ဒီဒီး အိပ်ရာကနိုးလာတော့ ပူကျစ်နေတဲ့ ကိုယ့်ခန္တာကိုယ် ကို ကြည့်ပြီး သက်ပျင်းသာချလိုက်မိတော့တယ် မနေ့ညက သူနဲ့ ဒီဒီး အကြီးအကျယ်စကားများကြတယ်။
သူတို့ ခရီးပြန်ရောက်တော့ ဒီဒီးနဲ့ သူနဲ့ မတွေ့ဖြစ်ကြဘူး သူလဲရှောင်ချင်တာနဲ့ ကျောင်းမ သွားပဲ နေနေမိတယ် သူ့ကိုယ်သူပြန် ဆန်းစစ်ချင်လို့ အညိုကိုတော့ ခွင့်တိုင်ခိုင်းထားပါတယ်။
သူ့ကိုယ်သူ ဒီဒီးကို ချစ်မိနေပြီဆိုတာ သိတော့ ပိုပြီး စိတ်ညစ်မိတယ် ဟုတ်တယ်လေ ဟိုက သူနဲ့သာအိပ်သာ သူ့ကိုချစ်လို့မှမဟုတ်တာ ပြီးတော့ နှင်းလဲရှိသေးတယ် ကျန်းမာရေး မကောင်းတဲ့ သူငယ်ချင်းကိုတော့ သစ္စာ ထပ်မဖောက်ချင်တော့ဘူး ဘယ်လောက်ပဲ ကိုယ့်စိတ်ကပြောင်းပြောင်း သူ့ကိုချစ်မိတဲ့စိတ်ကို စိတ်ထဲမှာပဲ ထားဖို့ဆုံးဖြတ်လိုက်တယ်။
အဲ့တာ မနေ့ညက ဒီဒီးက သူ့စီရောက်လာတယ် သူလဲ အပြတ်ပြောလိုက်တယ် ဒီဒီးကစိတ်တိုပြီး သူ့ကို ကိုပြည့်နဲ့ စွတ်စွဲ တယ် ။ သူလဲ အရမ်းစိတ်တိုလို့
"ငါ့ဟာငါ ကိုပြည့်နဲ့ ကြိုက်ကြိုက် မင်းနဲ့ ဘာဆိုင်တုန်း မင်းသာ နှစ်ဖက်ခွချင်နေတာ ဟိုဘက်လဲမပြတ်နိုင် ဒီဘက်လဲလက်မလွှတ်နဲ့"
လို့သူ့မျက်နှာတည့်တည့်ကြည့်ပြီးတော့ ပြောပစ်လိုက်တယ် ဒီဒီးက ဒေါသတွေထွက်ပြီးတော့ စိမ့်လည်ပင်းပေါ်သူ့လက်ကိုတင်ပြီးတော့ ထိုးမလို့လက်ရွယ်တော့ စိမ့်လဲ မျက်စိမှိတ်လိုက်ပြီးတော့
"ထိုးလေ မင်း..."
"ကျစ် စိမ့်မင်းကွာ..."
"ဘာလဲ ထိုးစမ်းပါ ငါလဲ ယောင်္ကျားပဲ ခံနေမယ်ထင်လား"
"....."
"ထိုးလေ မင်းငါနာကျင်တာကြိုက်တယ်ဆို"
"ငါ.....ငါကမင်း အိပ်ရာထဲမှာ ငါကြောင့်နာကျင်တာပဲ
ကြိုက်တာပါဟာ"သူ့အဲ့လိုပြောပြီး စိမ့်လည်ပင်းကသူ့လက်ကိုလွှတ်လိုက်ပြီးတော့ စိမ့်ကိုကြည့်ပြီးတော့
"ငါသွားမယ် ငါစိတ်ကိုငါသိတယ် မင်းနဲ့ကိစ္စတွေ အားလုံးငါ စီစဉ်ပေးမယ် စိတ်ချထား ကိုပြည့်နဲ့သာ မပက်သက်နဲ့ ငါပြောထားရဲ့သားနဲ့ ပက်သက်ရင် မင်းကော သူကောကို မလွှတ်ပေးဘူးနော် မင်းငါစိတ်သိပါတယ်"
YOU ARE READING
သူငယ်ချင်းထက်ပိုမိသောအခါ ⛔️
RomanceOngoing #BL 18+ ⛔️ တွေ ပါလို့ ၁၈ယောက်စုဖတ်ပေးကြပါ ငယ် သူငယ်ချင်း နဲ့ အိပ်မိသွားသော်လဲ ချစ်လားမချစ်လားမသိတဲ့ကောင်လေးရယ် ရည်းစားရှိပြီး ပင်မဲ့ ငယ်သူငယ်ချင်းနဲ့ မှအိပ်မိသွားသောကောင်လေ နှစ်ယောက်ကြားက သံယောဇဉ် ချစ်ခြင်းတွေကို အကြောင်းရေးထားတာပါ ရည်းစ...