Chapter 17 Unicode

749 167 11
                                    

"မင်းခုနက ဘာတွေအော်နေတာလဲ?"

ရှောင်ယွီအန်းကအဖြူရောင်တီရှပ်ကို ဝတ်ဆင်ထားပြီး အစောပိုင်းတုန်းကမင်ရှုဟာ သံချေးတက်နေတဲ့လက်ရန်းတွေကို ကိုင်ထားတာကြောင့် သူရှောင်ယွီအန်းအင်္ကျီကို ဆုပ်ကိုင်လိုက်တဲ့အခါ သံချေးတွေကြောင့် အင်္ကျီပေါ်မှာလက်ရာကျန်ရစ်ခဲ့သည်။ ပံုမှန်ဆိုရင် အဲ့တာက ရှောင်ယွီအန်းကိုဒေါသထွက်စေဖို့ လုံလောက်နေပြီဖြစ်သည်။ မင်ရှုကဘာလို့ သူအင်္ကျီအဖြူတွေအကုန်လုံးကို လိုက်ဖျက်စီးတဲ့ပုံပေါက်နေရတာလဲ? ဒီရက်ပိုင်းတွေမှာ ရှောင်ယွီအန်းအင်္ကျီအဖြူဝတ်ပြီး အိမ်ကထွက်လာတိုင်း အဲ့ဒီအဖြူရောင်ချည်သားပေါ်မှာ လက်ရာတွေတသီတတန်းနဲ့ အိမ်ပြန်လာရသည်။

ဒါပေမယ့် ပထမနေရာရသွားတာက ရှောင်ယွီအန်းကို စိတ်ပျော်ရွှင်နေစေပြီး သူကလည်း မင်ရှုလောက်တောင်သန့်ရှင်းမနေ‌ပေ။ မင်ရှုရဲ့လက်တွေကသာ ညစ်ပတ်နေတာဖြစ်ပေသည်။ သူကအဖြူရောင်ပိုလိုရှပ်နဲ့ လည်စည်းဖဲပြားကိုဝတ်ဆင်ထားက သူ့ပေါ်မှာဖုန် ဒါမှမဟုတ် အညစ်အကြေး တစ်စက်တောင်မှရှိမနေပေ။ ဒါပေမယ့်ရှောင်ယွီအန်းကတော့ ချွေးတွေနဲ့စိုရွှဲနေတာဖြစ်ပြီး သူမင်ရှုကိုပွေ့ချီလိုက်တဲ့အခါမှာ ချွေးတွေကပေကျံကုန်သည်။

အဲ့တာကြောင့်ရှောင်ယွီအန်းက မင်ရှုရဲ့ညစ်ပတ်နေတဲ့လက်တွေကို အဲ့လောက်ဂရုမထားတော့ပေ။ သူကပြိုင်ပွဲပြီးခါနီးတုန်းက သူကြားလိုက်ရတဲ့ 'ကောကောကမညံ့ဘူး' ဆိုတဲ့စကားကိုသာ ပိုအာရုံရောက်နေတာဖြစ်သည်။

"ကောကောက ဘယ်လိုညံ့တာလဲ?"

မင်ရှုမျက်လုံးတွေက ပန်းကန်ပြားတစ်ချပ်ကဲ့သို့ပင် ဝိုင်းစက်သွားသည်။
"ဟမ်?"

သူကသူ့ရဲ့ကောကောကို ဂုဏ်ပြုဖို့လာခဲ့တာသာဖြစ်သည်။ အဖက်ခံရဖို့မဟုတ်ပေ။ သူ့ကောကောက သူ့ကိုရုတ်တရက်ပွေ့ချီလိုက်တဲ့အခါ မင်ရှုကစိတ်ကိုမပြင်ဆင်ရသေးပေ။ သူသတိလက်လွတ်ဖြစ်သွားတာကြောင့် သေနတ်ကလက်ထဲကနေ လွတ်ကျသွားသည်။ အဲ့ဒီသေနတ်က အခုသူ့အတွက် အဖိုးတန်ရတနာဖြစ်ပေသည်။ သေနတ်ကပြုတ်ကျသွားတဲ့အခါ နာမနာတော့ မင်ရှုမသိပေမယ့် သူ့ရင်ထဲမှာတော့တော်တော်နာသည်။

တံဆိပ်နှိပ်ထားတဲ့ ရှပ်အင်္ကျီလေး(တံဆိပ်နှိပ်ထားတဲ့ ရှပ်အင်္ကျီလေး)MM TranslationWhere stories live. Discover now