"ကောင်းထက်လျှံ"
"ဟမ်......"
"အကို အခုပြောနေတာ ကောင်းထက်လျှံ အကြောင်းလား။ "
အကိုပြောနေတဲ့ အချိန် ကျွန်တော့်မျက်လုံးထဲမှာ အရင်က ကျွန်တော့်သူငယ်ချင်း ကောင်းထက်လျှံကိုပဲ မြင်ယောင်နေခဲ့တယ်။
တကယ်ပဲ ကောင်းထက်လျှံက အကို့ညီလား။
ကောင်းထက်က သူ့မှာ အကိုရှိတယ်လို့ ပြောဖူးပေမယ့် အကိုဖြစ်နေမှန်း မသိခဲ့ဘူး။အကိုပြောနေတဲ့ အကြောင်းအရာတွေက
ကျွန်ေတာ်တို့ ဖြစ်ခဲ့တာတွေကို တန်းစီပြီး ပြောပြနေသလိုပဲ။ကောင်းထက်က ကျွန်တော်ထက် ကားမောင်းတာ ပိုပြီး pro ဆန်တယ်။ ကျွန်တော်ရယ် ဝဏ္ဏရယ် ကောင်းထက်ရယ် မုန်းမာန်သော်ရယ်က တက္ကသိုလ်ရောက္မှ ခင်ခဲ့တယ်ဆိုပေမယ့် ဟိုးငယ်ပေါင်းတွေလို အရမ်းချစ်ကြတယ်။ ကောင်းထက်ဆုံးသွားတဲ့နေ့ကလည်း ကျွန်တော့်မျက်စိရှေ့မှာတင် ဖြစ်ပျက်သွားတာမို့လို့ အခုချိန်ထိ မေ့လို့မရတဲ့ အတိတ်အဖြစ် ဦးနှောက်ထဲမှာ စွဲမှတ်ထားမိသည်။
"သူ့ကို သိလို့လား။ ဟမ် ဟိဏ်းလေး သူ့ကိုသိလို့လား"
အကိုက ကျွန်တော့်ကို သေချာစွာကြည့်ပြီး မေးလာတော့ ကျွန်တော်ခေါင်းကို အသာ ငြိမ့်ပြကာ
"ဟုတ် သူက ကျွန်တော့်သူငယ်ချင်းပါ။ အကို့ညီဖြစ်နေမှန်း ကျွန်တော် အခုမှသိတာ။ သူက သူ့အကြောင်းဆို သိပ်မပြောဘူး။ သူတင်မပြောတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အားလုံးက တစ်ယောက်အကြောင်းတစ်ယောက် သေချာမသိပဲ ခင်ခဲ့တာ။ ခင်ခဲ့တယ်ဆိုပေမယ့် အပေါ်ယံတော့ မဟုတ်ခဲ့ပါဘူး။ တကယ့်ညီအကိုတွေလို ချစ်ခဲ့ကြတာ။ "
"ကိုယ့်ကို သူ့အကြောင်းပြောပြပေးပါလား။ ကိုယ်က သူ့အကိုဆိုပေမယ့် သူက ဟိဏ်းလေးပြောတဲ့အတိုင်း သိပ်သိုသိပ်တာဆိုတော့ သူပြောသလောက်ပဲ ကိုယ် သိခဲ့ရတာ။ သူငယ်ငယ်တုန်းကတော့ ကိုယ်နဲ့အနီးကပ်နေခဲ့ရပေမယ့်အရွယ်ရောက်လာတော့ ကိုယ်လည်း ကိုယ့်အလုပ်လုပ်နဲ့ကိုယ်ဆိုေတာ့ သူ့ကို ဂရုမစိုက်နိုင်ခဲ့ဘူး။ ပြဿနာတွေ လိုက်ရှင်းခဲ့တယ်ဆိုပေမယ့်လည်း ကိုယ်က ကိုယ်တိုင်မလိုက်ခဲ့ပဲ ကိုယ့်အတွင်းရေးမှူးနဲ့ပဲ လွှဲပြီး ရှင်းခဲ့တာဆိုတော့ ဟိဏ်းလေးတို့နဲ့လည်း မသိခဲ့တာ ဖြစ်မယ်။ အလုပ်တွေတိုးချဲ့လာတာနဲ့အမျှ သူ့ကို ပိုက်ဆံတွေပဲ ပုံပေးခဲ့မိတယ်။ ကိုယ့်ကို ပြောပြပါနော်။ ကောင်းထက် သူ.....သူ ဘယ်လိုဖြစ်ပြီး သေသွားရတာလဲ"
YOU ARE READING
just fell in love