Partners

948 114 5
                                    

ကျွန်တော့်အသက် ၂၅ရှိပြီ။
ဂျေးနှင့်ကျွန်တော် ချစ်သူဖြစ်တာ
၅နှစ်မြောက်ရှိပြီဖြစ်သည်။

ကျွန်တော်က LA Lakersအသင်းနဲ့ စာချုပ် ချုပ်ဖြစ်တော့ LAကို ပြောင်းလာနေ
ဖြစ်သည်။
ဂျေးကလည်း ပဲရစ်မှာ ကျောင်းပြီးတာနဲ့
ကျွန်တော်နှင့်တူတူ LA မှာ လာနေသည်။

နှစ်ယောက်လုံးက အလုပ်ကိစ္စတွေနှင့်
အမြဲခရီးသွားနေရတော့
အိမ်မှာ တူတူအားပြီးရှိနေတဲ့ အချိန်တွေက
ရွှေထက်ရှားသည်။

ဒီနေ့တော့ ထူးထူးခြားခြား
သောကြာနေ့မှာ နှစ်ယောက်လုံး
အားနေတော့ တစ်နေကုန် ဘယ်မှမသွားဘဲ
အိမ်မှာဘဲ အချိန်ဖြုန်းကြမည်။

ကျွီခနဲ တံခါးပွင့်လာသံ
ကြားသည်နှင့် ကျွန်တော်ပြန် အိပ်ချင်
ယောင်ဆောင်လိုက်သည်။

ဂျေးက ကျွန်တော့်ဘေးမှာ
လာထိုင်ပြီးတော့ ဆံပင်တွေကို သပ်ပေးနေသည်။ 

'ဟွန်း မနိုးသေးဘူးလား
၉နာရီ ထိုးနေပြီလေ
မနက်စာထ စားဦးလေ'

ဂျေးက ကျွန်တော့်နား ကိုကပ်ပြီးတော့
'ဟွန်းနီလေး ထတော့လို့' ဟုပြောတော့
ကျွန်တော် အသည််းယားလာတာနဲ့
ဘေးမှာရှိနေတဲ့ ဂျေးကို အိပ်ရာပေါ်ကို
ဆွဲချကာ ဖက်ထားလိုက်သည်။

'နိုးနေတာကို မထဘဲနဲ့
ဖယ်ဦး ဟင်းရည်အိုးတင်ထားတယ်'

'မဖယ်ဘူး
ဒီတိုင်းလေးနေဦးမှာ'

'ဖယ်လို့ဆိုနေ'

ကျွန်တော့်ကို အတင်းတွန်းနေတဲ့
ဂျေးရဲ့လက်တွေကို ချုပ်ပြီးတော့
ပါးဖောင်းဖောင်းလေးတွေကို
နှာခေါင်းနဲ့လိုက်ပွတ်နေမိသည်။

'ဟွန်း ဖယ်ကွာ'

ကျွန်တော် ဂျေးကို ဘေးကစောင်နဲ့တစ်ကိုယ်လုံးပတ်ပြီး မျက်နှာလေးဘဲဖော်ကာ
ထားလိုက်သည်။

'ဟွန်း ငါစိတ်တိုလာပြီနော်'

ကျွန်တော် စိတ်တိုစပြုနေပြီဖြစ်တဲ့
ဂျေးရဲ့ ဆူနေတဲ့ နှုတ်ခမ်းတွေကို
အကြာကြီးဖိကာ နမ်းလိုက်သည်။

ဖောင်းကားလာသည့် ပါးနှစ်ဖက်ကလည်း
ပေါက်စီလေးတွေလို ဖြစ်နေတော့
တစ်ဖက်တစ်ချက်ကိုက်ဆွဲရသေးသည်။

𝙇𝙀𝙁𝙏  [ COMPLETE ]Where stories live. Discover now