အခန်း (999 & 1000)

580 67 0
                                    

အခန်း (၉၉၉) : ကောင်းမွန်တဲ့ အချစ်ဇာတ်လမ်းတိုင်းရဲ့အစမှာ မွှေတဲ့သူ တစ်ယောက်တော့ရှိတာပဲ

“ အရူးလေး” ဂူမန်မန်က ခပ်ဖွဖွရယ်ကာ ပြောလိုက်သည်

“ ရှင်က နှလုံးသားတစ်ခုလုံးကို ကျမဆီပေးထားတာပဲလေ။ အဲ့ဒါက ပြီးပြည့်စုံတဲ့ ချစ်ခြင်းတစ်ခု ဖြစ်နေပါပြီ…..ဒီလောက်ပဲလား ဆိုတာမျိုး မဖြစ်နိုင်ပါဘူး”

ဂူမန်မန်က ခေါင်းကို တဆတ်ဆတ် ညိတ်ကာ အဲလ်ဗစ်ကို မော့ကြည့်လိုက်သည်။

လရောင်ကလည်း နွေးထွေးလှသလို သူ့ရဲ့အပြာရောင်မျက်လုံးတွေကလည်း လရောင်နဲ့ ပနံသင့်နေသည်။

“ ယောက်ျား ကျမတို့ ပထမဆုံးတွေ့တုန်းက ရှင်ကျမကို စိတ်ဆိုးတယ်လို့ ပြောတာကို မှတ်မိသေးတယ်။ ကျမက မတော်တရော်တွေ ဝတ်ထားပြီး အဲ့ဒီပုံစံကို တစ်ခြားသူတွေ မြင်သွားလို့ဆိုပြီး စိတ်ဆိုးနေတာလေ…..” ဂူမန်မန် အဲ့ဒီအကြောင်းကို ပြန်တွေးပြီး မရယ်ပဲ မနေနိုင်ပေ။ သူမ ဆက်ပြောလိုက်သည်

“ ဒါပေမဲ့ စိတ်တိုတာကလွဲပြီး ဘာမှမပြောခဲ့တော့ ရှင် အဲ့ဒီတုန်းက ကျမကို ကြိုက်ခဲ့လား”

“ ကိုယ်သာ မင်းကို မကြိုက်ခဲ့ရင် ဘယ်လိုလုပ်ပြီးတော့ စိတ်တိုမှာလဲ” အဲလ်ဗစ်က ပြောပြီးနောက် ဂူမန်မန်၏ နှုတ်ခမ်းပေါ် အနမ်းခြွေလိုက်သည်။

ထို့နောက် အဲလ်ဗစ်က မေးလိုက်သည်

“ မင်းရော ဘယ်လိုလဲ။ ကိုယ်တို့ စတွေ့တုန်းက ကိုယ့်ကို ကြိုက်ခဲ့လား”

ဂူမန်မန်က ရှက်ပြုံးလေးပြုံးကာ ဖြေလိုက်သည်

“ ကျမ ရှင့်ကို စတွေ့တုန်းက ကောင်းကင်ဘုံကနေ ကျမကို တိုးတိုးလေး ပြောလိုက်သလိုပဲ ဒီလူက မင်းအတွက်ပဲ ဆိုပြီးတော့လေ။ ဒါပေမဲ့ ရယ်စရာကောင်းတာက ကျမက ရှင့်ကို အိပ်မက်ထဲကလူလို့ ထင်နေတုန်းပဲ။ ရှင့်လိုမျိုး ပြီးပြည့်စုံတဲ့သူဆိုတာ တကယ်ရှိမယ်လို့ ကျမ မထင်ခဲ့ဘူး။ အဲ့တာနဲ့ ကျမ ရှင့်ကိုနမ်းပြီးတော့ တာဝန်မယူနိုင်ဘူးဆိုပြီးတော့ ပြောလိုက်တာ။ ကျမ အတော်လေး မွှေခဲ့တာပဲနော်”

အလှလေး ရှောင်မန် ( 995 -1394 )Where stories live. Discover now