Nine Jin Girl (1)

12 1 0
                                    

      အတန်းခေါင်းလောင်းမြည် လာတော့ ဖန်ချန်းက ထိုင်ခုံပေါ်မှာထိုင်မနေတော့ပါဘူး။ ဝမ်ထင်းထင်း ကသူမဘက်လှည့်လိုက်ပြီး ''ဂဏန်းလေး ထွက်လာခဲ့ ငါတို့နှင်းထဲမှာ သွားကစားရအောင် ''ဆိုပြီးအော်ပြောလိုက်တယ်။
       ဂဏန်းလေးဆိုတာက သူမရဲ့နာမည်ပြောင်ဖြစ်ပြီးတော့ တစ်တန်းလုံးက သူမကို အဲ့နာမည်ဘဲ ခေါ်ကြပါတယ် ဂုမင်ရှီက လွှဲရင်ပေါ့။
        ဒါဆိုဂုမင်ရှီက သူမ ကိုဘယ်လိုခေါ်မလဲ။သူမရဲ့နာမည်ရင်းကိုဘဲခေါ်မှာလား ။no ဘယ်ဟုတ်ပါ့မလဲ။
          ဖန်ချန်းက သူမစာအုပ်ကိုမြန်မြန်ဖယ်လိုက်ပြီးတော့ ထလိုက်ပြီး ဝမ်ထင်းထင်းနဲ့အတူ ပြေးထွက်သွားခဲ့တယ်။နောက်တော့ရုတ်တရက် သူတစ်စုံတစ်ခုံ တွေးလိုက်ပြီးတော့ ဂုမင်ရှီဖက်ကို လှ့ည်လိုက်ပြီး ''နင်ကောလိုက်အုန်းမလား''။
           ဂုမင်ရှီက သူ့ခုံပေါ်မှာ တစ်ချိန်လုံးထိုင်နေခဲ့ပြီးတော့ ပြတင်းပေါက်ဖက်ကို ကြည့်လိုက်ပြီးတော့ ဖန့်ချန်း ဖက်ကို ကြည့်လိုက်ကာ နောက်ဆုံး သူ့ခေါင်းကိုခါလိုက်ပြီး '' ငါမလိုက်တော့ဘူး ''လို့ပြောလိုက်တယ်။
           ဖန့်ချန်းက သူ့ကို ရီလိုက်ပြီးတော့ ဝမ်ထင်းထင်းနဲ့အတူ အခန်းအပြင်ဖက်ကို ​ပြေးထွက်သွားခဲ့တယ်။
             Ecity က တောင်ဘက်အရပ်မှာတည်ရှိတယ်။ နှစ်စဥ် ဆောင်းတွင်းရောက်တိုင်း နှင်းတွေကျလေ့ရှိသော်လည်း မိုး-နှင်းနဲ့ရောပြီးကျလေ့ရှိတယ်။လူကြီးတွေအတွက်ကတော့ ဒီလိုနှင်းမုန်တိုင်းကြီး က သူတို့ရဲ့ အစားအစာစျေးနှုန်းနဲ့ ချောနေတဲ့ရေခဲ တွေကြောင့် စိတ်ပူနေရတယ်။ဒါပေမယ့် ကလေးတွေအတွက်ကတော့ တစ်သက်မှာတစ်ခါရဖူးတဲ့အခွင့်အရေးဖြစ်ပါတယ်။
             အတန်းနားချိန် ၁၀ မိနစ်တာရှိပေမယ့် အခန်းထဲကကျောင်းသားအားလုံး ကစားကွင်းထဲသို့ရောက်နေကြတယ်။သူတို့တွေကပြေးလွှားနေပြီးတော့ ပျော်ရွှင်မှုအပြည့်နဲ့ နှင်းဘောလုံးပစ်တိုင်းကစားနေကြတယ်။ဖန်ချန်းကမိန်းကလေးတွေကို ဦးဆောင်ပြီး ကောင်လေးအချို့နဲ့ ကစားနေကြတယ်။နှင်းဘောလုံးတွေကို ပစ်ပေါက်နေကြပြီးတော့ သူတို့ရဲ့အကျီနဲ့ လက်တွေတွေစိုနေပေမယ့် ဘယ်သူမှ စိတ်ထဲထားမနေပါဘူး။
