၃၂။ ဟေးချုံရှင်း၏ အိပ်မက်ဆိုး။
လီရှင်းဝိန်ရဲ့စကားအဆုံးမှာ လူအုပ်ကြီးတစ်ခုလုံး စက္ကန့်ပိုင်းလောက် ဆိတ်ငြိမ်သွားတယ်။
မရှေးမနှောင်းမှာတော့ _
မိုးပွင့်မတတ် စူးစူးဝါးဝါး အော်ဟစ်သံတွေ ညံထွက်လာတယ် !
ရေကူးကန်ထဲကလူတွေတောင် ဘာများဖြစ်နေပါလိမ့်လို့ အံ့ဩပြီး စူးစမ်းလိုဟန် ကြည့်လာကြတယ်။
မိန်းကလေးတွေအားလုံးက စိတ်လှုပ်ရှားလွန်းလို့ နှုတ်ခမ်းတွေအုပ်ထားကြပြီး၊ ယောက်ျားလေးတွေကတော့ မစာမနာ ကြိတ်ရယ်ကြတယ်။
ဟေးချုံရှင်းက အရင်ဆုံးတုံ့ပြန်သူပါ။ အလိုမကျတဲ့မျက်နှာနဲ့ စားပွဲကိုရိုက်လို့ ဒေါသတကြီး ပြောတယ်။
" မရဘူး ! ကျွန်တော် ကန့်ကွက်တယ် ! တစ်ခြားဟာ လုပ်ခိုင်း ! !"
" ဘာလို့ ပြောင်းရမှာလဲ ? ! ဘာပဲနေနေ ပါပါ့မယ်လို့ သဘောတူထားပြီးသားလေ !"
" လုပ်လိုက်၊ လုပ်လိုက်။ ဒီတစ်ခုပဲ လုပ်လိုက်။ မမရှင်းဝိန်တို့က တော်သပဟေ့ !"
" ဟားဟားဟားဟား..... ချယ် ရီ သီး စား၊ ချယ် ရီ သီး စား !"
လူတိုင်းက သံပြိုင်ဟစ်အော်ကြတယ်။
လင်းရုန် အေးခဲသွားတယ်။ နင်ယန်လည်း အေးခဲသွားတယ်။ နှစ်ယောက်လုံး မျက်နှာတွေ တဖြေးဖြေး နီသွေးလာကြတယ်။
" ကတိဖျက်ခွင့်မရှိဘူးနော် ! "
" မြန်မြန်ရွေးလိုက် !"
" ငါလုပ်ပေးမယ် ! ငါ့ကိုရွေး၊ ငါ့ကိုရွေး၊ ငါ့ကိုရွေး ! "
" ဟား ဟား ဟား ဟား ! "
ဆူညံသံတွေကြားမှာ လီရှင်းဝိန်က လှမ်းနောက်တယ်။
" ဘာလဲ၊ မလုပ်ရဲဘူးလား?"
အမြီးကုပ် ခေါင်းငုံ့လုပ်ပြီး ရှောင်ထွက်သွားချင်လည်း ရပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်လိုက်ရင် အရမ်းသူရဲဘောကြောင်ရာ ကျသွားလိမ့်မယ်။ ဒီလိုမျိုးတော့ ဘယ်သူမှ အဖြစ်မခံမှာမဟုတ်ဘူး။
နင်ယန်ရဲ့မျက်လုံးတွေက စိတ်ရှုပ်ထွေးမှုကြောင့် ချာလပတ်ရမ်းနေပြီ။ သူ့နှလုံးကလည်း လည်ချောင်းကနေ ခုန်ထွက်ဖို့ အဆင်သင့်ဖြစ်နေသလိုပဲ။ သူ့အတွေးထဲမှာ ဒီစကားတွေနဲ့ပဲ ပြည့်နေတယ်.... လီရှင်းဝိန် ! လီရှင်းဝိန် ! မင်းတော့ သေပြီ ! !တကယ် သေပြီ ! ! !
YOU ARE READING
After Being Turned Into a Dog [Translation - U+Z]