတ်တိုက်ရတော့မယ်ထင်တယ်...'''
ယွန်းဂီက လေသံ တည်တည် ကြီးဖြင့် မရယ်ရသော ဟာသ တစ်ပုဒ် ပြောလိုက်ခြင်းပင်။ အိမ်အကူ အဒေါ်ကလည်း သက်ပျင်းတွေချည်း စွတ်ကာ ချနေတော့သည်။
ဖခင်ဖြစ်သူ ၏ အခန်းသည် ဤအိမ်တွင် အကျယ်ဆုံး နှင့် အရှုပ်ဆုံးအခန်းဖြစ်သည်။ ထက်မြက်သော လူကြီးသည် ကိစ္စ အတော်များများတွင်လည်း ဝါသနာ ပါတတ်သူမို ့ ကြိုက်တတ်သည့် ပစ္စည်းတွေလည်းပေါသည်။ ထို ့အပြင် စာရွက်စာတမ်းများ.စာအုပ်ပုံ ကြီးများကလည်း ရှိသေး၏။
"". .အဖေ..ခေါ်တယ်ဆို..'''
ထိုင်ခုံတွင် နားထင်ကြော နှစ်ဖက်အား လက်ဖြင့်ဖိကာ ထိုင်နေသော အဘိုးကြီးသည် ယွန်းဂီအား မော့ကြည့်လာသည်။မျက်လုံးထဲတွင်တော့ ဒေါသ ၏ အရိပ်အယောင်များ ပြည့်နေ၏။ သူ့ရှေ ့တွင်လည်း စာရွက်စာတမ်းအချို ့ရှိနေ၏။
"". .မင်ယွန်းဂီ...မင်းဘာသောက်ချိုးချိုးတာလဲ..'''
စာရွက်အထပ်လိုက်အား လက်ညိုး ထိုးပြသဖြင့် ယွန်းဂီက ခပ်အေးအေး တစ်ချက် ကြည့်လိုက်သည်။ စာရွက်များသည်တော့ ကုမ္ပဏီ တစ်ခု ၏ လချုပ်အကျိုးအမြတ်စားရင်း နှင့် ကျောင်းဆရာတစ်ယောက် ကိုယ်ရေးရာဇဝင်တို ့ဖြစ်သည်။
"". ..10% ဘဲကျတာလား..'''
ယွန်းဂီ၏ ခပ်မြူးမြူး အသံလေး က ဖခင်ဖြစ်သူ၏ ဒေါသ ကို စွပေးလိုက်သလိုပင်။
"". .ဘာကွ...10%တောင် အမြတ်တွေ ထိုးကြ သွားတာကို မင်းက သောက်ဂရုမစိုက်တဲ့လေသံ နဲ့ပါလား..''
ဖခင်က လချုပ်စာရွက်အား.ယွန်းဂီ မျက်နှာ ထံသို ့ပြစ်ပေါက်လိုက်သည်။ စာရွက်များက ကြမ်းပြင်တွင် ပျန့်ကျဲ ကုန်၏။