             ဂုမင်ရှီက ပြတင်းပေါက်နားကနေရပ်ပြီး တစ်ချိန်လုံး ကစားကွင်းအောက်ကို ကြည့်နေတယ်။မထင်မှတ်စွာနဲ့ သူက ကလေးတွေကြားထဲကနေ သူ့ရဲ့အတန်းဖော်ကိုရှာနေခဲ့တယ်။ ပြီးတော့ သူက အဖွဲ့တစ်ခုထဲမှာ ဖန်ချန်း ကို တွေ့လိုက်တယ်။
          သူမက အနီရောင် တောက်တောက်အကျီကိုဝတ်ထားပြီး အားမာန်ပြည့်စွာနဲ့ ပြေးလွှားနေတယ်။ဒီကနေသိပ်မဝေးတဲ့နေရာကနေ သူမရဲ့ရယ်မောနေတဲ့အသံကိုကြားနေရတယ်။
           အတန်းပြန်စတဲ့အချိန်မှာ ကျောင်းသားအားလုံးအတန်းထဲပြန်လာခဲ့ကြတယ်။
            အသက်ရှုမဝစွာနဲ့ ဖန်ချန်းက ဂုမင်ရှီဘေးနားမှာထိုင်လိုက်တယ်။သူမရဲ့ကျစ်စမြီးတွေက စိုနေပြီးတော့ သူမရဲ့ပါးလေးကနီရဲလို့နေတယ်။ဂုမင်ရှှီကသူမ ကို မေးလိုက်တယ် ''ပျော်ခဲ့ရဲ့
လား''။
              "ပျော်စရာမကောင်းပါဘူး ။နှင်းတွေက ရွှံ့တွေပေနေပြီးတော့ ညစ်ပတ်နေတာဘဲ''လို့ဖန်ချန်းက မျက်တောင်ပေကလပ်ပေကလပ်နဲ့ပြောလိုက်တယ်။''ငါက နှင်းလူသား လုပ်ချင်တာ ဒါမဲ့ နှင်းတွေကမရှိတော့ဘူး။အကုန်လုံးက ယူဆော့လိုက်ပြီလေ''။
             "အိုး''ဂုမင်ရှီကဖန်ချန်း ခေါင်းငုတ်သွားတာကိုတွေ့လိုက်ပေမယ့် သူမဘာလုပ်နေတာလဲဆိုတာကိုမသိဘူး။သိချင်စိတ်ကြောင့် ဂုမင်ရှီက ''နင်ဘာလုပ်နေတာလဲ''လို့မေးလိုက်တယ်။
            ဖန့်ချန်းက ရုတ်တရက်သူမရဲ့လက်ကိုဆန့်ထုတ်လိုက်ပြီး ဆရာမအတန်းထဲသို့ဝင်လာတဲ့အချိန်မှာ သူ့လက်ထဲကနှင်းဘောလုံးကို ဂုမင်ရှီစီပစ်လိုက်တယ်။ဘယ်နေရာမှပုံးစရာ မရှိတဲ့အတွက် ဂုမင်ရှီဆီတိုက်ရိုက်ထိမှန်သွားတယ်။
             ရုတ်တရက် ဂုမင်ရှီက မြေပြင်ပေါ်ခြေဗလာနဲ့ရပ်လိုက် ပြီးတော့ သူ့ရဲ့ထိုင်ခုံက ဗန်းဆိုပြီးတော့မှ လှဲကျသွားခဲ့တယ်။ဆရာမကလည်းစကားပြောနေရင်းနဲ့မှ လန့်ပြီးတော့ထခုန်လိုက်လိုက်တယ်။ကျောင်းသားအားလုံးကလည်း အနောက်ဘက်ကိုလှည့်လာပြီး အံ့သြစွာနဲ့ သူတို့ကိုကြည့်နေခဲ့တယ်။
