II

996 124 65
                                    

ZAWGYI

ညောင်းကိုက်နေတဲ့ လက်ချောင်းလေးတွေကို ကျန်လက်တစ်ဖက်နဲ့ဖိရင်း Jeonတစ်ယောက် ခေါင်းကိုဘယ်ညာ ယမ်းခါလိုက်သည်...

စာလုပ်ရတဲ့ ဒုက္ခကလည်း တမျိုးပင်ပန်းလွန်းပါ၏...ယူထားတဲ့ မေဂျာကလဲ တကယ့်စာအရေးရဆုံးဆိုတော့ လက်ဖျားတွေပင် ထုံကျဉ်နေပြီလေ...

ဒီကြားထဲ ပြိုင်ပွဲအတွက် လုပ်ရတဲ့ စာတွေကလဲ အများကြီး...တော်​သေးတာပေါ့...သင်ပေးတဲ့ ပါမောက္ခက စိတ်ရှည်ပြီး နားလည်လွယ်အောင် သင်တတ်လို့...

''Jungkookieeee''

မျက်လွှာကိုချလို့ သူခေါင်းခါမိလေ၏...ဗရုတ်လာကျမဲ့ နှစ်ကောင်ကို အလိမ္မာနည်းနဲ့ နှင်ထုတ်နိုင်ဖို့ ဇာတ်လမ်းဆင်ရဦးမည်...

''Jungkookie...လွမ်းနေတာ...''

''ဟေ့ရောင်တွေ...ဖယ်စမ်း...''

အနားရောက်တာနဲ့ ပွတ်သီးပွတ်သပ် လာလုပ်ကြသူတွေကို တွန်းထုတ်ရင်း သူစာအုပ်ကို ကောက်ကိုင်လိုက်သည်...

''ငါ့အိမ်ကို ဘာလာလုပ်ကြပြန်တာလဲ...စာလုပ်နေတယ်...မအားဘူးနော်...''

သူ့စကားအဆုံး မဲ့ရွဲ့သွားကြသော Jiminနဲ့ Hobiကိုကြည့်ကာ ရယ်ချင်စိတ်ကို ထိန်းလိုက်ရသည်...

''မင်းကလဲ အချိန်ပြည့်စာပဲ...ငါတို့အဲ့စာကို မနာလိုတော့ဘူးနော်...မေဂျာအတူတူတက်လို့ရရဲ့သားနဲ့ အဲ့စာကြောင့်ပဲ မင်းငါတို့ကို ပလစ်သွားတာ...''

Hobiစကားအဆုံး သူအသာပြုံးရင်း စာရေးနေတာကိုရပ်ပြီး သူ့ကုတင်ပေါ်မှာ ထိုင်နေကြတဲ့ သူငယ်ချင်းနှစ်ယောက်ဘက်သို့ လှည့်လိုက်သည်...

''စိတ်မ​ကောက်ကြပါနဲ့ကွာ...ငါ့အကြောင်းလဲ မင်းတို့သိရဲ့သားနဲ့ဟာ...ကဲ...ဒါဆိုလဲ အခုအပြင်ကို မုန့်သွားစားကြမယ်...လမ်းထိပ်ပဲနော်...''

''Yayy...''

နှစ်ယောက်သား ထခုန်ပြီး သူ့လက်မောင်းနှစ်ဖက်ကို တစ်ယောက်တဖက်ဆီ ချိတ်ဆွဲလာကြတာကြောင့် မနိုင်သလို လွှတ်ထားရင်းသာ လမ်းထိပ်သို့ မုန့်စားဆိုပြီး ထွက်ခဲ့လိုက်ကြသည်...

တစ်ခုကောင်းသည်က သူတို့လမ်းထိပ်မှာ Cafeဆိုင်လေးရှိသည်မို့ ဝေးဝေးလံလံ သွားစရာမလိုခြင်း...ထိုCafeလေးက အပြင်အဆင် ရိုးသည့်အပြင် ကိတ်နဲ့သောက်စရာ မှန်သမျှကလဲ အရသာကောင်းတော့ သူ့အကြိုက်ပေါ့...

ချာတိတ်သည်သာလျှင်//ချာတိတ်သည်သာလျှင် [COMPLETED]Where stories live. Discover now