"ငါ့မြေးက ဒီဝတ်စုံလေးနဲ့တအားချစ်ဖို့ကောင်းတာပဲကွယ်၊ ဒီဘက်ကိုလှည့်ပါဦး၊ ဒီမှာ မြေးအတွက် လည်ဆွဲလေး ဖွားယူလာတယ်၊ ဒီအရောင်လေးဝတ်မယ်ဆိုကတည်းက ဖွားရွေးထားတာ''
ဘယ်အရောင်တွေ၊ ဘာတွေဝတ်မယ်ဆိုတာလည်း ရာဘာမှမသိလိုက်။
ဖွားကိုမတိုင်ပင်ပဲ သူ့ဘာသာလုပ်နေသည်ဟုထင်လိုက်ပေမဲ့ ဘယ်အချိန်ကတည်းက ဖွားနှင့် အချိတ်အဆက်မိပြီးလုပ်နေကြသည်မသိ။
အခုမှ ဖွားကို ဘာမှမမေးမစမ်းပဲ ဘာသိဘာသာနေမိတာကိုနောင်တရမိသည်။
"ဖွား''
ရာ ပြုံးပျော်ရွှင်နေတဲ့ဖွားရဲ့မျက်နှာကိုကြည့်ပြီး အသာခေါ်လိုက်သည်။ သူ့ကို မိုးပြာရောင်ကျောက်လည်ဆွဲလေးဝတ်ပြီး လက်သူကြွယ်မှာ လက်စွပ်ဝတ်ပေးနေရင်း ဖွားက သူ့ကိုမော့ကြည့်သည်။
"တကယ်ရောအဆင်ပြေလို့လားဖွား၊ သူက ကျွန်တော့်ကိုမိန်းကလေးလို့ထင်နေတယ်၊ နောက်မှ...''
"ဖွား အဆင်ပြေပါတယ်၊ ငါ့မြေးကိုလည်း ဖွားအားနာတယ်၊ ဒါပေမဲ့ ငါ့မြေးရယ်...ဖွား မြေးကိုတကယ်စိတ်မချဘူး''
"ဖွားက တကယ်ပဲကျွန်တော့်ကို သူနဲ့မှစိတ်ချမယ်ဆို ဒီလိုပတ်သက်မှုမျိုးနဲ့ချည်နှောင်စရာမလိုပါဘူး ဖွားရယ်၊ တခြားနည်းလမ်းတွေ...''
"ဟင့်အင်း၊ ဖွား မင်းကို ဘယ်လိုမှစိတ်မချနိုင်တာ၊ မြေးမသိလို့၊ မောင်ခွန်သာက တကယ်အားကိုးထိုက်တဲ့လူငယ်တစ်ယောက် မြေး၊ အကြောင်းစုံကိုသိသွားရင်တောင် သူ မင်းကို လက်လွတ်စပယ်ဆက်ဆံမှာမဟုတ်ဘူး''
ကိုယ့်မြေးထက်ပင် အကြောင်းပိုသိသလိုအခိုင်အမာပြောနေတဲ့ဖွားကြောင့် ရာ ပင့်သက်ရှိုက်မိသည်။
"ဒါဆို ဖွားက ကျွန်တော့်ဘက်ကျတော့ ဘာလို့လှည့်မကြည့်ရတာလဲဖွားရယ်''
ရာ ပြောနေရင်း ငိုချင်စိတ်ပေါက်လာသည်။ ဖွားက သူဖြစ်ချင်တာတွေပြောနေပေမဲ့ သူ့ရင်ထဲကခံစားချက်တွေကိုတော့ ဒီတခါ လျစ်လျူရှုထားသည်။
"ဖွားပြောပြီးပြီပဲ၊ သားကောင်းကျိုးအတွက်၊ နောက်ပြီး ဖွားစိတ်ချဖို့အတွက်...''
YOU ARE READING
My Teacher is My Husband (Completed)
RomanceCredit - Cover Photo Started Date - Oct 3, 2021