           ဖန်ချန်းက သူမပါးစပ်ကိုအုပ်လျက် စားပွဲပေါ်မှာမှောက်ပြီး ရယ်နေလေတယ်။ဂုမင်ရှီက ခံစားချက်မဲ့စွာနဲ့ ကြောင်သေသေနဲ့ စားပွဲခုံ​​းေဘ းနားမှာရပ်​လို့​ နေ တယ်။ပြိးတော့သူက သူ့ခြေထောက်နဲ့ ထိုင်ခုံကိုမလိုက်ပြီး ဘာမှမဖစ်ခဲ့သလိုဘဲ ပြန်ထိုင်လိုက်တယ်။
           ကျောင်းသားတွေကလည်း ပြန်လှည့်သွားပြီး ဆရာမကစာဆက်သင်နေတယ်။သူ့ရဲ့ နဖူးပေါ်မှာရေခဲလေးတွေရှိနေခဲ့တယ်။သူတို့အရေပျော်သွားတဲ့အချိန်မှာ ရေခဲရေတွေက သူ့ရဲ့ပါးပေါ်စီးကျသွားခဲ့တယ်။ဒါပေမယ့် သူကအာရုံမစိုက်ဘဲ ခါးကုန်လိုက်ပြီး သူ့ခြေထောက်နဲ့စာအုပ်ကိုဖွင့်လိုက်တယ်။  သူ့ရဲ့ညာဖက်ခြေထောက်ကတော့ခဲတံကိုကိုင်ထားလိုက်တယ်။
            ခဏကြာတဲ့အချိန်မှာ ဖန်ချန်းကသူရဲ့ အကျီကို လာဆွဲလိုက်တယ် ဒါပေမယ့်သူက လစ်လျှူရှုထားလိုက်တယ်။ဖန်ချန်းက သူမရဲ့ခဲတံနဲ့ သူ့ရဲ့ ခါး၊ကျောကုန်းနဲ့ သူရဲ့ပေါင်ကိုတို့လိုက်တယ်။သူကလှည့်ဖို့ကြိုးစားပေမယ့် သူမကိုမရှောင်နိုင်တော့ ''လာမရှုပ်နဲ့လို့'' လို့သူမကိုတီးတိုးပြောလိုက်တယ်။
             သူမကပါးစပ်ကိုပိတ်လိုက်ပြီး သူမရဲ့ခဲတံကို ဆုတ်လိုက်ပြီးတော့ '' သနားစရာကောင်းလိုက်တာ''။
              ကျောင်းဆင်းသွားတဲ့အချိန်မှာ နှင်းကျနေတာကလည်းရပ်သွားခဲ့တယ်။ဖန်ချန်းနဲ့ဂုမင်ရှီတို့ဟာအိမ်ကိုတူတူပြန်ကြတယ်။
             သတ္တုစက်ရုံရဲ့ဂိတ်ကိုဖြတ်ပြီးတဲ့အချိန်မှာ ဂုမင်ရှီက အရည်မပျော်သေးတဲ့နှင်းထူထူတစ်ပုံကိုတွေ့လိုက်တယ်။သူကရှေ့ကိုလျှောက်နေတဲ့ ဖန်ချန်းကိုခေါ်လိုက်ပြီး ''နင်ကနှင်းလူသားလုပ်ချင်တယ်လို့မပြောဘူးလား။နင်ဒီနားမှာလုပ်နိုင်တယ်လေ ''
              ဖန်ချန်းက အနောက်လှည့်လိုက်ပြီး ခဏကြည့်လိုက်ကာ '' ထားလိုက်ပါတော့ ကိုယ့်ဘာသာတစ်ယောက်တည်းဆော့ရတာ ပျော်စရာမကောင်းဘူး''။
             ဂုမင်ရှီကမပျော်ရွှင်စွာနဲ့ ''ငါကကောလူမဟုတ်ဘူးလာ''။
             ဖန်ချန်းက လုံးဝမတုန့်ဆိုင်းစွာနဲ့ သူ့ကိုပြောလိုက်တယ်''နင့်မှာက လက် မှမရှိတာ ။နင်ဘယ်လိုဆောက်မှာလဲ။''
