ရမ်ကနေည၁၂ထွက်ခဲ့ပြီးလေယာဉ်၁၀နာရီ
စီးပြီးသည့်နောက်မှာတော့စတားလစ်ရှ်
နိုင်ငံကိုရောက်ရှိခဲ့သည်။တစ်လမ်းလုံးလည်းဂျောင်ကုနဲ့နမ်ဂျွန်း
မှာမအိပ်နိုင်ကြပါ။နန်းတော်မှာကျန်ခဲ့သည့်ထယ်ယောင်း
ကိုသာစိတ်ပူနေကြသည်။နမ်ဂျွန်းအတွက်အချစ်ရဆုံးညီငယ်လေး
ဆို၊ဂျောင်ကုအတွက်ကအချစ်ရဆုံးကြင်
သူလေးမှတ်လား။"ဟိုတယ်မှာပြန်နားမလားဘုရင်"
"ငါ့ကြင်ယာတော်ကသေရေးရှင်
ရေးဖြစ်နေတာကိုငါကနားရအုံး
မှာလား!!!!!"မျက်နှာနီရဲကာဟိန်းခနဲထွက်လာ
သည့်အသံကဘယ်လောက်ဒေါသ
ထွက်နေသလဲဆိုတာမြင်နိုင်သည်။မှူးမတ်တစ်ယောက်ကဂျောင်ကုကို
လာမေးလာသည်မို့စိတ်ကထောင်းခနဲ
ဖြစ်သွားရသည်။ညီလေးလိုချစ်ရတဲ့မင်ဝူးကဂျက်စမင်
ကိုလုပ်ကြံခဲ့သည်မို့အသေသတ်ပစ်
ချင်သည်ကထိန်းမရကာတစ်လမ်းလုံး
ဒေါသထွက်နေရသည်။ဂျက်စမင်လေးအသက်ကပိုအရေးကြီး
သည်မို့အကျဉ်းသာချထားစေခဲ့တာ။ပြန်ရောက်မှဂျက်စမင်လေးခံစားရ
သလိုပြန်ခံစားရအောင်လုပ်မည်
ဖြစ်သည်။ဒီကိုယ်တော်ကိုထိခိုက်ရင်တောင်
ခွင့်လွှတ်နိုင်သေးပေမယ့်ဂျက်စမင်
ကိုထိခိုက်ရင်တော့ဘယ်တော့မှ
ခွင့်လွှတ်မည်မဟုတ်ပါ။ပြစ်ဒဏ်ကတစ်ခုတည်း
သေဒဏ်သာ။ဒါကိုဒီမှူးမတ်အလိုက်မသိဘဲနား
ရန်ပြောနေသည်။ဂျက်စမင်ကသေရေးရှင်ရေးဖြစ်နေ
တာကိုဒီကိုယ်တော်ကဘယ်လိုစိတ်
နဲ့နားရမှာလဲ။"ဂျောင်ကုစိတ်လျှော့!
အခုစတားလစ်ရှ်နန်းတော်ကိုပဲ
အရင်သွားကြမယ်ခွင့်ပြုချက်
တောင်းဖို့ကအရေးကြီးတယ်"နမ်ဂျွန်းကဝင်ပြောမှသာအဆင်ပြေ
တော့သည်။ဂျောင်ကုကလည်းစိတ်ကိုအနည်း
ငယ်လျှော့သွားလေသည်။နမ်ဂျွန်းလည်းဂျောင်ကုကိုကြည့်ပြီး
သက်ပျင်းချမိသည်။သူ့ညီငယ်လေးကိုဂျောင်ကုကသိပ်
ချစ်တာတွေ့ရတော့ဝမ်းသာမိပေ
မယ့်သတိမေ့နေဆဲညီငယ်လေးကို
ပြန်တွေးမိတော့စိတ်ပူကာစိုးရိမ်
လာမိသည်။
YOU ARE READING
♕︎ Jasmine Of King ♕︎√
Fanfictionကိုယ်တော့်ဂျက်စမင်ကိုကိုယ်တော်ကသိပ်မြတ်နိုးတာ.. //Completed//