part 24

4.4K 260 3
                                    

မိုးရဲ့ဆိုင်သစ်ဖွင့်ပွဲနေ့ မနက်အစောပိုင်းမှာတော့ သံဃာ၃ပါးပင့်ကာ တရားနာဖြစ်ပြီး နေ့ပိုင်းမှာတော့ ဆိုင်မှာလာရောက်အားပေးသူတွေ အရမ်းများနေသည်။မိုးကဆိုင်သစ်ဖွင့်ပွဲအထူးdiscountနေနဲ့ကိတ်နဲ့ဘာမုန့်ပဲယူယူ30%လျော့ပေးထားတာဖြစ်သည်။ပြီးတော့ လာရောက်အားပေးသူတိုင်းကို မိုးရဲ့လက်ရာ ပန်းစည်းလှလှလေးတွေလဲလက်ဆောင်ပြန်ပေးဖြစ်သေးသည်။

မိုးလက်မလည်အောင်ဖြစ်နေတာကြောင့် မိုးသူငယ်ချင်းယမင်းနဲ့သော်ဇင်အပြင် တစ်ဖက်ဆိုင်ကမမကပါလာပြီးကူရောင်းပေးနေလေသည်။ဆိုင်မှာလူရှင်းသွားတော့မှ မိုးသက်ပြင်းချမိသည်။

"မိုး ပင်ပန်းသွားပြီလား"

"ဟင့်အင်း မမရှိနေတာပဲမိုးကပင်ပန်းစရာလား  မမကမိုးရဲ့vitaminလေ"

မိုးကသူမခါးကိုဖက်ကာ ပြောလာတော့ လရိပ်ပြုံးလိုက်မိသည်။

"မမပင်ပန်းသွားပြီ "

"မပင်ပန်းပါဘူးကလေးရဲ့"

"ဟဲ့ အမလေး ငါတို့လဲနင့်ဆိုင်မှာကူပေးနေတာလေ သူ့မမပဲမြင်တယ် ငါတို့ကျတော့မပင်ပန်းဘူးလား"

ယမင်းက မျက်နှာကြီးမဲ့ကာပြောလာသည်။သော်ဇင်ကတော့ ဘာမှမပြောရှာပေ။

"တူသလားဟဲ့ ကောင်မရဲ့ မမကငါ့ချစ်သူလေ နင်တို့ကငါ့ချစ်သူမို့လို့လား"

"အောင်မာ နင်အခုတော့ဒီစကားပြောပြီပေါ့ ဒေါ်ချယ်ရီမိုး နင့်ဆိုင်ဖွင့်ပွဲဖြစ်မြောက်ဖို့အတွက် ငါနဲ့သော်ဇင်ဘယ်လောက်အပင်ပန်းခံပြီးလုပ်ပေးထားရလဲ ပြီးတော့ဆိုင်သစ်ဖွင့်ပွဲအတွက်လဲကြော်ငြာပေးရသေးတယ်"

"အေးပါဟာ ငါသိတယ်ငါ့သူငယ်ချင်းတွေငါ့ကိုချစ်လို့အပင်ပန်းခံကူညီထားကြတာကိုကျေးဇူးမမေ့ပါဘူးဟာ နင်တို့ကိုရှယ်ပြုစုပါ့မယ်နော် ဟိုဘက်ကငါ့မမဆိုင်မှာနင်တို့ကြိုက်တာစား တစ်ဆိုင်လုံးကုန်အောင်စားနိုင်ရင်လဲစား ဟုတ်ပြီလား"

"အင်း ဟုတ်သားပဲညီမတို့ဗိုက်ဆာနေကြတော့မှာပဲ လာတို့ဆိုင်လိုက်ခဲ့ ‌ပိုက်ဆံရှင်းစရာမလိုဘူးနော် ညီမတို့ကမမရဲ့မိုးလေးကိုအပင်ပန်းခံကူညီပေးထားကြတာဆိုတော့"

ကံကြမ္မာစေရာDär berättelser lever. Upptäck nu