Chapter-6(တွေ့ဆုံခြင်း)

5.3K 243 3
                                    

Unicode Ver
(6)တွေ့ဆုံခြင်း

Samurai sushi ဆိုင်ထဲဝင်လာတဲ့မိန်းကလေးတစ်ဦး
ဆိုင်က၂ထပ်ရှိပြီးအပေါ်ကနေအောက်ကိုမြင်နိုင်တဲ့ပုံစံမျိုးရှိတယ်(#ထပ်ခိုးသဘောမျိုးပြောတာပါ)

"ကြိုဆိုပါတယ် ရှင်"
"ဘယ်နှစ်ခုံစာလိုချင်ပါလဲရှင်"

"ကြိုချိန်းထားတာပါ..ဒေါ်ယုယနွယ်နာမည်နဲ့ပါ"

"ဒီဘက်ကိုကြွပါရှင်..."

ပိုးပိုး စားပွဲထိုးမလေး ပြရာနေရာမှာထိုင်လိုက်တယ်
'နေရာကောင်းလေးပဲ အပြင်ကိုလဲမြင်ရတယ်'

"ဘာမှာမလဲရှင့်"

"လောလောဆယ်ရေတစ်ခွက်ပဲချပေးပါ...လူတစ်
ယောက်ကျန်သေးလို့"

အပြင်ဘက်ကိုငေးကြည့်မိတယ် သူမပြန်ရှင်သန်လာတာ၁၀ရက်ရှိပြီ နေ့ရက်တိုင်းကတော့ပုံမှန်လည်ပတ်
နေတာပါဘဲ ကျောင်းကလူတွေလဲသူမကို အရင်ကထက်ပိုအလေးပေးလာကြတယ် အိမ်ကလူတွေနဲ့လဲအဆင်ပြေလာတယ် အိမ်ကစီးပွါးရေးကိစ္စတွေလဲအရင်ကလိုမဖြစ်လာနိုင်တော့ဘူး မပြောင်းလဲသေးတာကတော့ သူ့ကို မမေ့နိုင်သေးတာတစ်ခုပဲရှိတယ်

အိမ်ကလူတွေကလဲသူမကသူ့ကိုမကြိုက်တော့ပါဘူးလဲဆိုရော blind date တွေ့ဖို့စီစဉ်ပေးကြတယ်
ဘယ်သူဆိုတာသိနေတော့လဲ သူမလဲတွေ့ဖို့ခေါင်း
ငြိမ့်လိုက်တော့တယ်လေ

"ပိုး......ရောက်နေတာကြာပြီလား"
"ကိုယ်နောက်ကျသွားရင် Sorry ပါကွာ"

"ကိုဦး မနောက်ကျပါဘူး ပိုးကစောနေတာပါ "

"ဘာလို့ရေပဲမှာထားတာလဲ တစ်ခုခုမှာလိုက်တော့လေ...waiter"
"ပိုးပိုးဘာစားမလဲ အားမနာနဲ့နော် ကိုဦးကျွေးပါ့မယ်"

"ကဲ ကိုဦးပြောနေမှတော့ မငြင်းတော့ပါဘူးရှင်......
အမကို sushi set 1 ပွဲလတ်ပေး ...ကိုဦးရော"

"အကို့ကိုလဲ အဲ့တာပဲပေးပါ"
"ပိုးအခုတလော ကုမ္ပဏီမှာ ဝိုင်းကူပေးနေတယ်ဆို
ကို့ကို အန်တီလေးပြောတယ်"

"နည်းနည်းပါးပါးဘဲကူတာပါ "
"ကဲကိုဦး...လက်ကိုပဲဖိမနေနဲ့ လက်လဲကျိုးသွားအုံးမယ် ပြောစရာရှိတာပြောပါ"

မေ့မရနိုင်သူWhere stories live. Discover now