             မကျေနပ်စွာနဲ့ဂုမင်ရှီက '' ငါ့ရဲ့​ခြေထောက်နဲ့ဆောက်လို့ရတာဘဲ''။လို့ပြောပြီးတဲ့အခါမှာ သူကအဲ့နှင်းပုံနားသွားခဲ့တယ်။
             သူကအဝါနုရောင်ချည်သားဂျက်ကပ်ကိုဝတ်ထားပြီ လွယ်အိတ်ကို အနောက်မှာလွယ်ထားတယ် ပြီးတော့ သူ့ရဲ့ လွတ်နေတဲ့အကျီလက်နှစ်ဖက်ဟာတစ်ဖက်နဲ့တစ်ဖက်လွှဲလို့နေတယ်။အနောက်ဖက် မှာတော့ဖန်ချန်းက ရပ်ပြီးကြည့်နေတယ်။ဂုမင်ရှီကအနောက်လှည့်လိုက်ပြီးတော့ ''လာခဲ့စမ်းပါဖက်တီး နင်ဆောက်ချင်လားမဆောက်ချင်ဘူးလား''လို့အော်ပြောလိုက်တယ်။
             ဖန်ချန်းက မြေပြင်ကို​​်ခြေလှမ်းပြင်းပြင်းနဲ့နှင်းပြီး ''ငါနင့်ကိုပြောထားတယ်လေ ငါ့ကိုဖက်တီးမလို့မခေါ်နဲ့လို့ ''လို့အော်ပြောလိုက်တယ်။
             သူ့ရဲ့နှုတ်ခမ်းကအပေါ်တက်သွားပြီ သူ့ရဲ့အပြုံးက သွားသေးသေးလေးနှစ်ချောင်းကိုထုတ်ဖော်ထားကာ''ငါနင့်ကိုခေါ်ချင်လို့ကိုခေါ်တာ ဖက်တီး ဖက်တီး ဖက်တီး.....''လို့ပြောလိုက်တယ်။
             သူမကစိတ်ပျက်သွားပြီး သူ့ဆီကိုရိုက်ဖို့ပြေးသွားလိုက်တယ်။ဂုမင်ရှီက လှည့်ပြီးတော့ပြေးသွားလိုက်တယ်။သူရဲ့ဘေးနှစ်ဖက်စီက အကျီစနှစ်ခုဟာ လှုပ်ရမ်းနေပြီးတော့ အတောင်ပံသေးသေးလေးနှစ်ခုနဲ့တောင်တူနေလေတယ်။သူတို့နှစ်ယောက်လုံး နှင်းပုံနားရောက်တဲ့အချိန်မှာ ဖန်ချင်းကသူ့ရဲ့ကျောပိူးအိတ်ကိုလှမ်းဆွဲလိုက်သည်။သူကယိမ်းယိုင်သွားပြီးတော့ နှင်းပုံပေါ်ကျသွားခဲ့တယ်။
             သူကမြေပြင်ပေါ်မှာလဲနေပြီးတော့ ကောင်းကင်ကို မျက်နှာမူထားကာ သူ့ရဲ့ခန္ဓာကိုယ်က နှင်းထဲမှာနှစ်မြုပ်နေလေတယ်။သူက ဆောင်းရာသီရဲ့အနံ့ကိုရှုသွင်းလိုက်ပြီးတော့ ဖြေးညှင်းစွာပြန်ထုတ်လိုက်သည်။ဖန်ချန်းက လွယ်အိတ်နှစ်ခုလုံးကို ဘေးဖက်ကိုပစ်လိုက်ပြီး နှင်းမွှေ့ယာပေါ်သို့လှမ်းလာခဲ့သည်။ဘုရင်မတစ်ပါးလိုဘဲ ကိုယ့်ကိုယ်ကိုနှိမ့်ချစွာနဲ့ ဂုမင်ရှီကို ''ငါကအဲ့လောက်ကြီးလည်းမဝပါဘူး ငါ့ကို ဖက်တီးလို့မခေါ်နဲ့စမ်း ''။
