Part 77 (Z)

4.6K 156 30
                                    

Nyi Minn Thwin

မျက်နှာထားကတည်တင်းမာကျောနေပြီးမျက်ထောက်နီကြီးနှင့်တစ်ချိန်လုံးကြည့်နေသောအမိုးအရှေ့တွင်အသက်တောင်ရဲရဲမရှူရဲတော့ပါ။

စစ်ဘေးနားတွင်ထိုင်ပြီးအရိပ်တကြည့်ကြည့်နှင့်ပြုစုယုယပေးချင်ပါသော်လည်း အခန်းထဲကိုရောက်လာကတည်းကကျွန်တော့်ကိုတွန်းလွှတ်ပြီးကုတင်နားတောင်အကပ်မခံတော့သည့်အမိုးကြောင့်ခပ်လှမ်းလှမ်းတွင်ခုံကလေးနှင့်ထိုင်လို့နေရ၏။

စစ်အိပ်နေသောကုတင်ပေါ်တွင်တင်ပလွှဲဝင်ထိုင်ရင်းလက်ကလည်းမွှေးပွဝတ်ကလေးနှင့်သန့်ရှင်းရေးလုပ်ပေးနေသည့်အမိုးကနဖူးလေးကိုလည်းမကြာမကြာစမ်းကြည့်နေပြီး နှုတ်ကလည်းတော်ပါသေးရဲ့ အဖျားကျသွားလို့ပြောလိုက်တဲ့အသံကြားလိုက်မှမီးတောက်မတတ်ပူလောင်နေသောရင်ကမဆိုသလောက်လေးအေးငြိမ်းသွားရ၏။

"အမိုး"

"ဘာလဲ ဘာလဲ၊ ပါးစပ်ကိုပိတ်ထားလို့ပြောထားတယ်နော် ဘာမှလာမပြောနဲ့"

"အမိုးကလည်းဗျာ...ဆေးကုန်တော့မယ်လေ အဲ့တာအပ်လာဖြုတ်ပေးမယ်လို့ပြောမလို့ပါ"

"အဲ့တာဆိုလည်းလာဖြုတ်၊ ပြီးရင်ခပ်ဝေးဝေးသွားနေစမ်းပါ၊ ငါ့မျက်စိရှ့်အောက်မှာလာမနေစမ်းပါနဲ့၊ မင်းကို​မြင်နေရရင်ဒေါသဖြစ်လွန်းလို့ပါဖိုးခွားရဲ့"

အသံတွေတုန်မတတ်ဂရုဏာဒေါသောတွေဖြစ်နေတဲ့အမိုးကအခုအချိန်ထိစိတ်တွေကိုလျော့မချနိုင်သေး။ လက်ညှိုးကြီးတထိုးထိုးနှင့်အခန်းပြင်ကိုထွက်ခိုင်းနေပြန်တော့မျက်နှာကိုအောက်ငုံ့ချလိုက်ရင်း...။

"အမိုးကလည်း..."

"ဘာအမိုးကလည်းလဲ မင်းနော်...မင်း၊ ငါပြောလိုက်ရမကောင်းရှိတော့မယ်"

ပြောလိုက်ရမကောင်းလို့ပေပါပဲ၊ ရောက်ကတည်းကစစ်ကိုပျာပျာသလဲဝင်ကြည့်ပြီး လူကိုဧည့်ခန်းထဲဆွဲခေါ်သွားပြီးသမထားတာများအရှိုးရာအထပ်ထပ်နဲ့ပါဗျာ။

ကိုယ့်အ​ပြစ်နှင့်ကိုယ်ဆိုတော့လည်းအမိုးရိုက်သမျှကျိတ်ခံခဲ့ရတာပေါ့။ အသားနာတာရောအသည်းနာတာပါပေါင်းလို့ အော်အော်ပြီးငိုမိလိုက်ခြင်းမှာမျက်ရည်တွေကလည်းငုံးဥလောက်ကျဆင်းကုန်၏။

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now