အပိုင်း (၂၆၈)

169 15 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၂၆၈ )
Chapter   268         ငရဲ

ဒီအချိန်မှာတော့ ကျောက်ဖူ ဘေးနားမှာ ရပ်နေခဲ့ပြီး၊ အေးအေးဆေးဆေး ကြည့်နေခဲ့သည်။ ကစားသမား ၅၀၀၀ ရဲ့ခန္ဓာကိုယ်တွေဟာ ချည်နှောင်ခံထားရပြီး၊ သူတို့ရဲ့ ခန္ဓာကိုယ်တွေဟာ လေထဲမှာ တွဲလောင်းကျနေခဲ့ပြီး၊ သူတို့ရဲ့မျက်နှာတွေဟာလည်း နီရဲနေခဲ့ကာ သူတို့ရဲ့ခြေထောက်တွေက လေထဲကို ကန်ကြောက်နေခဲ့ကြသည်။

သိပ်မကြာခင်မှာပဲ ကစားသမား ၅၀၀၀ ရဲ့  ရုန်းကန်နေတာတွေဟာ ရပ်တန့်သွားခဲ့ပါပြီ။ သစ်တောက တိတ်ဆိတ်သွားခဲ့ပြီး၊ လေထုဟာ အတော်လေး ‌စိတ်ခြောက်ခြားဖွယ်ရာ ကောင်းနေခဲ့သည်။

ဘိုင်ချီ ဘေးမှာ စောင့်ကြည့်နေခဲ့ပြီး၊ ကျောက်ဖူက တွဲလောင်းကျနေတဲ့ ကစားသမား ၅၀၀၀ရဲ့ အလောင်းကို တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်နေတာကို မြင်တွေ့နေခဲ့ရသည်။ အဲ့ဒါကြောင့် သူ့စိတ်တွေ မတုန်လှုပ်ပဲ မနေနိုင်ခဲ့ပါဘူး။ သူ့အနေနဲ့ ကျောက်ဖူရဲ့စိတ်သဘောထားကို အပြည့်အဝ နားမလည်နိုင်သေးဘူးလို့ ခံစားလိုက်ရသည်။

“ အဆင့်အတန်းမြင့်တဲ့ အလောင်းတွေကို စုဆောင်းပါ။ အခြားအလောင်းတွေကို‌ ဒီတောင်ပတ်လည်မှာ ချိတ်ဆွဲထားပါ။ လီမူရဲ့အလောင်းကိုတော့ ရှေ့ဆုံးမှာ ချိတ်ဆွဲထားပါ။ သူတို့က မဟာ ချင်ကို ဒီလိုလုပ်မယ်လို့ ပြောခဲ့ပြီး၊ မဟာ ချင် ရဲ့လမ်းကြောင်းကို ဖျက်ဆီးပစ်ချင်ခဲ့ကြတယ်”

ကျောက်ဖူ ပြောလိုက်ပြီး၊ ပေါ့ပေါ့ပါးပါး
ရယ်မောနေခဲ့သည်။

ဘိုင်ချီ ကျောက်ဖူရဲ့အမိန့်ကိုလိုက်နာပြီး၊ သူ့လူတွေကို စေ့စပ်သေချာစွာ လုပ်ဆောင်ခိုင်းခဲ့သည်။ သူ့စစ်သည်တွေကို မဟာ ရှန်းမြို့ ပတ်လည်မှာ ရှိနေတဲ့ တောင်တွေမှာ အလောင်း ၅၀၀၀၀ ကို ချိတ်ဆွဲဖို့ စီစဉ်‌ခိုင်းခဲ့ပါတယ်။ ဒီအခြေအနေကြောင့် ဒီတောင်တွေနဲ့  တောအုပ်တွေတောင် သူတို့ရဲ့ ရှင်သန်မှုတွေအားလုံး ဆုံးရှုံးသွားခဲ့ပုံပါပဲ။ ဒီထိတ်လန့်ခြောက်ခြားဖွယ် အနေအထားကြောင့် တောရိုင်းတိရစ္ဆာန်တွေ၊ ငှက်တွေနှင့်ပိုးမွှားတွေတောင် သေခြင်းရဲ့ အငွေ့အသက် အရှိန်အဝါတွေကြောင့် ဒီနေရာကို မလာရဲကြတော့ပါဘူး။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၂)Where stories live. Discover now