            သူကပြုံးလိုက်ပြီးတော့ မျက်လုံးတော့ကတောက်ပနေပြီးတော့ရှင်းလင်းနေတယ်။ပျင်းရိစွာနဲ့ သူက ''ဘာလို့ နင့်နာမည်ကို ဖန်လို့ပေးထားတာလဲ ။ နောက်ခါဆို ငါနင့်ကို ဖန့်ဖန့် လို့ခေါ်ရမလား''။
    (သူမရဲ့​ရှေနာမည်က ဖန် ဖြစ်တယ် ။သူကသူမကိုဖန့်ဖန့်လို့ခေါ်လိုက်တာက 'ဝတယ်'လို့အဓိပ္ပါယ်သတ်မှတ်တယ်။သူမရဲ့ရှေ့နာမည်ကိုခေါ်တာတဲ့တူတူဘဲမဟုတ်ဘူးလား။ha ha ha)
          မှန်တယ် ဖန်ချန်းက အရင်တုန်းကတော်တော်ဝခဲ့တယ်။ပြီးတော့ အသက်၆နှစ်မတိုင်ခင်မှာ ဂုမင်ရှီဟာ အလွန်ကျန်းမာတဲ့ကလေးဖြစ်ခဲ့တယ်။ ကျန်းမာရုံသာမက သူက တော်လည်းတော်တယ် ချောလည်းချောပြီး သွက်သွက်လက်လက်နဲလ လူအများကချစ်ခင်ခဲ့ကြတယ်။
            ၁၉၈၅ ​ြ သဂုတ်လရဲ့နေ့လည်ခင်းမှာ ရာသီဥတုက အရမ်းကိုပူနေခဲ့တယ်။Ecity ရဲ့ဆေးရုံက မွေးခန်းထဲမှာ ကျီအိုက်ဟွာက နာကျင်စွာနဲ့ တစ်နေ့နဲ့တစ်ည ကုန်ဆုံးသွားပေမယ့် သူမရဲသမီးလေးကို မွေးဖို့ရန်ခက်ခဲနေခဲ့တယ်။နောက်ဆုံးမှာ သူမကို ခွဲခန်းထဲပို့လိုက်ပြိးတော့ ခွဲမွှေးလိုက်ရတယ်။
              ဖန်ရွှေ့ရှိန်း ကသူ့ရဲ့သမီးကို တွေ့လိုက်တော့ စိတ်လှုပ်ရှားစွာခုန်လိုက်တယ်။ကလေးလေးက သူများကလေးတွေထက်ထွားပြီးတော့ သူမရဲ့ခေါင်းပေါ်မှာဆံပင်မဲမဲလေးတွေများကြီးရှိနေတယ်။သူမရဲ့မျက်နှာလေးက လုံးလုံးပြည့်ပြည့်လေးနဲ့တောက်ပလို့နေတယ်။သူမရဲ့အရေပြားပေါ်မှာ တွန့်နေတာလဲမရှိဘူး။သူမက ၅၁cmရှည်ပြီးတော့ ၉.၈ဂျင် ( ၄.၉kg,၁၀.၈ပေါင်)ရှိတယ်။၉ဂျင်ရှိတဲ့ကောင်မလေးဖစ်တယ်။
             ဖန်ရွှေ့ရှိန်း က ဂုကောရှုန်းနဲ့လီဟန် တို့လာလည်တဲ့အချိန်မှာ သူ့ရဲ့သမီးလေးကိုကော်ရစ်တာတစ်လျှောက်ပွေ့ချီလာခဲ့တယ်။လီဟန်က ဝဝတုတ်တုတ်ကောင်မလေးကို တွေ့တဲ့အချိန်မှာ သူမမျက်လုံးလေးကိုကွေးနေအောင်ပြုံးလိုက်တယ်။သူမလက်ထဲက ၁နှစ်ပြည့်တော့မယ် ကောင်မလေးကို ပွေ့ချီထားရင်ချော့မြူကာ '' မင်ရှီ မင်ရှီ ကြည့်လိုက်ပါအုန်း သူမက သားရဲ့ဇနီးလေးလေ''။
              ဂုမင်ရှီရဲ့မျက်လုံးက ပြူးလာပြီးတောက်ပလာခဲ့တယ်။ သူက အနှီးတွေနဲ့ပတ်ထားတဲ့ ဝဝတုတ်တုတ်ကလေးမလေးကို ကစားစရာအရုပ်တွေ့သလိုဘဲကြည့်နေလိုက်တယ်။သူကရယ်လိုက်ပြီးတော့ သူ့ရဲ့လက်ကို မရပ်နားဘဲနဲ့ ဝှေ့ရမ်းနေခဲ့တယ်။
              အိပ်ပျော်နေတဲ့၉ဂျင်ကောင်မလေးကလည်း ရုတ်တရက်မျက်လုံးပွင့်လာပြီး သူမရဲ့ပါးစပ်ကိုဖွင့်ကာအော်နေခဲ့တယ်။သူမရဲ့နှာခေါင်းရှုံ့လာပြီးတော့ သူမခြေတွေလက်တွေကိုထုတ်လိုက်တယ်။ပြီးတော့သူမကစငိုတော့တာဘဲ ကမ္ဘာကြီးတုန်လှုပ်သွားသလိုမျိုးဘဲ။
              ဂုမင်ရှီက သူမကို မေးခွန်းထုတ်စွာနဲ့ကြည့်နေခဲ့တယ်။ခဏကြာတော့ သူ့ရဲ့လက်ကိုနောက်ဆုတ်လိုက်ပြီး သူ့ရဲ့အမေကိုဖက်ထားလိုက်တယ်။
           "မာမီး ဒီရဲ့ဇနီးလေးက တအားဆိုးတာဘဲ။သူ့ကိုပြန်ပေးလိုက် မလား။''
             ဖန်ရွှေ့ရှိန်းက သူ့ရဲ့၉ဂျင်သမီးလေးကို ဖန်ချန်းဆိုပြီးနာမည်ပေးလိုက်တယ်။
            သူကအလယ်တန်းကျောင်းအောင်ရုံလေးဆိုတော့ သိပ်ပြီးပညာဗဟုသုတမရှိပါဘူး။သူကသိပ်ပြီးမတွေးဘဲနဲ့ ဒီတိုင်းကောက်ပေးလိုက်ပါတယ်။ဂုကောရှုန်းနဲ့လီဟန်ကသူတို့ရဲ့သားဂုမင်ရှီကိုနာမည်ပေးတာနဲ့မတူဘဲနဲ့ပေါ့။သူတို့ရဲ့သားက လနှစ်ရဲ့ချီချီ နေ့မှာမွေးဖွားခဲ့သောကြောင့် သူတို့က မင် ဆိုတာကို အထိမ်းအမှတ်အဖြစ်ထည့်ပေါင်းလိုက်သည်။အဲ့နာမည်ကနားဝင်ချိုပြိးတော့ သူ့နောက်မှာလဲအဓိပ္ပါယ်တွေရှိပါတယ်။
            ချီချီက ၇ရက်နေ့၇လပိုင်းမှာကျင်းပတဲ့ပွဲတော်ဖြစ်တယ်။မင်ရှီရဲ့နာမည်ထဲက ရှီက ချီချီကနေလာပြီးတော့အဓိပ္ပါယ်က 'နေဝင်ရီ'ဒါမမဟုတ် 'ညနေခင်း'လို့အဓိပ္ပါယ်ရပါတယ်။မင်စကားလုံးကတော့ တစ်တစ်ခုကိုရည်ညွှန်းထားတာဘဲဖစ်ပါတယ်။သူ့ရဲ့နာမည်က သူ့မွေးဖွားလာခြင်းကိုအထိမ်းအမှတ်ပြုတာနဲ့တူနေပါတယ်။
              ဖန်ချန်းနဲ့ဂုမင်ရှီတို့ဟာ Golden Compound မှာအတူတူကြီးပြင်းလာခဲလကြပြီးတော့ သူတို့မိဘတွေရဲ့ဆက်ဆံရေးကလည်းအလွန်ကောင်းကြတယ်။တဂယ်လို့ တစ်မိသားစုကအရေးကြီးကိစ္စတက်ရောက်ရမယ်ဆိုရင် အုခါးမိသားစုမှာ သူတို့ကလေးကိုချန်ထားခဲ့လိုက်တယ်။
              

ကျွန်မရဲ့မစ္စတာငှက်ကုလားအုပ်လေး Where stories live. Discover now